Monday, September 21, 2015

NLD ပါတီကို မဲမပေးရန် မဘသ ဘုန်းတော်ကြီးများ တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုမဲမပေးရန် အမျိုးဘာသာသာနာစောင့်ရှောက်ရေးအဖွဲ့ (မ .ဘ.သ) ဗဟိုအဖွဲ့ဝင် မြတောင် ဆရာတော်က တိုက်တွန်း မိန့်ကြားလိုက်သည်။ စက်တင်ဘာလ (၂၀) ရက်နေ့က ပြုလုပ်သော မျိုးစောင့် ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် တက်ရောက် လာသော ဆရာတော် သံဃာတော်များနင့် လူပုဂ္ဂိုလ် (၁၅၄၂၇) ဦးအား တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

''အစ္စလာမ် ဘာသာ ပံ့ပိုးပေးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူးလား'' ဟု မြတောင် ဆရာတော်က မိန့်ကြားခဲ့ပြီး တက်ရောက် လာသူများက ''မပေးပါဘူး ဘုရား'' ဟု ပြန်လည် လျှောက်တင်ခဲ့သည်။ 

ထို့နောက် ဆရာတော်က 'ဘယ်ပါတီလဲ' ဆက်လက်မေးရာ တက်ရောက်လာသူများက “ NLD ပါတီပါ ဘုရား'' ဟု ဖြေကြားရာ ဆရာတော်က ''အေး ကိုယ့်ဘာသာသိ'' ဟု မိန့်ကြားခဲ့သည်။

အမျိုးဘာ သာသာနာကို စောင့်ရှောက်နိုင်သော ပါတီကိုသာ မဲပေး၍ အမျိုးဘာသာ သာသနာကို ဖျက်ဆီး မည့် ပါတီများ တိုင်းပြည်ကို အုပ်ချုပ်ပါက ဒုက္ခရောက်သွားနိုင်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြား သည်။

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည် မျိုးစောင့် ဥပဒေ ထောက်ခံကြိုဆိုပွဲသို့  (မ ဘ .သ) ဗဟိုဥက္ကဌ ဆရာ တော် ဘဒ္ဒန္တတိလောကဘိဝံသမှ သ၀ဏ်လွှာ တစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာကို တက်ရောက် လာသူများအား ဖတ်ကြား ပြခဲ့သည်။

မျိုးစောင့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းရာတွင် မထောက်ခံသူများ၊ ကန့်ကွက်သူများ ၂၀၁၅ ရွေး ကောက်ပွဲတွင် အနိုင်ရသွားပါက မြန်မာ့ မျိုးစောင့် ဥပဒေ ကို ဧကန်မုချ ဖျက်ပစ်ကြမည် ဖြစ်သဖြင့် မျိုးစောင့် ဥပဒေကို ဖျက်ဆီးမည့်သူများ အားရှောင်ကွင်း၍ မျိုးစောင့် ဥပဒေကို ကာကွယ်မည့် သူများကို ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရန်လည်း အဆိုပါ သ၀ဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။

''ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှာလည်း ထေရ၀ါဒဗုဒ္ဓ သာသနာထွန်းကား ပြန်ပွားအောင် ရှင်အရဟံကနေ လုပ်ခဲ့တာ ရှိတယ်။ အဲဒီတော့ အခုလက်ရှိမျိုးစောင့် ဥပဒေကို ထောက်ခံ ကြိုဆိုနေတဲ့ ရဟန်း သံဃာတော်တွေက ထေရ၀ါဒ ဗုဒ္ဓဘာသာတွက် ပရိယတ္တိ၊ ပတိပတ္တိ ပရိဝေဒ လုပ်ငန်းစဉ် အနေနဲ့ သာသနာတော် ပြန့်ပွားရေးကို ဆောင်ရွက်တာလား၊ ပါတီကြီး တစ်ခုကို တိုက်ခိုက် အပုပ်ချပြီးတော့ အခြား ပါတီတစ်ခု အတွက် ပါတီနိုင်ငံရေး တက်ကြွ လှုပ်ရှားမူ လုပ်နေတာလား ဆိုတာတော့ ကွဲကွဲ ပြားပြား ဖြစ်စေချင်တယ်'' ဟု ပုသိမ်ဒေသခံ ကိုမျိုးလင်းကို ကပြောသည်။

Messenger News Journal

No comments:

Post a Comment

My Blog List