Thursday, September 24, 2015

သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(၁) ဖွင့်လှစ်ချိန်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီးဟုဆို


သီလ၀ါအထူးစီးပွားရေး ဇုန် စတင်ဖွင့်လှစ်ချိန်တွင် ဂျပန် ကုမ္ပဏီများ  အပါအ၀င်  နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုအား ရင်းနှီးမြှုပ်နှံခွင့်ပြု ထား ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှသတင်း ရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း (၁)ကို စက်တင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိ ကြောင်းသိရသည်။

‘‘သီလ၀ါ အထူးစီးပွားရေး ဇုန်က ရန်ကုန်မြို့ပြင်မှာရှိပြီး စီး ပွားရေးဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်း တွေရမှာဖြစ်တယ်’’ဟု ဂျပန်နိုင်ငံ စီးပွားရေး၊ကုန်သွယ်ရေးနှင့် စက် မှုလက်မှုဝန်ကြီး မစ္စတာ ယိုဆုကဲ တာကာဂျိက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီက မြန်မာနိုင်ငံ တွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သည် ကုမ္ပဏီပေါင်း ၂၁၁ ခုသာ ရှိပြီး လက်ရှိတွင် ကုမ္ပဏီပေါင်း ၂၆၀ အထိ တိုးမြှင့်လာပြီဖြစ် သည်။ သီလ၀ါအထူးစီးပွားရေးဇုန် တွင် မြေနေရာကို ၂၀၁၄ မေလက စတင်ရောင်းချပေးခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီအများ စုဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီလ၀ါ အထူးစီးပွားရေးဇုန် ဒုတိယပိုင်းအဖြစ် ဟက်တာ ၅၀၀(ဧက ၁၂၅၀) ကို ထပ်မံအကောင်အထည်ဖော်ရန် စက်တင်ဘာ ၂၃ ရက်က ဂျပန်- မြန်မာနှစ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ကို ရန်ကုန်မြို့တောင်ဘက် ကီလို မီတာ ၂၀ အကွာရှိ ကျောက်တန်း မြို့နယ်တွင် ၂၀၁၃ နိုဝင်ဘာက စတင်အုတ်မြစ်ချပြီး ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း ဖြင့် အကောင်အထည်ဖော်ခဲ့သည်။

တည်ဆောက်အကောင်အ ထည်ဖော်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီစီးချိန်တွင် အပိုင်း(၁)ကို စတင် ဖွင့်လှစ်ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List