Tuesday, December 15, 2015

တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲကို ယခုသက်တမ်းအတွင်း မကျင်းပဖြစ်တော့ဟု ဦးတင်အေးပြော


ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် မိုင်းရှူး ၊ ကျေးသီး စသည့် မြို့နယ်များအတွက် ရွေးကောက်ပွဲများကို ယခုအစိုးရ သက်တမ်းအတွင်းကျင်းပဖြစ်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက အတည်ပြု ပြောဆိုသည်။
SSPP/SSA နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ရပ်တန့်သွားပြီ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားသည့် မိုင်းရှူး ၊ ကျေးသီး စသည့် မဲဆန္ဒနယ်များ အတွက် ယခုအစိုးရ လက်ကျန် သက်တမ်းအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရန် ရှိ၊ မရှိဆိုသည်နှင့် ပတ်သက်ပြီး The Ladies မှ ဆက်သွယ်မေးမြန်းရာတွင် လာမည့်အစိုးရလက်ထက်တွင် ဖွဲ့စည်းမည့် ကော်မရှင် လက်ထက်တွင်မှ ကျင်းပနိုင်တော့ မည် ဖြစ်ကြောင်း ဦးတင်အေးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မရှိပါဘူး ကြားဖြတ်ကြမှပဲ ရမှာပဲ။ ကျန်တော်က မလုပ်လိုက်တာက တိုက်ပွဲ ရပ်သွားပေမဲ့ အကုန်လုံးက အသားမကျသေးဘူး ဖြစ်နေတယ်။

ကျန်တော်တို့ ဘက်မှာက အလွဲအပြောင်း လုပ်ငန်းလေးတွေကလည်း ရှိနေတဲ့အတွက် မလုပ်လိုက် တာပါ။ နောင်ကျရင်လည်း လုပ်ပေးရမှာပါပဲ။ နှစ်နေရာထဲနဲ့လည်း အပြောင်းလဲ သိပ်မဖြစ်နိုင်တော့ပါဘူး” ဟု ဦးတင်အေးက ပြောသည်။

မိုင်းရှူး နှင့် ကျေးသီးတွင် မြို့နယ် တစ်မြိ့နယ်လုံး ၊ တန့်ယန်းမြို့နယ်တွင် ကျေးရွာ အုပ်စုအချို့ နှင့် ဟိုပန်မြို့နယ်ရှိ ကျေးရွာအချို့တို့တွင် ရွေး ကေက်ပွဲကျင်းပရန် မဖြစ်နိုင်ဟုဆိုကာ ရွေးကောက်ပွဲကာလ မရောက်မီ နှစ်ပတ်ခန့်အလိုတွင်မှ အဆိုပါ နယ်မြေများတွင် ကျင်းပမည့် အစီစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာမူ တိုက်ပွဲများကြောင့် မဟုတ်ပဲ “၀” UWSA ထိန်းချုပ်နယ်မြေအတွင်း ကျရောက်နေသည့် အတွက် မကျင်းပ ခဲ့ခြင်း ဖြစ်သည်။

“အခုကိုပဲ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို တခြား ဒေသတွေက ကိုယ်စားလှယ်တွေက သွားကူနေရတာ၊ နောက်အစိုးရ ကကော နေရာနည်းတယ် ဆိုပြီး စိတ်မ၀င်စားရင် ဘယ်လိုလုပ်မလဲ။ ဒေသခံ ပြည်သူတွေအတွက် နစ်နာမှု မရှိအောင် လုပ်တော့ လုပ်ပေးသင့်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က မှတ်ချက်ပြု ပြောဆိုသည်.။

၂၀၁၂ ခုနစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလကလည်း ကေအိုင်အိုနှင့် တပ်မတော်တို့ အကြား တိုက်ပွဲ အကြောင်းပြချက်ဖြင့် မဲဆန္ဒနယ် ၃ နေရာတွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ခြင်း မရှိဘဲ ယင်းနောက်ပိုင်း တွင်လည်း အဆိုပါ မဲဆန္ဒနယ်များအတွက် ပြန်လည် ကျင်းပပေးခြင်းများ မရှိခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းထွန်းအောင်လွင်
The Ladies News Journal



No comments:

Post a Comment

My Blog List