Wednesday, September 23, 2015

ပြည်ခိုင်ဖြိုးနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဟု ရွှေပြည်သာကိုယ်စားလှယ်ပြောကြား


လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရပြီး အစိုးရ ဖွဲ့နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြော သည်။

‘‘ကျွန်တော်တို့နိုင်မှ ပါတီနိုင် မယ်။ ပါတီနိုင်မှ ကြံ့ခိုင်ရေးအစိုးရ ပေါ်လာမယ်။ ကြံ့ခိုင်ရေးအစိုးရ ပေါ်လာမှ တိုင်းပြည်ကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်’’ဟု လာ မည့်ရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆိုသည်။

လာမည့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေ ပြည်သာမြို့နယ်၌ ၀င်ရောက်ယှဉ် ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ် တော်ကိုယ်စားလှယ်လောင်းများ နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကို စက်တင်ဘာ ၂၂ ရက် နံနက်က ရွှေပြည်သာမြို့နယ် အမှတ် (၂၃) ရပ်ကွက် (၀ါးတရာ)တွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် လက်ရှိပြည် ခိုင်ဖြိုးပါတီ၏ ရွှေပြည်သာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဖြစ်ပြီး လာမည့်ရွေးကောက်  ပွဲ၌လည်း ထပ်မံဝင်ရောက် ရွေးချယ်ခံမည့် ဦးတင်မောင်ဦးက လာ မည့်ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးပါတီအနိုင်ရရေးအတွက် မဲ ဆွယ်ရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေသ ခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ရွှေပြည်သာမြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးကဏ္ဍများ၌ ဆောင် ရွက်ပေးခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများ ကို ပြည်သူများအားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည်မဲထည့်ပေးရန် ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောကြသည်။

တက်ရောက်လာသော ဒေသခံအများစုသည် ရွေးကောက်ပွဲ တွင် အပြောတစ်မျိုးအလုပ်တစ် မဟုတ်သူများကိုသာ မဲထည့်ပြီး ရွေးချယ်လိုကြောင်း 7Day Daily သတင်းစာ၏ မေးမြန်းမှုများအရ သိရသည်။

‘‘ကျွန်တော်ကတော့ ပြော တော့တစ်မျိုး၊ လုပ်တော့တစ်မျိုး လူတွေကို မကြိုက်ဘူး။ အခုထိ တော့ ဘယ်သူက လူကောင်းလဲ ဆိုတာ လေ့လာနေတုန်းပဲ’’ဟု ရွှေ ပြည်သာမြို့နေ ကိုဇော်မျိုးက ပြော သည်။

စက်တင်ဘာ ၂၂ ရက်က ပြု လုပ်သော ပြည်သူလူထုနှင့် တွေ့ ဆုံပွဲသို့ လာမည့်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွှေပြည်သာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည့် ဦးတင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးရန်နိုင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်စန်းစန်းနွယ်တို့ တက်ရောက်ခဲ့ကြသည်။


7Day News Journal

No comments:

Post a Comment

My Blog List