Tuesday, September 22, 2015

ကာမလိမ်လည်ရယူမှုကို တရားစီရင်မှုအပေါ် မကျေနပ်၍ အမျိုးသမီးအချို့ တရားရုံးကို ဆန္ဒပြ


စစ်ကိုင်းတိုင်း ခင်ဦးမြို့ နယ်တွင်  အမျိုးသမီးတစ်ဦးကို ကာမလိမ်လည်မှု ကျူးလွန်ခဲ့ သည်ဆိုသူအား မြို့ နယ်တရားရုံး ၏တရားစီရင်ခြင်းကို မကျေနပ်သဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ဒေသခံအမျိုးသမီးအချို့ ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ် ကံသစ်စံပြကျေးရွာမှ အမျိုးသမီးကို တစ်ရွာတည်းနေ စည်သူအောင်ဆိုသူက လိမ်လည်ပေါင်း သင်းခဲ့ပြီးနောက် ကလေးတစ်ယောက် ရရှိခဲ့ရာ ၎င်းက တာဝန်မယူဘဲ ငြင်းဆန်ခဲ့သဖြင့် အဆိုပါအမျိုးသမီး က ကာမလိမ်လည်ရယူမှုပုဒ်မ ၄၁၇ ဖြင့် ဇန်နဝါရီ ၂ ရက်က တရားစွဲဆိုခဲ့သည်။

ထိုအမှုကို သြဂုတ် ၂၄ ရက်တွင် တရားရုံးက အမိန့်ချရာ ကိုစည်သူအောင်ကို တရားသေလွှတ် ပေးခဲ့ သောကြောင့် တရားရုံးကို မကျေနပ်သဖြင့် ကံသစ်စံပြကျေးရွာမှ အမျိုးသမီးအချို့နှင့် အမျိုးသမီးရေး ကူညီဆောင်ရွက်ပေးသူများက ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင် လူဦးရေ ၃၀ ကျော်ပါဝင်ခဲ့ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ခင်ဦးမြို့ မြို့ပတ် လမ်း(လမ်းမတော်)တစ်လျှောက် မှ တရားရုံးအထိ လမ်း လျှောက်၍ ဆန္ဒပြခဲ့သည်။

‘‘ခင်ဦးမြို့နယ်တရားသူကြီး က ကျွန်မတို့ အမျိုးသမီးတွေအ ပေါ် လုပ်ပိုင်ခွင့် အာဏာကို ခုတုံး လုပ်တစ် ဖက်သတ် ဘက်လိုက် တရားစီရင်လို့ အခုလို ဆန္ဒပြရ တာပါ။ နောက်ထပ် ကျွန်မလို အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး တွေ မပေါ်ပေါက်ဖို့ အခုလို ဆန္ဒ ထုတ်ဖော်ရတာပါ’’ဟု တရားလို အမျိုးသမီးက ပြောသည်။

ဆန္ဒထုတ်ဖော်မှုနှင့် ပတ် သက်၍ ခင်ဦးမြို့နယ်တွဲဖက်တ ရားသူကြီး ဒေါ်ထိပ် ထားလေးက ‘‘ကျွန်မတို့က တော့ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ တရားစီရင် ခဲ့ တယ်လို့ပဲ ပြောချင်ပါတယ်။ တ ရားလိုဘက်က မကျေနပ်ဘူးဆို ရင်လည်း ဥပဒေလုပ်ထုံးလုပ်နည်း နဲ့အညီ အထက်ကို အယူခံတက် ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီ ခေတ်မှာလည်း ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိ ပါတယ်’’ဟု ပြောသည်။

တရားလိုဘက်က မြို့နယ်တ ရားသူကြီး၏တရားစီရင်ချက်အပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၄ ရက် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ (ပြည်သူ့ လွှတ်တော်)နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရုံးများသို့ တိုင်ကြားစာများပေးပို့ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်ကလည်း တိုင်းတရားလွှတ်တော်သို့အယူခံလျှောက် လွှာတင်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် မြို့နယ် တရားရုံး၏တရားစီရင်မှုနဲ့ပတ်သက်၍  ၂၀၁၄ မေလပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၅ ဇွန်လပိုင်းတွင် တစ်ကြိမ်နှင့် ယခုတစ်ကြိမ် စုစု ပေါင်း ၃ ကြိမ် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List