Wednesday, December 16, 2015

NLD မှ ကြားဝင်ညှိနှိုင်းပေးသဖြင့် အပစ်၇ပ် နိုင်ငံရေးဆွေးနွေးပွဲများတွင် တပ်မတော် ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ် အရေအတွက်ကို ယနေ့ အစည်းအဝေးတွင် သဘောတူညီမှု ရခဲ့


နေပြည်တော်တွင် ကျင်းပနေသော နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံ ရေး မူဘောင်ရေးဆွဲရေးဆိုင်ရာအစည်းအဝေးမှ လာမည့်နိုင်ငံရေး ဆွေးနွေး ပွဲများတွင်တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ စီ တက်ရောက်ရန် သဘောတူ လိုက်ကြောင်း အစည်းဝေး တက်ရောက်နေသူများထံမှ သိရသည်။
နိုင်ငံရေးဆွေးနွေးပွဲအတွက် အရေးပါသည် မူဘောင်တွင် မည်သည့် အစုအဖွဲ့က ကိုယ်စားလှယ် မည်မျှ ပါဝင်ခွင့်ရရှိရေးနှင့် ပတ်သက်၍ နှစ်ရက်တာ နီးပါး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၏ ၀င်ရောက် ညှိနှိုင်းပေးမှုဖြင့် ဆွေးနွေးပွဲ တက်ရောက်ရမည့် ကိုယ်စားလှယ် အရေ အတွက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက သဘောတူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အန်အယ်လ်ဒီက ဦးဥာဏ်ဝင်းက ၀င်ညှိပေးလိုက်တာပါ။ တပ်မတော်က ၁၅၀ နဲ့ နိုင်ငံရေးပါတီ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့အတူ အရေ အတွက် အများဆုံး တက်ရောက်ခွင့် ရသွားတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ အစည်းဝေးများတွင် အတိုက်အခံ တိုင်းရင်းသား ပါတီအချို့နှင့် တပ်မတော်တို့ အကြား မူဘောင်တွင် ပါဝင်ရမည့် အစုအဖွဲ့ အရေအတွက် နှင့် ပတ်သက်၍ ငြင်းခုန် ဆွေးနွေးရသည်များ ရှိခဲ့ပြီး အစည်းအဝေးမှာ ပြီးပြတ်ခြင်း မရှိသဖြင့် ယနေ့ကျင်းပသော အစည်းဝေး တွင်မူ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ ပါတီအနေဖြင့် သူအသာရ နိုင်သော လွှတ်တော်နှင့် အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များကို လျှော့ချ၍ ညှိနိုင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ယခု သဘောတူညီချက်အရ အစိုးရနှင့် လွှတ်တော်တို့မှ ၇၅ ဦးစီ တက် ရောက်ခွင့် ရရှိမည် ဖြစ်ပြီး ပါတီ၊ လက်နက်ကိုင် မဟုတ်သော တိုင်းရင်းသား ခေါင်းဆောင် ၅၀ ဦးနှင့် အခြား ဖိတ်ကြားသင့်သူများထဲမှ ၅၀ ဦး တက် ရောက်ခွင့် ရရှိမည် ဖြစ်သည်” ဟု UPDJC အဖွဲ့၏ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောသည်။

“တပ်မတော်သားကိုယ်စားလှယ်က ၁၅၀ ဆိုတာက အပေါ်က ကာကွယ်ရေး ဦးစီးချုပ် က အမိန့်ပေးလိုက်ရင် အကုန် တစ်သံတည်း ထွက်နိုင်တယ်။ ကျန်တဲ့ လွှတ်တော်တို့၊ နိုင်ငံရေးပါတီတို့ဆိုတာက သူ့ကိုယ်စားလှယ်အလိုက် ကို အမြင်တွေအမျိုးမျိုး ပြောင်းနိုင်တဲ့အတွက် တစ်စုတစ်စည်းတည်း ဖြစ်ဖို့ခက်တယ်။ အခုလို ဆုံးဖြတ်လိုက် တာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲ ကနေ အခြေခံ ဥပဒေပြင်ဖို့ဆိုတဲ့ ကိစ္စတွေမှာ တပ်မတော်အနေနဲ့ အလေး သာနေတာ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေ လိုလားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို ကိစ္စတွေမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်”ဟု နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် အတည်ပြုလိုက်သည့် ကိုယ်စားလှယ် အရေအတွက်နှင့် ပတ်သက်၍ SNLD မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် က ပြောသည်။

ဇန်န၀ါရီလအတွင်း ကျင်းပရန် ရည်ရွယ်ထားသည့် နိုင်ငံရေး ဆွေးနွေးပွဲများ တွင် အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များမှာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးထားသည့် အဖွဲ့များမှာ လက်မှတ်ထိုးပြီးမှသာ တက်ရောက် ခွင့်ရတော့မည်ဟုလည်း သိရသည်။

သတင်း - စိုင်းထွန်းအောင်လွင်
The Ladies News Journal

No comments:

Post a Comment

My Blog List