Thursday, December 17, 2015

ဦးခွန်ဂျာလီအား တရားရှင်လွှတ်သင့် မလွှတ်သင့် ဒီဇင်ဘာ ၁၇ ရက်တွင် အမိန့်ချမည်


တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံအား ခြေဖြင့်နင်းထားသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ဦးခွန်ဂျာလီ အား ဒီဇင်ဘာ ၁၇ရက်တွင် တရားရှင် လွှတ်သင့်၊ မလွှတ်သင့် အမိန့်ချမည်ဖြစ် ကြောင်း သိရသည်။
ဦးခွန်ဂျာလီအား ဒီဇင်ဘာ ၁၁ရက် ရုံးချိန်းတွင် ¤င်း၏ရှေ့နေမှ အမှုအား တရားရှင်လွှတ်ပေးရန် တရားသူကြီး အားလျှောက်ထားရာ ဒီဇင်ဘာ ၁၇ရက် ရုံးချိန်းတွင် တရားရှင်လွှတ်သင့်၊ မလွှတ် သင့် အမိန့်ချမှတ်မည်ဟု တရားသူကြီး က ပြောကြားလိုက်ကြောင်း သိရသည်။

''အခုထက်ထိတော့ ၆၆(ဃ)နဲ့ ထောင်ချခံရတဲ့သူ တစ်ယောက်မှမရှိ သေးတဲ့အတွက် ပြောရတာခက်ပါတယ်။ ဥပဒေနဲ့ပတ်သက်ပြီး ပြောရခက်တယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။

ဦးခွန်ဂျာလီသည် ကျန်းမာရေး မကောင်းသောကြောင့် နိုဝင်ဘာ ၂၃ ရက်မှစ၍ အာမခံပေးရန်အတွက် အ ကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။

ဦးခွန်ဂျာလီ၏ ကျန်းမာရေးအခြေ အနေဆိုးရွားလျက်ရှိပြီး ¤င်းနေရသည့် အကျဉ်းထောင်တွင် အသက်ရှူကျပ် သည့်ရောဂါကြောင့် သေဆုံးသွားသည့် အကျဉ်းသား ခုနစ်ဦးအထိ ရှိသဖြင့် ကြောက်ရွံ့လျက်ရှိကြောင်း ဦးခွန်ဂျာ လီက ဒီဇင်ဘာ ၁၁ ရက် ခြောက်ကြိမ် မြောက်ရုံးချိန်းတွင် တရားသူကြီးအား လျှောက်ထားခဲ့သည်ဟု သိရသည်။

ဦးခွန်ဂျာလီ၏ဇနီး မစံပယ်ဖြူ သည် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေး ရာလှုပ်ရှားမှုများကို ဆောင်ရွက်နေသူ ဖြစ်ပြီး အမေရိကန်နိုင်ငံမှပေးအပ်သည့် အမျိုးသမီးရဲစွမ်းသတ္တိဆုအား ရရှိထား သူလည်းဖြစ်သည်။

ဦးခွန်ဂျာလီအားလွှတ်ပေးရန် အ မေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ မြန်မာအစိုးရထံတိုက်တွန်းထား ပြီး ဒီဇင်ဘာ ၁၁ရက်ရုံးချိန်းတွင် မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီးက ဦးခွန်ဂျာလီနှင့် လာရောက်တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဖြင့် တရားစွဲဆိုခံထားရသော မချောစန္ဒီထွန်းခေါ် ချစ်သမီးအား မအူပင်တရား ရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment

My Blog List