Monday, September 21, 2015

အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ် ထိုးဖို့ အောက်တိုဘာလလယ်ရွေ့ ဆိုင်း


NCA တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို မူလက အောက်တိုဘာ ပထမပတ်အတွင်း လက်မှတ်ရေး ထိုးဖို့ လျာထားခဲ့ရာကနေ တိုင်းရင်းသား အဖွဲ့အချို့ ရဲ့ မေတ္တာ ရပ်ခံချက်အရ အောက်တိုဘာလလယ်ပိုင်းကို ရွှေ့ဆိုင်း လိုက်ကြောင်း MPC မြန်မာငြိမ်းချမ်းရေးဗဟိုအဖွဲ့ရဲ့ ထိပ်တန်းအရာရှိ တစ်ဦးက RFA ကို ဒီနေ့ ပြောကြားပါတယ်။

စာချုပ်မှာ ပါဝင်လက်မှတ်ထိုးမယ့်အဖွဲ့အစည်းတွေ ပိုမိုများပြားလာအောင် တိုင်းရင်းသားခေါင်းဆောင်တချို့ က ကြိုးပမ်းနေကြတဲ့အတွက်ထပ်မံရက်တိုး ပေးဖို့ တင်ပြတာကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ လက်ခံ လိုက်ပြီးနောက် NCA လက်မှတ်ထိုးမယ့်ရက်ကို အခုလို အောက်တိုဘာလ လယ်ပိုင်း အထိ ရွှေ့ဆိုင်း လိုက်တာဖြစ်ပါတယ်။

RFA

No comments:

Post a Comment

My Blog List