Thursday, September 24, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် သတင်းမီဒီယာများအား လက်ခံ တွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြား









ဦးကျော်မျိုးမင်း- ဗိုလ်ချုပ်မှူးကြီးခင်ဗျာ၊

မင်္ဂလာပါ။ ကျွန်တော်က ပြည်မြန်မာဂျာနယ် သတင်းထောက်ချုပ် ကျော်မျိုးမင်းပါ ခင်ဗျာ။ ကျွန်တော်မေးမယ့် မေးခွန်းကတော့ အခုနက အစ်မတစ်ယောက်မေးတဲ့ဟာနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမဲ့ကျွန်တော်ထပ် ဖြည့်ချင်တာကတော့ လာမည့်ရွေးကောက်ပွဲ အပြီးမှာပေါ့လေ မတော်တဆများ NLD ကအပြတ်အသတ် အနိုင်ရသွားတဲ့ အချိန်ပေါ့။ အာဏာမလွှဲခင် ကာလကြားမှာ သုံးလေးလအတွင်းမှာ တိုင်းပြည်မှာဆူဆူပူပူ ဖြစ်ပြီးတော့ အာဏာပြန်ပြီး ၁၉၉၀ တုန်းကဖြစ်သလို အာဏာပြန်သိမ်းရတဲ့ဖြစ်စဉ်မျိုးများ မတော်တဆ ဖြစ်ခဲ့ မယ်ဆိုရင် တပ်မတော်အနေနဲ့ ပါဝင်ချင်စိတ်ရောရှိပါသေးသလား ပထမတစ်ချက်သိချင်ပါတယ်။ 

ဒုတိယတစ် ချက်အနေနဲ့ တပ်မတော်ကနိုင်ငံတကာမှာ Standard Army ဖြစ်အောင် ကြိုးစားလာတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ တစ်ဆက် တည်းမှာလည်း အိမ်နီးချင်းနိုင်ငံ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်းတို့ အိန္ဒိယ၊ တရုတ်တို့က အင် အားကြီးတဲ့ ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်တဲ့ နိုင်ငံတွေရှိလာတယ်။ မြန်မာ့တပ်မတော်ဟာ ပင်လယ်ရေပြင် စိုးမိုးရေးမှာလည်း အားနည်း ချက်တွေရှိတယ်လို့ ကျွန်တော်တို့ သိထားရပါတယ်။ မြန်မာ့တပ်မတော်အတွက် ရေငုပ် သင်္ဘောဝယ်ယူမယ့် အခြေအနေ ရှိ/မရှိနဲ့ အဲဒါကလည်း မျှော်မှန်းချက်အခြေအနေနဲ့ ပဲခုမှလျာထားဆဲပဲ ရှိသေးတယ်ဆိုတော့ အဲဒီရည်မှန်းချက်ကတော့ ဘယ်နေ့ဘယ် အတိုင်းအတာမှာ ဖြစ်မြောက်ရမယ်လို့ မျှော်မှန်းထားတာရှိပါသလား။ 

ဘာလို့လည်း ဆိုတော့ တစ်ဖက်မှာလည်းလွှတ်တော်က လည်း ဘတ်ဂျက်ကိစ္စ တွေက တပ်မတော်အတွက် အခက်အခဲဖြစ်စေတယ်လို့ သိထားလို့ပါ။ တစ်ဆက်တည်းမှာပဲလေ ဒီတပ်မတော်က ရေပြင်၊ ဝေဟင် စိုးမိုးရေး၊ တောတောင်ရေမြေ ဒေသတွေ ဝေဟင်စိုးမိုးမှုနဲ့ လက်နက်ကိုင် တွေရှိတဲ့ နယ်စပ်မှာရှိတဲ့ တပ်မတော် အရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ တပ်မတော်ရဲ့မြေပြင်စိုးမိုးမှု၊ ဝေဟင်စိုးမိုးမှုတွေ ဘယ်လောက်အတိုင်း အတာအထိ လုပ်နိုင်ပြီလဲဆိုတာသိချင်တာပါ။ သစ်ခိုးထုတ်တဲ့ ကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်။ နောက်ကျွန်တော်တို့ မသိ နိုင်တဲ့ တရားမ၀င် နယ်စပ် ဖြတ်ကျော်လူကုန် ကူးမှု တရားမ၀င်ကိစ္စတွေဖြစ်ခဲ့တယ်ဆို တော့ တပ်မတော်အနေနဲ့ ဘယ်လောက် အထိ စိုးမိုးမှုရရှိထားပြီးလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး- ပထမတစ်ပိုင်းကတော့ မတော်တဆဖြစ်ခဲ့ရင်ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့တော့ တွက်တယ်။ ပြည်သူတွေရဲ့ Mature ဖြစ်မှုကိုလည်း စကားပြောတာပေါ့။ အခုဖြစ် နေတဲ့ နိုင်ငံရေးဆန္ဒပြမှုတွေဟာ Mature မဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိတာပေါ့။ ဖြေသိမ့်နိုင်စွမ်း မရှိလို့ဖြစ်ကြတာ။ မတော်တဆများဖြစ်ခဲ့ရင်တော့ တပ်မတော်အပိုင်းအနေနဲ့ ပြောရင်တော့ ဥပဒေအရပဲ လုပ်ရမှာဖြစ်ပါတယ်။ နံပါတ်တစ်အချက်ကတော့ ဥပဒေအရလုပ် ဆောင်တာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ အရင်ပြည်ပသတင်းဌာနတွေကမေးခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးတော့တရားသဖြင့် ဥပဒေနဲ့ညီညွတ်ပါတယ်လို့ ပြောလိုက်ရင် လက်မခံစရာ အကြောင်း မရှိဘူးလို့ ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ ပြည်သူလက်ခံဖို့ လိုအပ်ပါတယ်။ ယှဉ်ပြိုင် ဘက်ရှိပါလိမ့်မယ်။ အဖြူရှိမယ်။ အမည်း ရှိမယ်။ အနီရှိမှာပေါ့။ အဖြူကနိုင်လို့ အမည်းနဲ့ အနီက မကျေနပ်ဘူးဆိုရင်တော့ စိတ်ထဲ မှာတော့ရှိမှာပေါ့၊ ရှုံးတဲ့သူမခံချိမခံ သာဖြစ်မှာပေါ့။ သို့သော်လည်း လက်ခံရမှာပဲ။ အမည်းကနိုင်ရင်လည်း အဖြူနဲ့အနီက လက်ခံရမှာပေါ့။ အနီကနိုင်ရင်လည်း အဖြူ နဲ့ အမည်းက လက်ခံရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ကလည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒီအတိုင်းပဲသွားရမှာ။ ဒါကြောင့် တတ်နိုင်သလောက်တော့ ဒီအပေါ်မှာ၊ ရလဒ်အပေါ်မှာ ကျေနပ်ဖို့တော့လိုတယ် ဆိုတဲ့ အဖြေတစ်ခုတော့ ပေးတယ်။ ဒီအပေါ်မှာမှ မကျေမနပ်နဲ့ လုပ်တာတွေ ရှိခဲ့ရင်လည်း သူ့ရဲ့ Step တွေရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်း လုပ်တဲ့ Step တွေ လည်းရှိပါတယ်။ နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်တဲ့ သူတွေရဲ့ Step တွေလည်းရှိတာပေါ့။ 


