Monday, September 21, 2015

မဲစာရင်းတွင်အမည်ပါရေးအဓိကဖြစ်ပြီး အခြားအချက်အလက် မှားယွင်းနေ ပါကလည်း မဲပေးခွင့်ရှိကြောင်း ဦးတင်အေးပြော


လာမည့်ရွေး ကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲစာရင်း၌ အမည်ပါရှိရေးသည် အဓိကဖြစ်ပြီး အခြားအ ချက်အလက်များ မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေး က ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း မြို့နယ် များ၌ မဲစာရင်း ကပ်ထားမှုများ ကို သွားရောက် စစ်ဆေးရာတွင် ကော်မရှင် ဥက္ကဋ္ဌ က ပြည်သူများနှင့်တွေ့ဆုံခိုက် ပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့အပြင် တပ်မတော်သား များနှင့် တပ်မိသားစုများ ဆန္ဒမဲ ပေးရာတွင် အမှန်တကယ် လုံခြုံ ရေးတာဝန် ထမ်းဆောင်နေသူများသာ ကြိုတင်မဲပေးရမည်ဖြစ် ပြီး ကျန်တပ်မတော်သားများ၊အိမ်ထောင်စုဝင်များသည် မဲရုံသို့ ကိုယ် တိုင်လာရောက်မဲပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

နောက်ဆုံးအကြိမ် ပြင်ဆင်ခွင့်ရမည့် မဲစာရင်းကြေညာထား မှုအခြေအနေကို နေပြည်တော် ကောင်စီနယ် မြေအတွင်းသို့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် ကွင်းဆင်းကာ ပထမ ဆုံးအကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ပျဉ်းမနားမြို့နယ် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရီမြို့ နယ်၊ လယ်ဝေး မြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်များရှိ မဲစာရင်း ကပ် ထားသည့်နေရာများသို့ သွား ရောက်ခဲ့ခြင်းဖြစ်သည်။

‘‘မဲစာရင်းကပ်ထားတဲ့ အခြေအနေတွေ လာကြည့်တာပါ။ အထွေအထူးတော့ မဟုတ်ပါဘူး’’ဟု ဦးတင်အေး ကပြောသည်။

ကွန်ပျူတာစနစ်ဖြင့် အက္ခ ရာစဉ်အလိုက် ထုတ်ပြန်ထားသ ဖြင့် မဲဆန္ဒရှင် များ ကြည့်ရှုရာတွင် အခက်အခဲ ရှိ၊ မရှိ သိလို၍ လာ ရောက်ကြည့်ရှုခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးအကြိမ်ပြန်လည် ပြင်ဆင်ခွင့် ရရှိမည့် မဲစာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှုများရှိ နေဆဲဖြစ်ပြီး ရွေးကောက်ပွဲကော် မရှင်အပေါ်၌လည်း ဝေဖန်မှုများ ရှိနေသည်။

‘‘မဲစာရင်းမှာ နာမည်မပါတဲ့ သူတွေ လာစစ်ဆေးဖို့ ရပ်ကွက်ထဲမှာလည်း ကြေညာတယ်။ အခု လိုကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် မဲစာရင်းကပ်ထားတဲ့ အခြေအနေတွေကို လာကြည့်တာကောင်းပါတယ်။ မြေပြင်အခြေ အနေတွေ သိရတာပေါ့’’ဟု ပျဉ်းမနားမြို့မှ ဒေသခံကိုဝေယံကပြောသည်။

လက်ရှိမဲစာရင်းတွင်အမည်မပါရှိပါက ထည့်သွင်းနိုင်ရန်နှင့် အမှားပြန်လည် ပြင်ဆင်နိုင်ရန် စက်တင်ဘာ ၂၇ ရက်အထိ ပြင် ဆင်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List