Thursday, December 17, 2015

အစိုးရတာဝန် လွှဲပြောင်းရန် ညှိနှိုင်းအစည်းအဝေး ပထမဆုံးအကြိမ် ပြုလုပ်


နိုင်ငံတော် အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့တာဝန်များစနစ်တကျ လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီး၍ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အစိုးရအဖွဲ့ဘက်မှ ဦးရဲထွဋ်၊ ဦးမောင်မောင်အုန်း ၊ ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဦးဝင်းထိန်၊ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူတို့ တက်ရောက် ခဲ့ကြသည်။

ထိုအစည်းအဝေးပွဲတွ၌ တာဝန်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက်နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေး ခဲ့ကြောင်းဦးရဲထွဋ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Photo – ဦးရဲထွဋ်ဖေ့စ်ဘုတ်
The Ladies News Journal

No comments:

Post a Comment

My Blog List