Monday, September 21, 2015

လောက်ကိုင်ဒေသ အခြေအနေ ပြန်တည်ငြိမ်ဟု တပ်မတော် ထုတ်ပြန်


လောက်ကိုင်ဒေသသည် လုံခြုံ၍ တည်ငြိမ်အေးချမ်းသော အခြေအနေကို ပြန်လည်ရောက်ရှိနေပြီ ဖြစ် ကြောင်း တပ်မတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ထို့အပြင် လောက် ကိုင်ဒေသတွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အတွက် လည်း တပ်မတော်အနေနှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တိုက်ပွဲပေါင်း ၄၈၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။

အဆိုပါဒေသတွင် နယ်မြေလုံခြုံမှုများ ရှိနေပြီ ဆိုသော်လည်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိ၊ မရှိကို အတိအကျ မပြောနိုင်သေးကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်က ဆိုသည်။

“ကျွန်တော်တို့ကတော့ လောက်ကိုင်မှာရှိတဲ့ လူစာရင်းတွေကို ကောက်ပြီး ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ထားတယ်။ ကျင်းပခွင့်ရမလား ဆိုတာတော့ သူတို့ဆုံးဖြတ်လိမ့်မယ်” ဟု ဦးပွင့်က ဆိုသည်။

ထို့အပြင် သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပသည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တတိယအကြိမ် စစ်အုပ်ချုပ်ရေး ရက် ပေါင်း ၉၀ ထပ်မံ တိုးမြှင့်လိုက်ကြာင်း အတည်ပြု ဆုံးဖြတ်ထားသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပုဒ်မ ၁၄၄၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ကာ အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)
The Voice Weekly

No comments:

Post a Comment

My Blog List