ဧည့်စာရင်းဖြင့် နေထိုင်သူများ မိမိနေထိုင်သည့် မဲဆန္ဒ နယ်တွင် မဲပေးနိုင် ရေးလျှောက် ထားသည့် မဲစာ ရင်းကို ထုတ်ပြန် တော့မည်မဟုတ်ဘဲ ရွေးကောက် ပွဲမတိုင်မီ တစ်ပတ်ခန့်အလိုတွင် ထုတ်ပြန်မည့် မဲပေး ခွင့်ရှိသူများ စာရင်း၌သာ ထည့်သွင်းထုတ်ပြန် မည် ဖြစ်ကြောင်း သတင်းရရှိ သည်။
သန်းခေါင်စာရင်းရှိသည့် နေရာတွင် နေထိုင်ခြင်းမပြုဘဲ အခြားမြို့နယ် တစ်ခု၌ ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်ပါက ယင်းမဲ ဆန္ဒနယ်တွင် မဲပေးနိုင်ရေးကော်မရှင်က သတ်မှတ်ထားသော ပုံစံ ၃(က)ဖြင့် လျှောက်ထားသည့် မဲဆန္ဒရှင်များကို ရည်ညွှန်း၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေး မှူးတစ်ဦးက ပြောကြားခြင်း ဖြစ်သည်။
‘‘၃(က)နဲ့ လျှောက်ထားမှု တွေကို သီးခြားမဲစာရင်းမထုတ် ပေးတော့ဘူး။ ရွေးကောက်ပွဲမစ ခင် တစ်ပတ် လောက်မှာ ကပ်မယ့် စာရင်းမှပဲ ထည့်တော့ မယ်။ ဘာ ကြောင့်လဲဆိုတော့ သူတို့ကို ရွေး ကောက်ပွဲမလုပ် ခင် ရက်ပေါင်း ၃၀ အလိုအထိ လျှောက်ထားခွင့် ပေးထားတဲ့အတွက် ဒီကြားထဲမှာ စစ်ဆေး မှုတွေလုပ်ရ ဦးမယ်။ ဒါ ကြောင့် သီးခြားထုတ်ပြန်ဖို့ အချိန်မရှိတော့ဘူး’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ဧည့်စာရင်းဖြင့် နေထိုင်သူ များမဲပေးခွင့်လျှောက်ထားရာ တွင် မိမိတို့မူလ နေထိုင်ခဲ့သည့် မဲဆန္ဒနယ်၌ ထုတ်ပြန်သည့် မဲစာရင်းတွင် အမည်ပါရှိရန် လိုအပ်ပြီး ယင်းကဲ့သို့ အမည်ပါရှိမှသာ ဧည့်စာရင်းဖြင့်နေထိုင် သည့် ဒေသသို့ ရွှေ့ပြောင်းမဲပေးခွင့်ရရှိမည် ဖြစ် ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက သတင်းစာရှင်း လင်းပွဲ၌ ပြောကြားထားသည်။
‘‘ကျွန်တော်တို့က အရင်ဒဂုံ မှာနေတာ။ ဒီကိုပြောင်းလာတာ ၂ နှစ်လောက် ရှိပြီ။ သန်းခေါင်စာ ရင်းက မပြောင်းရသေးတဲ့အ တွက် ဧည့်စာရင်းနဲ့ မဲပေးနိုင်ဖို့ လျှောက်ထားတယ်။ ဒီတစ်ခေါက် မဲစာရင်းမှာ ပါမယ်ထင်တာမပါ ဘူး။ ဒီကြားထဲမှာ မဲစာရင်းထပ် မထုတ်တော့ဘူးဆိုတော့ ကျွန် တော်တို့ လျှောက်ထား တာပါ၊ မပါဆိုတာ ဘယ်လိုသိရတော့မလဲ။ အနားကပ်တော့မှ ကြေညာပြီး မပါခဲ့ရင် အလကားနေရင်း မဲပေး ခွင့်ဆုံးရှုံးရမယ့် အခြေအနေ ဖြစ် နေပြီ’’ဟု တောင်ဥက္ကလာပမြို့ နယ်နေ အငြိမ်းစားဝန်ထမ်း ဦးမောင် သိန်းက ပြောသည်။
ထိုသို့ပုံစံ ၃(က)ဖြင့် လျှောက်ထားရာတွင် မူလသန်းခေါင်စာ ရင်းရှိသည့် မြို့နယ်၌ အမည် မပါရှိပါက ယင်းနေရာတွင် မိမိအ မည်ပါရှိစေရန် ဦးစွာဆောင်ရွက် ရမည်ဖြစ်ပြီး အမည်စာရင်းပါ ရှိမှသာ ဧည့်စာ ရင်းဖြင့် နေထိုင် သည့် မြို့နယ်သို့ ရွှေ့ပြောင်းခွင့်ရှိ မည်ဖြစ်သည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် ဒေသ ပေါင်းစုံမှ လာရောက်နေထိုင်လုပ်ကိုင်နေ သူအများအပြားရှိပြီး အိမ်ခြံမြေ ဈေးနှုန်းများကြီးမြင့်လွန်း၍ အိမ်
ငှားဖြင့်သာ နေထိုင်ကြရပြီး ဧည့် စာရင်းဖြင့် နေထိုင်သူများပြား သည်။
7Day News Journal
No comments:
Post a Comment