Thursday, September 24, 2015

အမတ်လောင်းမှားယွင်းဖော်ပြမိ၍ အမျိုးသားတိုးတက်ရေးပါတီ ဒီချုပ်အမတ်လောင်းကို ပြန်လည်တောင်းပန်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို မိမိပါတီ၏ ကိုယ်စားလှယ် လောင်း ထင်မှတ်ကာ လူမှုကွန် ရက်စာမျက်နှာပေါ်တွင် မှားယွင်း ဖော်ပြခဲ့မိသည့်အတွက် အမျိုး သားတိုးတက်ရေးပါတီက ပြန် လည်တောင်းပန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာ ၀တီမဲဆန္ဒနယ်(၁)မှ ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားတိုးတက် ရေးပါတီ ကိုယ်စားလှယ်လောင်း သည်ဦးဖြိုးသော်ဇင်ဖြစ်ပြီး ဒီချုပ်အမျိုးသမီးအမတ်လောင်းနှင့် မှား ယွင်းဖော်ပြခံခဲ့ရခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး သာယာ ၀တီ မဲဆန္ဒနယ်(၁)မှ ဒီချုပ်အ မတ်လောင်းဒေါ်မူမူခင်ကို အမျိုးသားတိုးတက်ရေးပါတီက ‘‘ဒေါ်မူမူခင် B.Ed ပညာရေးတက္ကသိုလ်’’ဟု စက်တင်ဘာ ၁၉ ရက်တွင် မှားယွင်းဖော်ပြမိခဲ့၍  ကာယကံရှင်ဒေါ်မူမူခင်အား အနူအညွတ်တောင်းပန်အပ်ပါကြောင်း အမျိုးသားတိုးတက်ရေးပါတီက စက်တင်ဘာ ၂၀ ရက်၌ ကြေညာချက်ထုတ် တောင်းပန်သည်။

‘‘ကျွန်တော်တို့ဆီက အိုင်တီ သမားက ကိုယ့်ပါတီက ထင်ပြီး မှားယွင်းဖော်ပြမိတာပါ’’ဟု ပါတီ ဥက္ကဋ္ဌဒေါက်တာနေဇင်လတ်က ပြောသည်။

လူမှုကွန်ရက်စာမျက်ပေါ် တွင် မှားယွင်းဖော်ပြခဲ့မိသည့် အဆိုပါ ဖော်ပြချက်ကိုလည်း အ မျိုးသားတိုးတက်ရေးပါတီက ပြန် လည်ပယ်ဖျက်ပေးခဲ့သည်။

‘‘သူတို့က တောင်းပန်တော့ လည်း ကျေပါတယ်မအေးစိန် ပေါ့။ မြန်မာလူမျိုးတွေပဲ’’ဟု ပါတီမှားယွင်းဖော်ပြခြင်းခံရသူ ဒီချုပ် အမတ်လောင်းဒေါ်မူမူခင်က ပြောကြားသည်။

ဒေါ်မူမူခင်သည် ၁၉၈၈ ခု နှစ်ကတည်းက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ခဲ့ပြီး ယခုကဲ့သို့ မှားယွင်းဖော်ပြခြင်း ခံရသဖြင့် စိတ်စနိုးစနောင့်ဖြစ်ခဲ့ ရကြောင်း ပြောသည်။ သို့သော် အမျိုးသားတိုးတက်ရေးပါတီ ဘက်က ပြန်လည်တောင်းပန်၍မဲဆွယ်စည်းရုံးရေးကာလအတွင်း နှစ်ဖက်ပါတီများ အလုပ်များနေသဖြင့် ကျေအေးကြောင်း ဒေါ်မူမူခင်က ဆက်လက်ပြောသည်။

ဒေါ်မူမူခင်နှင့် မှားယွင်းခဲ့ သော အမျိုးသားတိုးတက်ရေးပါ တီ ကိုယ်စားလှယ်လောင်းမှာ ဒေါ်မူမူခင်မိတ်ဆွေ၏ သားဖြစ် ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List