အဲဒီမှမလုံလောက်ရင် သမ္မတကနေပြီးတော့ မှ အရေးပေါ်အခြေအနေကြေညာပြီးတော့ သွားတာ တွေရှိပါတယ်။ နောက်ဒုတိယ အချက် ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီးတော့ ရေငုပ်သင်္ဘောကတော့ဗျာ တိုင်းပြည်အတွက် ရှိတာတော့ အကောင်းဆုံးပေါ့။ မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းက ရေမိုင် ၁၃၈၀ လောက် ရှိပါတယ်။ တော်တော်ရှည်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တချို့နိုင်ငံကလည်း ကျွန်တော့်ကို ပြောကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း လိုချင်တဲ့အတွက်ကြောင့် ကြိုးစားနေတာတွေ ရှိတယ်။ ကျွန်တော် ထင်တယ်လေ။ နောက်သုံးလေး နှစ်လောက်ဆိုရင် မြန်မာနိုင်ငံမှာ ရေငုပ် သင်္ဘောမြင်ရမယ်လို့ ထင်ပါ
တယ်။ 

တိုင်းပြည်ကာကွယ်ရေးမှာ ကျွန်တော်တို့အရင်တုန်းက ပင်လယ်သယံဇာတ
ပစ္စည်းတွေ၊ ရေပေါ်ရေအောက် သယံဇာတပစ္စည်းတွေ တော်တော်များအခိုး
ခံရတဲ့ဟာ တွေရှိပါတယ်။ ဒါတွေလည်း သိပါတယ်။ မကာကွယ် နိုင်ဘူး။ ၁၉၉၀ နောက်ပိုင်းမှာတော့ ရေတပ်တွေတိုးချဲ့တဲ့အတွက်ကြောင့် တော်တော်လေးကာကွယ်နိုင်တာ တွေရှိခဲ့ပါတယ်။ သို့သော်လည်းပဲ မပြည့်စုံပါဘူး။ ပြည်တွင်းမှာ တည်ဆောက်တာတွေလည်း လုပ်နေပါတယ်။ ကျွန်တော်တို့တပ်မ တော်အနေနဲ့ရေတပ်မှာ ဖရီးဂိတ်စစ်ရေယာဉ်တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သာမန် အားဖြင့် မီတာ ၁၅၀ အောက် စစ်ရေယာဉ်တွေ ဆောက်နိုင်ပါတယ်။ လက်နက်တွေလည်း တပ်ဆင်နိုင်ပါတယ်။ သို့သော်လည်းပဲ နည်းပညာပိုင်းဆိုင်ရာမှာ တချို့လိုအပ်ချက် တွေရှိပါတယ်။ ဒါကြောင့် ကျွန်တော် ပြည်ပကနေ ပြီးတော့ နည်းပညာမြင့်မားတဲ့ ကင်းလှည့် ရေယာဉ် ၄ စီးဝယ်ဖို့ ကြိုးစားတာပေါ့။ မကြာခင်မှာ ကျွန်တော်တို့ဆီ ရောက်ပါလိမ့်မယ်။ 

အဲဒါဆိုရင်တော့ အဲဒါတွေက ပင်လယ်ကမ်းခြေကာကွယ်ရေးအတွက် အထောက်အက ဖြစ်ပါလိမ့်မယ်။ အဲဒီကနေ ပြီးတော့ကျွန်တော်တို့ကြိုး စားတယ်ဆိုတာ ဒီထက်အဆင့်မြင့်တဲ့ဟာ တွေအထိ သွားနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လေတပ်ကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ ခေတ်မီ တပ်မတော် ဖြစ်ရေးအတွက် (ကြည်း၊ ရေ၊ လေ)အကုန် လုံးလုပ်ရတာဖြစ်ပါတယ်။ လေတပ်ဆိုလို့ရှိရင် အရင်ကကျွန်တော်တို့ဆီမှာ အရှေ့ တောင်အာရှမှာ ပထမဆုံး ဂျက်တိုက် လေယာဉ် မြန်မာနိုင်ငံက စသုံးတာဖြစ်ပါ တယ်။ အဲဒီနောက်ပိုင်းမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်တို့ဆက်ပြီးတော့ မတိုးချဲ့နိုင်တော့ပါဘူး။ တပ်မတော် အစိုးရလက်ထက်မှာ F-7 တို့ MIG-29 တို့ ၀ယ်ယူသုံးစွဲခဲ့တာတွေ ရှိပါတယ်။ တချို့ဟာတွေလည်း upgrade လုပ်ရတာ တွေ ရှိပါတယ်။ တချို့ဟာတွေလည်း upgrade မလုပ်နိုင်တာတွေလည်း ရှိပါတယ်။ နောက်ထပ်လည်း ၀ယ်ယူတပ်ဆင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေတာ ရှိပါတယ်။ နောက် တိုက်လေယာဉ်နဲ့လည်း မရဘူး။ ကင်းထောက်လေယာဉ်ပျံတွေ၊ နောက် တစ်ခါ ဗုံးကြဲလေယာဉ်ပျံတို့၊ ပို့ဆောင်ရေး လေယာဉ်ပျံတို့ ဒါတွေလည်း လိုပါသေးတယ်။ လေယာဉ်ပျံတစ်ခုတည်းနဲ့ လည်း မရဘူး။ သူ့ရဲ့ Ground Facilities တွေလည်း အများကြီးလိုပါတယ်။ အင်မတန်ရှုပ်ထွေးတယ်။ လေယာဉ်ပျံတစ်ခုကို ၀ယ်လိုက်ပြီဆိုတာနဲ့ အဲဒီမှာရှိတဲ့ ဒီ Part တွေနဲ့ပတ်သက်ပြီးတော့ သူက နှစ်အလိုက် လဲရမှာရှိတယ်၊ နာရီအလိုက်လဲရမှာရှိတယ်။ ဒါတွေလည်း မဖြစ်မနေ လဲရမှာပေါ့။ လေယာဉ်ပျံမှာ မလဲလို့ မရတဲ့ဟာတွေရှိတယ်။ ဒါကြောင့် လေတပ်တစ်ဖွဲ့ ထူထောင်တယ်ဆိုတာ အင် မတန်ကို ပိုက်ဆံအကုန် အကျများပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောဖူးပါတယ်။ အဲဒီ တုန်းက ၄၇ ခုနှစ်ကပြောတာ အစီး ၅၀၀ လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ အခုထိ အဲဒီအစီး ၅၀၀ မရှိပါဘူး။ ကျွန်တော်တို့လည်း လေကြောင်း ကင်းထောက်မှုတွေ လုပ်တယ်။ တချို့ဟာကျတော့လည်း လေကြောင်းကင်းထောက်မှုမှာ ကျွန်တော် တို့တွေ့တယ်။ ဒီလိုပဲ ကျွန်တော်တို့လည်း တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းတွေ မဆုံးရှုံးအောင်လည်း ကာကွယ်နေတာရှိပါတယ်။ လေကြောင်းကတော့ Air Superiority ကတော့ စစ်ပွဲမှာတော့ လေကြောင်းအကဲ သာမှုတန်ဖိုးက Attack ကိုရတယ်။ ကျွန်တော်တို့ စစ်ခေါင်းဆောင်တွေအကုန်လုံးသိတယ်။ နိုင်ငံတော်ပိုင်း ပြောရလို့ရှိရင် လိုအပ်ချက်လည်း အများကြီးဖြည့်ဆည်းပေးတယ်။ လိုအပ်တဲ့အတွက်ကြောင့် နိုင်သလောက် ပေါ့လေ လုပ်နေတာတော့ ရှိ
တယ်လို့ ပြောပါရစေ။

