Tuesday, December 15, 2015

ဒီဗီဒီတစ်ခွေကို နှစ်ချီစောင့်ရိုက်ခဲ့ရတဲ့ နန်းဆုရတီစိုး


လွန်ခဲ့သည့် ၂ နှစ်ခန့်က အော်ဒီယိုအခွေထွက်ရှိထားသည့် ဒုတိယတစ်ကိုယ်တော်အခွေ ‘ရှေ့ဆက်သွားမှာပဲ’ဒီဗီဒီကို ၂၀၁၆ ဇန်နဝါရီ ၄ ရက်တွင် ဖြန့်ချိပေးမည်ဖြစ်ကြောင်း နန်းဆုရတီစိုးက ပြောသည်။ ‘‘၂ နှစ်ကြာသွားတာက ပထမတစ်နှစ်မှာ ဒီအခွေနဲ့ပတ် သက်ပြီး သေချာမလုပ်ဖြစ်ဘူး။ ရှိုးပွဲတွေအရမ်းဆိုနေရတော့ ရန်ကုန်မှာလည်းမရှိဘူး။ နယ်မှာ ဆိုရတာများတော့ အခွေထွက်ပြီး တစ်နှစ်လောက်က ဒီဗီဒီမရိုက် ဖြစ်ဘူး’’ဟု ၎င်းက ပြောသည်။
ထို့အပြင် ရိုက်လိုသည့် ဇာတ်လမ်း၊ ဇာတ်ရုပ်ရရှိရန် အချိန် ပေးရခြင်းရှိသကဲ့သို့ တစ်ပုဒ်လုံး ရိုက်ပြီးချိန်မှ မကြိုက်သောကြောင့်ပြန်ရိုက်ရသည့် သီချင်းများလည်း ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

‘‘ပြင်ဆင်တဲ့အပိုင်းကို သေ ချာအချိန်ယူပြီးမှ ရိုက်ဖြစ်တယ်။ သီချင်းနဲ့ လိုက်ဖက်မယ့်ဇာတ် လမ်းပုံစံမျိုး မတွေ့သရွေ့ စောင့် ပြီးရိုက်တယ်။ အဆင်ပြေသလို ရိုက်လိုက်မယ်ဆိုတာမျိုးမဟုတ် ဘဲ သီချင်းနဲ့လိုက်ဖက်တဲ့ အိုင်ဒီ ယာမထွက်မချင်း စောင့်ပြီးရိုက် တယ်’’ဟု နန်းဆုရတီစိုးက ပြောသည်။ ပရိသတ်များအတွက် ရသစုံ ပေးနိုင်အောင် ရိုက်ကူးထားပြီး ဇာတ်လမ်းပုံစံရိုက်ကူးမှုများရှိ သကဲ့သို့ အမ်တီဗီပုံစံရိုက်ကူးထား သည့် သီချင်းများလည်း ပါဝင် ကြောင်း ၎င်းက ပြောသည်။

‘‘ဘောလုံးကွင်းမှာရိုက်တဲ့ သီချင်းဆိုရင် လူအင်အားလည်း ၅၀ လောက်သုံးထားတယ်။ ဘောလုံးပွဲတွေ ဆက်နေတဲ့အချိန်မှာ ရိုက်တာဆိုတော့ တော်တော်ညှိ ပြီး ကြိုးစားပြီးရိုက်လိုက်ရတယ်။ နန်းဆုကလည်း ဘောလုံးဝါသနာ ပါလို့ ဘောလုံးဇာတ်လမ်းလေး ရိုက်ရင် ကောင်းမလားဆိုပြီး ရိုက် ဖြစ်တာ။ သီချင်းနဲ့လည်းလိုက် သွားတယ်’’ဟု ‘ဘယ်အချိန်မှာ နင်’သီချင်းရိုက်ကူးမှုအကြောင်း ကို ပြောသည်။

အဆိုပါ ‘ဘယ်အချိန်မှာနင်’ သီချင်းနှင့် ‘မင်းကြောင့်’သီချင်းကို ဇာတ်လမ်းပုံစံသာမက ကာရာအို ကေသီဆိုနိုင်မည့် ဗားရှင်းနှင့်ပါ နှစ်မျိုးထည့်ပေးထားကြောင်း ၎င်း က ပြောသည်။

‘‘ကိုယ်လုပ်တဲ့ အလုပ်တစ်ခု အပေါ်မှာ အကောင်းဆုံးကြိုးစား ပြီး စေတနာလည်းထား၊ မေတ္တာ လည်းထားပြီး လုပ်ထားတဲ့အ တွက် အသိအမှတ်ပြုမှုလေးတစ် ခုတော့ ပြန်လိုချင်ပါတယ်။ ဒီအ ခွေအပေါ်မှာ အများကြီးမျှော်လင့် ထားပါတယ်’’ဟု ‘ရှေ့ဆက်သွား မှာပဲ’ ဒီဗီဒီနှင့်ပတ်သက်၍ ၎င်း၏ ခံစားချက်ကို ပြောသည်။


7Day News Journal


No comments:

Post a Comment

My Blog List