Thursday, December 17, 2015

ရေပူဆရာတော်ကို သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် စွဲချက်တင်


မိုးကုတ်ရေပူဆရာ တော်ကို ခွင့်ပြုချက်မရှိဘဲကျောင်းအတွင်း သစ်သားများစုဆောင်း ခြင်းကြောင့် အပြစ်ရှိသည်ဟုဆိုကာ ပြင်ဦးလွင်မြို့နယ်တရားသူကြီးက သစ်တောပုဒ်မ ၄၂(ခ) ဖြင့် စွဲချက်တင်အမိန့်ချခဲ့ရာ ဆရာတော်က အပြစ်မရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။
ရေပူဆရာတော်ကို ဒီဇင် ဘာ ၁၆ ရက်က သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)၊ မြန်မာနိုင်ငံကျောက် မျက်ဥပဒေပုဒ်မ ၄၁(က)(ခ) တို့ ဖြင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် တရားရုံးတို့၌ ရုံးထုတ်စစ်ဆေးခဲ့ ပြီး မြို့နယ်တရားရုံးက သစ်တော ဥပဒေပုဒ်မ ၄၂(ခ) ဖြင့် စွဲချက် တင်အမိန့်ချခဲ့ခြင်းဖြစ်သည်။ ကျန်ပုဒ်မများဖြစ်သည့် သာသနာ ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က)၊ ကျောက်မျက်တူးဖော်မှုပုဒ်မ ၄၁ (က)၊ (ခ)တို့ဖြင့် စွဲထားသည့်အမှု များကို ပယ်ဖျက်ပေးရန် မန္တလေး တိုင်းဒေသကြီးတရားလွှတ်တော် တွင် တိုင်းဒေသကြီးဥပဒေအရာရှိ နှင့် ဆရာတော်၏အကျိုးဆောင် ရှေ့နေတို့ နှစ်ဖက်ကြားနာမှုပြု လုပ်မည်ဟု အကျိုးဆောင်ရှေ့နေ ထံမှ သိရသည်။

ဆရာတော်က စွဲချက်တင်ခံ ရသည့် သစ်တောအမှုနှင့်ပတ် သက်၍ ၎င်းတွင် လုံးဝအပြစ်မရှိ သောကြောင့် သစ်တောအမှုနှင့် ပတ်သက်၍ မိုးကုတ်မြို့နယ် သစ် တောဦးစီးမှူး ဦးအောင်လွင်နှင့် မိုးကုတ်မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဝင်းတို့ကို ပြန်ခေါ်သက်သေ များအဖြစ် ပြန်လည်စစ်ဆေးပေး ရန် ရုံးတော်သို့ လျှောက်ထားခဲ့ သည်။

မိုးကုတ်မြို့တွင် သီတင်းသုံး နေသောရေပူဆရာတော်သည် ကျောင်းဆောင်သစ်ဆောက်လုပ် ရန် သစ်သားများ စုဆောင်းထား ခြင်းနှင့် ဓာတ်ပေါင်းစုစေတီတည် ရန် စေတီအချို့ ဖြိုဖျက်ခြင်းများ အတွက် သစ်တောဥပဒေပုဒ်မ ၄၂ (ခ)၊ မြန်မာနိုင်ငံကျောက်မျက် ဥပဒေပုဒ်မ ၄၁(က)(ခ) နှင့် သာသနာတော်ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က) တို့ဖြင့် လွန်ခဲသည့်ဇွန် လတွင် ဒေသခံလေးဦးနှင့်အတူ လူဝတ်လဲဖမ်းဆီးခြင်းခံခဲ့ရသည်။

7Day News Journal

No comments:

Post a Comment

My Blog List