Thursday, December 17, 2015

ပညာရေးမူဝါဒပိုင်းတွင် ကွဲလွဲနေသည့်အချက်လေးချက်ကို NLD သဘောတူသင့်ဟု NNER တိုက်တွန်း


အစိုးရအသစ်ဖြစ်လာမည့် NLD ပါတီသည် ဒီမိုကရက်တစ်အစိုးရစစ်လျှင် ပညာရေးမူဝါဒပိုင်းတွင် ကွဲလွဲနေသည့် အချက်လေးချက်ကို သဘောတူသင့်သည်ဟု ပညာရေးစနစ်ပြုပြင်ပြောင်း လဲမှုနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER ) အဖွဲ့ဝင်များက တိုက်တွန်းလိုက်သည်။
NNER ၏ မူဝါဒတစ်ခုဖြစ်သည့် တိုင်းရင်းသားဘာသာစကားသင်ကြား ခွင့်ကို ကျောင်းအလိုက်စီမံခန့်ခွဲဆုံးဖြတ် ခွင့်ကိစ္စများ၊ NNER က မသင်မနေရ ပညာရေးစနစ်ကို ကိုးနှစ်အထိထားရှိ ရန်ကိစ္စကို NLD ပါတီက လေးနှစ်ထားရှိရန်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေး စသည့်ကိစ္စများတွင် အဓိက ကွဲလွဲနေသည် ဟုNNER ၏ခေါင်းဆောင်တစ်ဦးဖြစ် သူဒေါက်တာသိန်းလွင်က ပြောသည်။

''ကျွန်တော်တို့မူဝါဒတွေက ပြည်သူကိုအခြေခံပြီးဆွဲထားတာပါ။ ဒါတွေ ကို အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့တွေ ကို လက်ခံလာအောင် ကြိုးစားရမှာပေါ့။ ဒါကို သူတို့ဘက်က ပြည်သူ့ဆန္ဒကိုတော့ ငြင်းပယ်လို့တော့မရဘူးပေါ့''ဟုNNER အဖွဲ့ဝင် ကိုစိုးထွန်းက ပြောသည်။

ပြည်သူ့ဆန္ဒအမှန်ဖြစ်သော်လည်း အစိုးရအဖွဲ့က မဖော်ဆောင်နိုင်ပါက ပြည်သူကပြန်လည်ဆုံးဖြတ်သောကိစ္စ များဖြစ်လာတတ်သည်ဟု ¤င်းကဆို သည်။

မိခင်ဘာသာစကားသင်ကြားရေး ဆိုင်ရာတွင် NNER သည် ဒေသအ လိုက်ကျောင်းကော်မတီကို ဆုံးဖြတ်ခွင့် ပေးမည်ဖြစ်ပြီး ဆရာများ၏ ခံစားပိုင်ခွင့် အတွက် ဒေသနှင့်ကိုက်ညီသည့်ဆရာ များခန့်ထားရေး၊ ထိုသို့ကိစ္စများကို ဒေသ ခံများက မိမိလိုအပ်ချက်အတိုင်းဆုံး ဖြတ်ခွင့်ကိုပေးသင့်သည်ဟုဆိုရာတွင်ြီူ ပါတီတာဝန်ရှိသူများက မဖြစ် နိုင်ကြောင်း ပြောကြားထားသည်။

အဆိုပါကွဲလွဲချက်များသည် NNER နှင့်NLD ပါတီအကြား ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဆွေးနွေးချက်များ ဖြစ်ပြီး အစိုးရသစ်တာဝန်လွှဲပြောင်းပြီး လျှင်လည်း ကွဲလွဲနေသည့်ပညာရေးမူ ဝါဒများနှင့်ပတ်သက်၍ NLD ပါတီ နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ကိုစိုးထွန်းက ဆိုသည်။

''ဒီမိုကရေစီခေတ်ရောက်လာပြီ ဗျာ။ စစ်တိုက်ရမယ့်ကိစ္စလဲမဟုတ်ဘူး။ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့ ဆက်ပြီးလုပ် သွားမှာပါ''ဟု ¤င်းက ဆက်ပြောသည်။ NNER အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်သူ သူမာက ''NLDကလဲ လူထုလိုလား တဲ့အစိုးရဖြစ်တယ်။ NNERျ က မူဝါဒ တွေကလဲ လူထုလိုလားတဲ့မူဝါဒတွေဖြစ် တယ်။ ဒီမိုကရေစီနည်းလမ်းအရ ဖော် ထုတ်ထားတဲ့မူဝါဒတွေကိုလက်ခံဖို့ မျှော် လင့်ထားပါတယ်''ဟု ပြောသည်။

အမျိုးသားပညာရေးဥပဒေပေါ် ထွက်လာပြီးနောက်ပိုင်း လက်ရှိအစိုးရ အနေဖြင့် ကျောင်းသားများတောင်းဆို မှုများကို အနည်းငယ်မျှသာ ပြင်ဆင် ပေးခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွား မည်ဟု ဆန္ဒပြကျောင်းသားခေါင်းဆောင် များက ပြောထားသည်။

''လက်ရှိမှာ NLD နဲ့ဆွေးနွေးတာ တော့မရှိသေးပါဘူး။ ဒါတွေလိုအပ်တယ် ဆိုတာ ဆက်ပြီးတော့အကြံပေးသွား ဦးမှာပါ''ဟု ဒေါ်သူသူမာက ဆိုသည်။

Yangon Media Group

No comments:

Post a Comment

My Blog List