Tuesday, September 22, 2015

လက်နက်ကိုင်ဆောင်ခွင့် မရှိသည့် ရွေးကောက်ပွဲ အထူးရဲ ၄ သောင်းကို ၂ ပတ်ကြာ သင်တန်းပေးပြီးမှ အသုံးပြုမည်ဟု သိရ


နိုဝင်ဘာရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ရန် သာမန်ပြည်သူ ၄၀,၀၀၀ ခန့်အား “ရွေးကောက်ပွဲအထူးရဲ” အဖြစ် ခန့်ထား မည်ဟု တာဝန်ရှိသူများ က ပြောကြားခဲ့ပြီး ထိုအထူးရဲများ၏ တိကျ သော အခန်းကဏ္ဍနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်လျက်ရှိသည်။

“ပြည်သူ ၄၀,၀၀၀ ခန့်ကို ရွေးကောက်ပွဲအထူးရဲအဖြစ် အောက်တိုဘာ လလယ်ကစပြီး တစ်လကြာခန့်ထား မှာပါ” ဟု ရဲအရာရှိတစ်ဦး က ပြောကြားသည်။ ထိုအထူးရဲများမှာ လက်နက်ကိုင်ဆောင်မည် မဟုတ်ဘဲ ပုံမှန်ရဲများထက် လုပ်ပိုင်ခွင့် လျော့နည်းမည်ဟု ထိုအရာရှိ က ပြောကြား သော်လည်း ရွေးကောက်ပွဲတွင် လုံခြုံရေးအားဖြည့် ရန်နှင့် ပြဿနာများ ဖြစ်ပေါ်လာပါက ကြိုတင်သတိပေးရန်ဆိုသော အချက်များမှလွဲ၍ လုပ်ပိုင် ခွင့်နှင့် တာဝန်များကို တိကျစွာ ပြောကြားခြင်းမရှိပေ။

ရွေးကောက်ပွဲ အထူးရဲများကို အခြေခံရဲတပ်ဖွဲ့ လုပ်ငန်း များနှင့် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများကို ရက်သတ္တပတ် ၂ ပတ်ကြာ သင်တန်ပေးမည်ဟုဆိုသည်။

ရွေးကောက်ပွဲကို တရားဝင်စောင့်ကြည့်မည့် အဖွဲ့တစ်ခုဖြစ်သော Carter Center အဖွဲ့က မဲရုံလုံခြုံရေးနှင့် ပတ်သက် သည့် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင် အခန်းကဏ္ဍကို စိုးရိမ်မိသည်ဟု ဆိုသည်။

အထွေထွေရွေးကောက်ပွဲတစ်ခုကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ကလည်း “ရွေးကောက်ပွဲ အထူးရဲ” အစီအစဉ်နှင့်ပတ်သက်၍ အနည်းငယ်သာ သိရှိထားသည်ဟု ဆိုသည်။ “သူတို့ ဘာကြောင့် ဒီလိုစီစဉ်လဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ စေတနာ ကောင်းနဲ့လုပ်တာဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်ဦးဥာဏ်ဝင်းက AFP သို့ ပြောကြားခဲ့ သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List