Tuesday, September 22, 2015

မက်လုံးပေးမဲဆွယ်မှုများနှင့် ခြိမ်းခြောက်မဲဆွယ်မှုများကို ကော်မရှင်သို့ တိုင်ကြားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်သူလူထုအား မက်လုံးပေး မဲဆွယ်မှုများနှင့်ခြိမ်း ခြောက်ပြီး မဲဆွယ်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ နှင့် မညီညွတ်သည့်အတွက် ယင်းသို့ မဲဆွယ်မှုများကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ထံ တိုင်ကြားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကပြော ကြားသည်။

‘‘စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ မဲဆွယ်မှုတွေကိုတော့ ကျွန်မတို့ဟာ ငုံ့ပြီး တော့ခံနေမှာမဟုတ်ဘူး။ ပြည်သူ တွေကလည်း ငုံ့ပြီးမခံပါနဲ့။ ခြိမ်းခြောက်တာတို့၊မက်လုံးပေးတာတို့၊ သူများကို အပုပ်ချပြီး စည်းရုံးတာတို့ ဒီဟာတွေဟာ ဥပဒေနဲ့မကိုက်ညီပါဘူးဆိုတာ ကျွန်မပြောပါရစေ’’ဟု ဒေါ်အောင်ဆန်းစု ကြည် ကပြော သည်။

စက်တင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာတွင် ပြုလုပ်သော မဲဆွယ် စည်းရုံးမှုဟောပြော ပွဲ၌ တက်ရောက်လာသော ဒေသ ခံပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခုရွေးကောက်ပွဲမှာ ကျွန် မတို့အဖွဲ့ချုပ်ကိုရော ကျွန်မကို ရော တိုက်ခိုက် ပြီးတော့ မဲဆွယ် တာတွေ လုပ်တယ်လို့ ကျွန်မတို့ ကြားပါတယ်။ ကျွန်မတို့က ဘယ်တော့မှ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြီး တော့ မဲမဆွယ် ပါဘူး။ လုပ်ငန်းပိုင်းဆိုင်ရာဥပမာ စည်းမျဉ်းစည်းကမ်းချိုးဖောက်ပြီး လုပ်တယ်ဆိုရင် ကျွန်မ တို့မခံဘူး။ ကျွန်မတို့ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုအရေး ယူမလဲဆိုတာ စောင့်ကြည့်နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကဆိုသည်။

အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရန် မဲဆွယ်စည်းရုံး ရေး ကို အဓိကထားဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရပါက ပြည်သူများကို တရားဥပဒေဘောင်အတွင်း မှ လုပ်ပိုင်ခွင့်များ ပြည့်ပြည့်၀၀ ပေးသွားမည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဖြစ်ပါက အဂတိ တရားကင်းရှင်းသော အစိုးရတစ်ရပ် ဖြစ်ရန် ဆောင်ရွက် မည်ဖြစ်ကာ ပြည်သူများသည် နိုင်ငံ၏အနာဂတ်အတွက် မဲပေး ရန် လိုအပ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ထည့်သွင်းပြော ကြားခဲ့သည်။

စက်တင်ဘာ ၂၁ ရက်က မဆယ်ဆိပ်ကျေးရွာတွင်ပြုလုပ်သည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောပွဲကို ညနေပိုင်း၌ ပြုလုပ်ခဲ့သော်လည်း ဒေသခံ ပြည်သူများသည် ယင်းနေ့နံနက်ကတည်းကပင် ဟောပြောပွဲပြု လုပ်မည့်နေရာသို့ လာရောက်၍ဒေါ် အောင်ဆန်းစုကြည်အား စောင့်ဆိုင်းကြိုဆို ခဲ့ကြသည်။

 ‘‘ကျွန်တော်တို့ကတော့ ဖြောင့်ဖြောင့်မတ်မတ်ရှိရမယ်။ အနစ်နာခံတဲ့သူလည်း ဖြစ်ရမယ်။ အဲဒီလိုလူမျိုး ကိုပဲ မဲပေးချင် တယ်။ နောက်ငါးနှစ်မှာ တိုင်းပြည် အပြောင်းအလဲဖြစ်တာတော့ မြင် တွေ့ချင်တယ်’’ဟု မဆယ်ဆိပ် ကျေးရွာဒေသခံ ဦးအုန်းခင်က ပြောသည်။

 စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ သွား ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်၏ ပထမဦးဆုံး မဲဆွယ်စည်းရုံးမှုခရီးစဉ်ဖြစ်သော ကယားပြည်နယ် ခရီးစဉ်အတွင်းတွင်လည်း မဲဆွယ်စည်းရုံး မှုများ၌ မက်လုံးပေး မဲဆွယ်သူများကို မဲမ ထည့်ရန် ဒေါ်အောင်ဆန်းစုကြည် က ဒေသခံပြည်သူလူထု အားပြော ကြားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List