Friday, September 18, 2015

ဖဲကြိုးဝါလှုပ်ရှားမှုနှင့် မသက်ဆိုင်ကြောင်း ရှမ်းပြည်နယ်ရှေ့နေအသင်း သဘောထားထုတ်ပြန်



တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့်ရှမ်းပြည်နယ်ရှေ့ နေများ၏ဖဲကြိုးဝါလှုပ်ရှားမှုသည် ၎င်းတို့နှင့်မသက်ဆိုင် ကြောင်း ရှမ်းပြည်နယ်ရှေ့နေအသင်းက သဘောထားထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ တောင်ကြီး မြို့ရှိ ရှမ်းပြည် နယ်တရားလွှတ်တော်ရုံးရှေ့တွင် တရားလွှတ်တော် ရှေ့နေအချို့က ဖဲကြိုးဝါ လှုပ်ရှားမှုကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 



သို့ သော် ရှမ်းပြည်နယ်ရှေ့နေများအ သင်း အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ‘‘ဖဲကြိုးဝါတပ်ဆင်သည့် ရှေ့နေ အချို့၏ဆောင်ရွက်ချက်သည် ၎င်းတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် ရှေ့နေများအသင်းနှင့်မသက်ဆိုင်ပါ’’ဟု ရေးသားထားသည့် ထုတ်ပြန်ချက်တစ် စောင်ကို ရှမ်း ပြည်နယ်ရှေ့နေများအသင်းဥက္က ဋ္ဌဦးစိန်ဝင်းချမ်းနှင့်ရှေ့နေဆယ်ဦး ခန့်က စက်တင်ဘာ ၁၅ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် ဖဲကြိုးဝါလှုပ်ရှားမှု ပြုလုပ်သည့် စက်တင်ဘာ ၁၅ ရက် နေ့လယ်တွင်လည်း ရှမ်းပြည်နယ် တရား လွှတ်တော်ရှေ့ နေများအသင်း ရုံးခန်းအရှေ့ရှိ ဝှိုက်ဘုတ်ပေါ်တွင် ‘‘ဖဲကြိုးဝါတပ် ဆင်သည့် ရှေ့နေအချို့ ၏ဆောင် ရွက်ချက်သည် ၎င်းတို့၏ကိုယ်ပိုင် ဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ် သည်။ ရှမ်းပြည်နယ်ရှေ့နေများ အသင်းနှင့် မသက်ဆိုင်ပါ’’ဟု ဆော့ပင်ဖြင့် လာရောက်ရေးသား မှုရှိခဲ့ကြောင်း ဖဲကြိုးဝါတပ်ဆင်မှု တွင် ပါဝင်သည့်တရားလွှတ်တော် ရှေ့နေအချို့က ပြောသည်။

တရားစီရင်ရေးစနစ်တွင် တပ်မတော်မှ အရာရှိကြီးများခန့် အပ်နေမှုအား ကန့်ကွက်သည့် အနေဖြင့် အဝါရောင်ဖဲကြိုးဝါတပ် ဆင်သည့် လှုပ်ရှားမှုကို တောင် ကြီးမြို့ရှိ ရှေ့နေများက စက်တင် ဘာ ၁၅ ရက်၌ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

‘‘အခြားမြို့တွေမှာလည်း လုပ်ခဲ့တယ်။ ဘာကန့်ကွက်သံမှ မကြားဘူး။ ဒီလိုကန့်ကွက်ခံရတာ တောင်ကြီးမှာ ပထမဆုံးဖြစ်မယ်’’ ဟု ဖဲကြိုးဝါတပ်ဆင်မှုတွင် ပါဝင် သည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

ရှေ့နေများ၏အဝါရောင်ဖဲ ကြိုးတပ်ဆင်လှုပ်ရှားမှုကို စက်တင်ဘာ ၉ ရက်တွင် နေပြည်တော်မှ စတင်ခဲ့ ခြင်းဖြစ်ပြီး ရန်ကုန်နှင့် အခြားမြို့များသို့ပါ ယင်းကဲ့သို့ လှုပ်ရှားမှုပျံ့နှံ့လာခဲ့သည်

အစိုးရဌာနဆိုင်ရာများသို့ တပ်မတော်အရာရှိကြီးများ ရောက်ရှိလာခြင်းကို ကန့်ကွက်သည့် ဖဲကြိုးတပ်ဆင် လှုပ်ရှားမှုသည် ဒုတိယအကြိမ်မြောက် လုပ်ဆောင်မှုဖြစ်ပြီး သြဂုတ်က ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း များက ပထမဆုံးအနက်ရောင်ဖဲကြိုး တပ်ဆင်မှုဖြင့် ကန့်ကွက်ခဲ့ကြသေးသည်။

တောင်ကြီးမြို့တွင် ရှေ့နေအချို့ ဖဲကြိုးဝါလှုပ်ရှားမှုပြုလုပ်နေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
7Day Daily

No comments:

Post a Comment

My Blog List