ဦးထိုက်သူဇော်- ဟုတ်ကဲ့ကျွန်တော်စံတော်ချိန်သတင်းစာကပါ။ ဟိုဟာ တချို့မေးခွန်း တွေကတော့ ရှေ့ကမေးပြီးသွားပြီပေါ့။ ကျွန်တော် တစ်ခုသိချင်တာက ဗိုလ်ချုပ်မှူးကြီး အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဒီဖြစ်လာမယ့် အစိုးရတစ်ရပ်ကို လက်ခံပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီတပ်မတော် ရဲ့ သဘောထားတစ်ရပ်ကို ပြောထားခဲ့တယ် ခင်ဗျ။ ဟိုဟာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီ ၂၀၁၆ မှာ အငြိမ်းစားယူနိုင်တဲ့ အနေအထား ပေါ့နော်။ ဒီလိုမျိုးအခါကျရင် ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲဖြစ်သွားတဲ့ အခါ မှာ ဘယ်လိုမျိုး မူဝါဒတွေပြောင်းလဲမှု ဖြစ် သွားနိုင်မလဲပေါ့နော်။ နောက်တက်လာမယ့် အစိုးရအပေါ်မှာ။ ဒါလေးပါပဲ ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - မူဝါဒအနေနဲ့ပြောင်းစရာတော့မရှိဘူး။ ဘာလို့လည်းဆိုတော့ အခြေခံဥပဒေက တပ်မတော်ရဲ့ အခန်းကဏ္ဍတွေ ရှိပါတယ်။ ပေးထားပြီးသားပါ။ တပ်မတော်က ဒီနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကို ကာကွယ်ဖို့၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့စောင့်ရှောက်ဖို့။ ဒါကတော့ နံပါတ်တစ်အချက်ပေါ့။ ကျွန်တော်အခုနကပြောတဲ့ သုံးချက် ကျွန်တော်ပြောပါတယ်။ နိုင်ငံတိုင်းဟာ မိမိရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ကာကွယ်ပိုင်ခွင့်ရှိတယ်။ နိုင်ငံတိုင်းဟာ မိမိရဲ့နိုင်ငံ ရှင်သန် ရပ်တည်မှုအတွက် လုပ်ပိုင်ခွင့်ရှိတယ်။ နိုင်ငံတိုင်းဟာ မိမိနိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ပြော ထားပါတယ်။ အခြေခံမူမှာလည်းပါတယ်။ နောက်တပ်မတော်ရဲ့ အခန်းကဏ္ဍ မှာလည်း ပါပါတယ်။ ဒီဟာက ကျွန်တော်ကျော်လွှားပြီးလုပ်လို့မရပါဘူး။ ဒီမူဝါဒပဲသွားရမှာဖြစ်ပါတယ်။ ဘယ်အစိုးရပဲ တက်တက်ပါ။ လက်ရှိအစိုးရနဲ့ဆိုလို့ရှိရင်လည်း ဒီမူဝါဒအတိုင်းပဲ ကျွန်တော်လုပ်ပါတယ်။ တတ်နိုင်သလောက် အစိုးရ လုပ်ငန်းတွေ အောင်မြင်အောင်ပံ့ပိုးပေးပါတယ်။ ကူညီပေးတာတွေရှိပါတယ်။ တိုင်း ပြည်အတွက်လုပ်မယ်ဆိုရင် ကျွန်တော် တို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့၊ လုပ်ပေးဖို့ အဆင်သင့်ရှိတယ်။ အောင်မြင်အောင်လုပ်ဖို့လည်း ဆန္ဒရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဟာလုပ်ငန်း အောင်မြင်ချင်တဲ့စိတ် ရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ သို့သော် အပြု သဘောဆောင်တဲ့ ဆောင်ရွက်မှုတော့ဖြစ် ဖို့လိုတာပေါ့။ အပြုသဘောဆောင်တာ မဟုတ်ဘဲနဲ့ ဖိအားပေးတဲ့ လုပ်ဆောင် ချက်မျိုးဆိုရင်တော့ ရေရှည်မှာတော့ ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒါတော့နှစ်ဖက်က နားလည်မှုရှိဖို့လိုပါတယ်။ အခြေခံဥပဒေ မှာလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတာလည်း သီးခြားစီ တာဝန်ထမ်းဆောင်တယ်လို့ ပါပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း အပြန်အလှန်ထိန်းကျောင်းခြင်း ရှိတယ်လို့ ပါပါတယ်။ တပ်မတော်သည်လည်း ဒီထဲမှာ သူ့ဆိုင်တဲ့ ကဏ္ဍမှာပဲ သူ့ရဲ့လုပ်ပိုင်ခွင့် ထဲမှာပဲ လုပ်ဖို့ပဲတာဝန်ရှိပါတယ်။ တာဝန် သွားကျော်ပြီးလုပ်လို့လည်း မရပါဘူး။ လုပ်ဖို့လည်း စိတ်ကူးလည်း မရှိဘူးလို့ ကျွန် တော်ပြောချင်တယ်။ တိုင်းပြည်ကောင်း အောင်လုပ်မယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ သွားချင်ပါတယ်။
ဦးဇော်မျိုးထွန်း - ဟုတ်ကဲ့မင်္ဂလာပါဗျာ။ ကျွန်တော်က ပြည်ထောင်စု နေ့စဉ်သတင်းစာကပါ။ ကျွန်တော် မေးခွန်းနှစ်ခုပါ။ တစ်ခုကတော့ ရှေ့ကလူတွေမေးသွားလို့ပါ။ ကျွန်တော်သိချင်တဲ့မေးခွန်းက ကျွန်တော် ဒီတပ်မ တော်အနေဖြင့် လှေစီးခရီးသွားကိစ္စအရေးနဲ့ ပတ်သက်လာပြီးတော့ ဆက်နွှယ်ဖြစ်ပေါ် လာနိုင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဘယ်လိုကာကွယ်သွားမလဲ ဆိုတဲ့ဟာပါ။

ကျွန်တော် အဲဒါလေးတစ်ချက်လောက် သိချင်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး - အောက်တိုဘာလလောက်ဆိုရင် အခုဆိုရင် မုတ်သုံဆုတ်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းကနေ မုတ်သုံလေ စဆုတ်ပြီလို့ ပြောပါတယ်။ သို့သော်လည်းပဲ မထင်မှတ်တဲ့ ဒီမုန်တိုင်း၊ လေဖိအားနည်း ရပ်ဝန်းကြောင့် တချို့မုန်တိုင်းတွေပြန်ဖြစ်တာ တို့၊ မိုးနည်းနည်း ရွာတာ ပြုတာတို့ရှိပါတယ်။ ပွင့်လင်းရာသီစလာပြီ ဆိုတဲ့အတွက်ကြောင့် ဘာပဲပြောပြော ထွက်လာ၊ ပြုလာ တော့မှာ ဖြစ်ပါတယ်။ အဲ ထွက်လာပြုလာပြီဆိုတော့ ကျွန်တော်တို့လည်း ရေတပ်ကလည်း တားစရာရှိတာ တားပေါ့၊ ရှင်းစရာရှိတာရှင်းပေါ့။ ဒီလိုလေးလုပ်တဲ့ အခါကျတော့ သူတို့မှာလည်း လွတ်ရာလွတ်ကြောင်းနဲ့ လုပ်ကြတာလည်းရှိမယ်။ 

