Wednesday, December 16, 2015

မဟောသဓာ ဇာတ်တော်လာ ၀ိဒေဟရာဇ် ပုတ်သင်ကဲ့သို့ အချို့သူများ၏ စိတ်ကြီးဝင် ကယောင် ကတန်း ရေးသား ပြောဆိုမှုများကြောင့် မြန်မာ့ အနာဂတ်အလှကို မပျက်စီးစေလိုကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်း ဆို


လက်ရှိအချိန်တွင် စိတ်ကြီးဝင်၍ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို မသိသော ငွေပြား(အသပြာ) လည်ပင်းတွင် ဆွဲထားခံကြရသော၊ မဟောသဓာ ဇာတ်တော်လာ ၀ိဒေဟရာဇ် ပုတ်သင်ကဲ့သို့ အချို့သူများ၏ စိတ်ကြီးဝင် ကယောင် ကတန်း ရေးသားပြုမှု ပြောဆိုမှုများကြောင့် မြန်မာတို့၏ အနာဂတ်အလှကို မဖျက်ဆီးစေလို၊ မပျက်စီးစေလိုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက သူ၏ ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
ထိုသို့သော အရေးအသား၊ အပြောအဆိုများကို ရပ်တန်းကရပ်ကြရန် ပြည်သူများက လိုလားနေကြသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၅ ရက်တွင် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

အကူးအပြောင်း ကာလအတွက် ကြီးမားသော စိန်ခေါ်မှုမှာ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ရရှိရေး ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမြင် သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု လေးစားမှု၊ နားလည်ပေးမှုများ အပြန်အလှန် ရရှိရေး တို့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးပင် ဖြစ်ကြောင်းလည်း သူကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် လူပုဂ္ဂိုလ် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ သည် အလွန် အရေးကြီးကြောင်း ၊ အချင်းချင်း အပြန်အလှန် ယုံကြည်စိတ် ချရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ တိုင်ပင်ညှိနှိုင်းမှုများ ရှိကြရမည်ဖြစ် ပြီး ထိုသို့မဟုတ်ဘဲ မတွေ့ဆုံနိုင်၊ ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်မှုများ မရှိကြလျှင် အမျိုးသား ရင်ကြားစေ့ ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး၊ ငြိမ်းချမ်းရေးတို့အတွက် မမျှော်လင့် နိုင်သကဲ့သို့ ယနေ့ကာလ အပါအ၀င် နောင်အနာဂတ် နိုင်ငံအတွက် ကောင်းလာမည် မဟုတ်ဟု ရေးသားထားသည်။

သူရဦးရွှေမန်းမှာ မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ယခင် တပ်မတော် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ( အငြိမ်းစား ) တို့ တွေ့ဆုံဆွေးနွေးရာတွင် ကြားဝင်ကူညီ ဆောင်ရွက်ပေး ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။

ယင်းတွေ့ဆုံမှုအပြီး နောက်ပိုင်းတွင် အဆိုပါ တွေ့ဆုံမှုအား အရေးမပါသည့် တွေ့ဆုံမှုလို နာမည်ကျော် ဖေ့စ်ဘုတ်လော်ဘီ သမားများ ဖြစ်သည့် ရဲမိုး ၊ မောင်မောင်အောင် တို့မှ ၄င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ခဲ့ကြပြီး သမ္မတပြောခွင့်ရ ၀န်ကြီး ဦးရဲထွဋ်မှလည်း ယင်းတွေ့ဆုံမှုမှာ ပုဂ္ဂိုလ် ရေးအရ တွေ့ဆုံမှုသာဖြစ်ကာ အစိုးရ၏ အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ် ကို သြဇာသက်ရောက်မည် မဟုတ်ကြောင်း မီဒီယာများကို ဖြေဆိုထားသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်း သူရဦးရွှေမန်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည့် ရေးသားချက်မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း တို့၏ လက်တလော တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်း စုကြည်၏ အကူးအပြောင်း ကာလဖြစ်သော ယနေ့ကာလအတွက် “ကြီး မားသော စိန်ခေါ်မှုက ဘာလဲ” ဆိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List