Wednesday, December 16, 2015

RCSSနှင့် TNLA တိုက်ပွဲကိစ္စ အတွက် UNFC နှင့် RCSS / SSA ဆွေးနွေးပွဲတိကျသည့် သဘောတူညီမှုမရ


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် RCSS / SSA အဖွဲ့နှင့် လက်မှတ် ရေးထိုးထားခြင်း မရှိသော တအာင်း ပလောင် အပါအ၀င်အဖွဲ့အချို့အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု များအတွက် RCSS/SSA နှင့်UNFC တိုင်းရင်းသား တပ်ပေါင်းစုတို့အကြား ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ဆွေးနွေးခဲ့ရာ တိကျသည့် သဘောတူညီချက် မရဘဲဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ရန်သာ သဘောတူညီခဲ့ကြောင်း RCSS/ SSA မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“NCA ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့တွေကြား ဘယ်လို ပူးပေါင်း ဆောင်ရွက် မလဲ၊ဘယ်လို စုစုစည်းစည်း ဆောင်ရွက်သွားမလဲ၊ လတ်တလော RCSS / SSA နဲ့ TNLA ကြား တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းဆောင် ရွက်သွားမလဲ ဆိုတာကိုပဲ ဆွေးနွေးနိုင်ခဲ့တယ်” ဟု RCSS / SSA မှ အတွင်း ရေးမှုး ၂ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နှင့် RCSS / SSA တို့ကြားတိုက်ပွဲများနှင့် ပတ်သက်၍မူ ရှေ့တန်း တပ်အချင်းချင်း ညှိနှိုင်း၍ အဆင်ပြေမှအခြားကဏ္ဍများတွင် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သဘောတူခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် RCSS / SSA နှင့် TNLA တို့၏ တိုက်ပွဲများမှာ ယခင်က ရှမ်းလက်နက်ကိုင်များ အစဉ်အဆက် နေရာချထား ခဲ့ဖူးသည့် ရွှေလီချိုင့်ဝှမ်း ဒေသ အတွင်းသို့ RCSS / SSA တပ်များ ပြန်လည် ၀င်ရောက် အခြေချရန် ကြိုးစားရာမှ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

တောင်ပေါ်ဒေသတွင် တအာင်းပလောင် ၊ မြေပြန့်ဒေသတွင် ရှမ်းလူမျိုးများ နေထိုင် သည့် နမ့်ခမ်းမြို့နယ်အတွင်း RCSS / SSA မှာ ၂၀၁၃ ခုနှစ်အထိ ရွှေလီချိုင့်ဝှမ်းတွင် အခြေချ နေထိုင်ခဲ့ဖူးပြီး တအာင်းပလောင်အဖွဲ့မှာ တောင်ပေါ်ဒေသတွင် ၀င်ရောက် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။

တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ်တို့ ပူးပေါင်းပြီး နမ့်ခမ်းမြို့နယ်ရှိ RCSS/SSA စခန်းကို တိုက်ထုတ် ခဲ့ပြီးနောက် ယခုကဲ့သို့ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး လက်မှတ် ရေးထိုးပြီးချိန်တွင် RCSS/SSA မှ နမ့်ခမ်းမြို့နယ်တွင် ပြန်လည်တပ်စွဲ ရန် ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကို ရန်သူဆိုပြီး TNLA က ကျွန်တော်တို့ တပ်တွေကို တိုက်တဲ့ကိစ္စကိုကျွန်တော်တို့က ရှင်းခိုင်းတယ်။ ကျဆုံးခဲ့တဲ့ စစ်သားတွေ အတွက် ပြန်တာဝန်ယူပေး ဖို့ တောင်းဆိုထားတယ်” ဟု ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

TNLA အဖွဲ့မှာ နမ့်ခမ်းဒေသအား တအာင်းပလောင်ဒေသအတွင်းထည့်သွင်း ပေးရန် ၂၀၁၃ ခုနှစ်က အစိုးရထံ တောင်းဆိုခဲ့ဖူးပြီး ယင်းကိစ္စကြောင့် RCSS / SSA မှာ နမ့်ခမ်းဒေသတွင် ပြန်လည် အခြေချရန် ကြိုးစားနေခြင်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသား အရေး လေ့လာသူများက ဆိုသည်။

TNLA မှာ တိုင်းရင်းသား လက်နက်ကိုင် မဟာတပ်ပေါင်းစုဖြစ်သည့် UNFC ၏အဖွဲ့ဝင် လည်းဖြစ်ပြီး UNFC ဦးဆောင် အဖွဲ့ဖြစ်သည့်ကချင်လွတ်မြောက် ရေး တပ်ဖွဲ့ KIO နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အဖွဲ့လည်း ဖြစ်သည်။

သတင်း - စိုင်းထွန်းအောင်လွင် ၊ ဇော်မင်း
The Ladies News Journal

No comments:

Post a Comment

My Blog List