Tuesday, September 22, 2015

ရေလွှမ်းမိုးမှုကြောင့် စပါးခင်းများစွာ ပျက်စီးခဲ့၍ ပြည်ပသို့ဆန်ပို့မှု ရပ်သင့်ဟု စိုက်ပျိုးရေး ပညာရှင်ပြော


ရေကြီးနစ်မြုပ်မှုများ ကြောင့် စပါးစိုက်ဧက ၁ ဒသမ ၉ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ခြင်းသည် ပိုလျှံဆန်များ ဆုံးရှုံးခဲ့သော ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု ရပ်နားသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်း ၀င်းက ပြော သည်။

ပိုလျှံဆန်များ ဆုံးရှုံးခဲ့သဖြင့် နိုင်ငံခြားသို့ တင်ပို့မှုများရှိနေပါက လာမည့် ၂၀၁၆ တွင် ဆန်ဈေးများ မြင့်တက်နိုင်ပြီး စားနပ်ရိက္ခာအ ခက်အခဲများ ကြုံတွေ့နိုင်ရကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

‘‘ပိုလျှံဆန် မရှိတော့ဘူး။ တရုတ်ကို တင်ပို့တယ်ဆိုတာက ပိုလျှံဆန်ပို့နေတာ မဟုတ်လား။ ပိုလျှံဆန်က ပျက်စီးဆုံးရှုံးသွား တော့ နိုင်ငံခြား တင်ပို့နေတာ လည်း ရပ်သင့်တယ်။ စားနပ် ရိက္ခာအခက်အခဲကြုံရနိုင် တယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

တရုတ်နိုင်ငံသို့ ယခုနှစ်များ၌ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့နေ သည်။ ရေလွှမ်းမိုးမှုကြောင့် စပါးစိုက် ဧက ၁ ဒသမ ၉ သန်း ပျက်စီးဆုံးရှုံးမှု သည် ဆန်တန်ချိန် နှစ်သန်းပျက်စီးဆုံးရှုံးမှုနှင့် ညီမျှသည် ဟု ၎င်းက တွက်ချက်ပြသည်။

 ထို့ကြောင့်  မြန်မာနိုင်ငံတွင် ရေနှစ်ကြိမ်ကြီးခဲ့ပြီး စပါးများ ပြန်မစိုက်ပျိုး နိုင်သည်ကိုတွေ့ရှိရသဖြင့် ပြည်ပ ဆန်တင်ပို့မှု ရပ်နားသင့်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

‘‘အခု ရေမြုပ်ကာလ ရက် ၂၀ ထက် ကျော်ခဲ့တယ်။ တချို့ နေရာတွေမှာ တစ်လတောင်ရှိ တယ်။ အစိုးရက ပြန်စိုက်တယ်။ ဒါပေမဲ့ တကယ်တမ်းမြေ ပြင်မှာတော့ အစိုးရကြေညာထားတဲ့ စာရင်းလောက် ပြန်မစိုက်နိုင် ခဲ့ဘူး။ မျိုးစပါး အခက်အခဲရှိလို့’’ဟု ဒေါက်တာ ထွန်းဝင်းက ပြောသည်။

သို့သော် ယခုရေကြီးနစ်မြုပ်မှုသည် တစ်နိုင်ငံလုံး အတိုင်းအ တာနှင့် နှိုင်းယှဉ်ပါက လယ်ဧက အနည်းငယ် သာ ပါသွားခြင်း ကြောင့် အခြားဒေသ က ပြန်လည် ဖာထေးပေးနိုင်မည် ဖြစ်သဖြင့် စားနပ်ရိက္ခာ  အခက် အခဲကြုံ တွေ့ရလိမ့်မည်မဟုတ်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းရုံးချုပ်ရုံးအတွင်း ရေးမှူး ဦးရဲမင်းအောင် က ပြော သည်။

ပထမတစ်ကြိမ် ရေကြီးနစ် မြုပ်စဉ်က ပြန်စိုက်ပျိုး၍ရသည့် အနေအထား ဖြစ်ခဲ့သော်လည်း ဒုတိယအကြိမ် နစ်မြုပ်မှုကြောင့် လယ်များ ပြန်စိုက်မည်ဆို ပါက စိုက်ကာလကို ကျော်လွန်နောက် ကျနေမည်ဖြစ်၍ ပြန် စိုက်နိုင်လိမ့်မည်မဟုတ်ကြောင်း ဒေါက် တာထွန်းဝင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းရုံးချုပ်က ရေကြီးနစ်မြုပ်စဉ် ပြည်ပသို့ ဆန်တင်ပို့မှုကို ရပ်ဆိုင်းထားသော် လည်း ယခုအခါ ပမာဏကန့်သတ်၍ ပြန်လည်တင်ပို့ခွင့်ပြုထားသည်။

ယခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံ၊ မြေပြိုစသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော် ထိခိုက်ခံစားခဲ့ရပြီး စုစုပေါင်း လယ်မြေဧက ၁ ဒသမ ၄ သန်းခန့် ရေကြီးနစ်မြုပ်ခဲ့ကာ ဧကပေါင်း၁၀ သိန်းခန့် ပျက်စီးခဲ့ရသည်ဟု FAO က ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ကြောင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက် ခဲ့ပြီး ပြန်လည်စိုက်ပျိုးမှုကို အချိန်မီမလုပ်ဆောင်နိုင်ပါက လာမည့်နှစ်တွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နိုင် သည်ဟု သတင်းထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List