အမေရိကန်နိုင်ငံ San Bernardino မှာ အကြမ်းဖက်မှု လုပ်ခဲ့တဲ့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အလောင်းကို သင်္ချိုင်းကုန်းတွေက လက်မခံတဲ့အတွက် အခုအခါမှသာ သဂြိုလ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု လုပ်ခဲ့တဲ့ ဇနီးမောင်နှံကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး သူတို့ကိုလည်း ရဲတွေက ပစ်သတ်ခဲ့ပါတယ်။
အဲဒီ အကြမ်းဖက် သမားတွေကို မြုပ်နှံဖို့ ရှာတဲ့အခါ သချိုင်္င်းကုန်းတွေက လက်မခံပဲ တစ်ပါတ်လောက်ကြာအောင် ရှာပြီးမှ မွတ်စလင်တွေရဲ့ ရိုးရာအတိုင်း မြုပ်နှံနိုင်တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ အကြမ်းဖက် လင်မယားဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း ကာလီဖိုးနီးယား ဟိုင်းဝေးလမ်းမနဲ့ ကျောင်းတွေမှာ ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့သေးတယ်လို့လည်း သိရပါတယ်။
အဲဒီ အကြမ်းဖက်တဲ့ လင်မယားကို သေနတ်တွေ ထောက်ပံ့ခဲ့တဲ့ အိမ်နီးနားချင်းဟောင်း တစ်ယောက်ကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။
ABC

No comments:
Post a Comment