Friday, December 18, 2015

တူရကီနဲ့ ဆက်ဆံရေး ကောင်းလာဖို့ မရှိသေးလို့ ရုရှားဆို


လက်ရှိ ​တူရကီ ​အစိုးရနဲ့ ​ရုရှားနိုင်ငံအကြား ​ဆက်ဆံရေး ​ကောင်းမွန်လာဖို့ ​လမ်းစ ​မတွေ့ရဘူးလို့ ​ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​ပြောလိုက်ပါတယ်။ တူရကီနိုင်ငံက ​ရုရှား ​တိုက်လေယာဉ် ​တစ်စင်းကို ​ပစ်ချပြီးတဲ့နောက် ​နှစ်နိုင်ငံအကြား ​ဆက်ဆံရေး ​တင်းမာနေတာ ​ဖြစ်ပါတယ်။
တူရကီအနေနဲ့ ​ဘာကြောင့် ​ရုရှားလေယာဉ်ကို ​ပစ်ချခဲ့ရသလဲ ​ဆိုတာကို ​နားမလည်နိုင်ဘူးလို့လည်း ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​ပြောပါတယ်။

ရုရှား ​လေယာဉ်ကို ​ပစ်ချရာကနေ ​ဘာတွေ ​မျှော်လင့်ထားတာလဲ၊ ​လေယာဉ်ကို ​ပစ်ချလိုက်တာနဲ့ ​ရုရှားက ​ဆီးရီးယား ​နိုင်ငံကနေ ​ထွက်ပြေးသွားမယ်လို့ ​ထင်နေသလား၊ ​ရုရှားက ​အဲဒီလိုမျိုး ​လုပ်မယ့် ​နိုင်ငံမဟုတ်ဘူးလို့ ​ပြောသွားခဲ့ပါတယ်။

ဆီးရီးယား ​သမ္မတကို ​ကူညီဖို့ ​ရုရှားက ​ဆီးရီးယားနိုင်ငံမှာ ​ရောက်ရှိနေပြီး ​IS ​အပါအဝင် ​ဆီးရီးယား ​အစိုးရကို ​ဆန့်ကျင်တဲ့ ​သူပုန်တွေကို ​တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

IS ​ရဲ့ ​ဝင်ငွေပေါက်တွေကို ​ပိတ်ချမယ်လို့ ​အမေရိကန်က ​အဆိုပြုတာကို ​ရုရှားအနေနဲ့ ​ကန့်ကွက်စရာ ​မရှိဘူးလို့လည်း ​ရုရှား ​သမ္မတက ​ပြောလိုက်ပါတယ်။

ဝေဖန်မှု ​ခံရတဲ့ ​အမေရိကန်နိုင်ငံက ​သမ္မတလောင်း ​Donald ​Trump ​ကိုလည်း ​ရုရှား ​သမ္မတက ​ချီးကျူးလိုက်ပြီး ​Donald ​Trump ​လို ​တော်တဲ့ ​ပုဂ္ဂိုလ်က ​အမေရိကန် ​သမ္မတ ​ဖြစ်သင့်တယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​အပြစ်ပြော ​ခံနေရတဲ့ ​ဖီဖာ ​ဥက္ကဌ ​Sepp ​Blatter ​ကိုလည်း ​ရုရှား ​သမ္မတက ​နိုဗယ်ငြိမ်းချမ်းရေးဆု ​ရသင့်တဲ့လူဆိုပြီး ​ချီးကျူးပြောဆိုခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List