Monday, September 21, 2015

UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့တွေ့ဆုံပွဲတွင် အပစ်ရပ် လက်မှတ်ထိုးမည့်ရက် မသတ်မှတ်နိုင်ခဲ့


ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့တို့ စက်တင်ဘာ ၂၀ ရက်အစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးရန် နေ့ရက် သတ်မှတ်နိုင်ခြင်းမရှိဘဲ အောက်တိုဘာလဆန်း၌ ထပ်မံတွေ့ဆုံရန် သဘောတူညီမှု ရရှိ ခဲ့သည်။

UPWC ဒုဥက္ကဋ္ဌ ဦးအောင် မင်းခေါင်းဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မိုင်းလား အဖွဲ့ (NDAA)၊ ပအိုဝ်း (PNLO)၊ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA) ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSPP/SSA) ၊ ရခိုင်လွတ်မြောက်ရေးပါ တီ (ALP)၊ ငြိမ်းချမ်းရေးကောင်စီ (PC) ၊ ကျောင်းသားတပ်မတော် (ABSDF) တို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်ရေး၊ လက်မှတ်ရေး ထိုးပွဲပူးတွဲကော်မတီဖွဲ့ စည်းရေးတို့ အတွက် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ ခြင်း ဖြစ်သည်။

သို့သော် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်စာချုပ် (NCA) လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်နိုင်ခြင်း မရှိခဲ့ဘဲ အောက်တိုဘာ ၃ ရက်တွင်ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူညီ ခဲ့ကြောင်း တိုင်းရင်း သားကိုယ်စားလှယ်များက ဆို သည်။

မြန်မာ့ငြိမ်းချမ်းရေး ပြန် လည် ထူထောင်ရေးဗဟိုဌာန (MPC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက စက်တင်ဘာ ၂၀ ရက် ညနေတွင် တိုင်းရင်း သား လက်နက်ကိုင်များနှင့် အစည်းအ ဝေးအပြီး ဆက်လက် ပြုလုပ်ခဲ့ သော လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ၌ ‘‘ဒီနေ့ပဲ ၀န်ကြီး ဦး အောင်မင်းက ဒါမလုပ်ခင် တိုင်း ရင်းသားလက်နက်ကိုင်ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးခဲ့ တယ်။ လက်မှတ်ထိုးဖို့ကိစ္စပါ။ တိုင်းရင်း သားတွေ ဘက်ကတော့ သူတို့ ဆောင်ရွက်ပြီးတဲ့ အချိန်မှာ ၀န် ကြီးနဲ့ ပြန်တွေ့ပြီး ရက်ပြန်သတ် မှတ်ဖို့ ပြောခဲ့တယ်။ ၀န်ကြီးက လည်း သဘောတူခဲ့ပါတယ်’’ဟု ပြောသည်။

စက်တင်ဘာ ၂၀ ရက်အ စည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့အားအစိုးရက ဖိတ်ကြား ခဲ့ပြီး ရှစ်ဖွဲ့တက် ရောက်ခြင်း ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS) တို့သည် ဗဟိုကော်မတီအစည်းအ ဝေးများကျင်းပနေ၍ တက်ရောက်နိုင် ခြင်းမရှိကြောင်း သတင်း ရရှိသည်။

မိုင်းလား (NDAA) အဖွဲ့ သည် ယခင် NCA ဆိုင်ရာအစည်း အဝေးများသို့ တက်ရောက်ခဲ့ခြင်းမရှိသော် လည်း ယခုအစည်း အဝေးတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။UPWC သည် စက်တင်ဘာ ၂၀ ရက်က အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ NCAနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ ကြောင်း သတင်းရရှိ သည်။

7Day News Journal

No comments:

Post a Comment

My Blog List