ဒီမှာ သူတို့အပေါ်မှာ ကျွန်တော်တို့က အနိုင်ကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုနကမေးတဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တွက်ပါတယ်။ ရာနှုန်းပြည့် ဒီကျွန်တော်တို့ လှေစီးခရီးသွားတွေနဲ့ ပတ်သက်ပြီးတော့ ရာနှုန်းပြည့်ကာနိုင်မယ်လို့တော့ မထင်ပါဘူး။ တချို့ ညသွားတာပေါ့။ ရေဒါမှာလည်း တချို့ဟာကျတော့ ဖမ်းလို့ရတာရှိသလို ဖမ်းလို့မရတာလည်း ရှိပါတယ်။ ဒါရေတပ်ကတော့ ပိုပြီးနားလည်ပါတယ်။ တတ်နိုင်သလောက် ကြိုးစားပြီးတော့ ကျွန်တော်တို့ တိုင်းပြည် ထဲရောက် မလာနိုင်အောင် ကာကွယ်ရမှာပေါ့။ ကျွန်တော့်သင်္ဘောတွေ တော်တော်များများကို ထွက်ပါတယ်။ လှိုင်းတွေ၊ လေတွေကြားထဲကကို ကင်းလှည့်တာတွေ အများကြီးလုပ်နေပါတယ်။ သို့သော်လည်းပဲ ပြည့်စုံပြီလားဆိုတော့ ပြည့်စုံတဲ့ အနေအထားတော့ မရောက်သေးပါဘူး။ အခုနက ပင်လယ်ကမ်းရိုးတန်း အရှည်က ၁၃၀၀ ကျော် ရှည်ပါတယ်။ တကယ်တမ်း သင်္ဘောတွေဘယ်လောက် ကြီးကြီး ပင်လယ်ထဲ ရောက်သွားရင် သေးသေးလေးပါပဲ။ ဘာမှကိုလုပ်လို့မရဘူး။ 

ဒီဟာကြောင့် ကျွန်တော်တို့ကလည်း ရေတပ် နဲ့ ပတ်သက်ပြီးတော့ ကင်းထောက်နိုင်တဲ့ ဟာတွေ၊ စွမ်းပကားတွေ မြှင့်တင်ဖို့လိုအပ်ပါတယ်။ စောစောကစကား ပြန်ဆက်ရင်တော့ ဒီလှေစီးသွားလာသူတွေအပေါ်မှာ လည်း သူတို့အပေါ်မှာ ကျွန်တော်တို့ကလာ လို့မရအောင် တားတယ်၊ ပြုတယ်ဆိုလို့ရှိရင် ဒီအပေါ်မှာ ဘာသာတူတွေကနေပြီး ပြဿနာရှာလာနိုင်တာရှိတယ်။ Migrants နဲ့ပတ်သက်ပြီးတော့ ဥရောပနိုင်ငံတွေ၊ EU နိုင်ငံတွေ ပြဿနာအကြီးအကျယ် တက်နေပါတယ်။ လက်မခံချင်တဲ့သူတွေ အများကြီးရှိတယ်။ သို့သော်လည်း လက်မခံလို့မရတဲ့အတွက်ကြောင့် အလျှော့ပေးရ တာရှိတယ်။ ဒါတွေ ကျွန်တော်တို့ဆီမှာ မဖြစ်ဘူးလို့မပြောနိုင်ဘူး။ ကျွန်တော်တို့ ဘက်ကနေလည်း ဒီဟာနဲ့ပတ်သက်ပြီး တော့ ကြိုတင်ပြင်ဆင်မှုလုပ်နေတဲ့ အပိုင်း လေးတွေ။ နောက်ကျွန်တော်တို့ ကံကောင်း တာကတော့ ကျွန်တော်တို့မှာ ဘာသာရဲ့ Extreme မဖြစ်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ဘာမှ Extreme မဖြစ်ပါဘူး။ အားလုံးကို ခွင့်ပြုထားတာဖြစ် ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြောရရင်တော့ ဘာသာရေး အစွန်းရောက်ကတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါးဖြစ်မှ သာ ဖြစ်လာနိုင်မယ့် အနေအထားရှိမယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနလည်း ကျွန်တော် တို့ သတိပေးပါတယ်။ ကျွန်တော်တို့ တပ်မတော်ပိုင်းဆိုင်ရာလည်း သတိပေး ပါတယ်။ လုပ်နေပါတယ်။ မဖြစ်လာနိုင် ဘူးလို့တော့ ကျွန်တော်တို့ မမျှော်မှန်းပါ ဘူး။ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ မျှော်မှန်းထား တယ်။ အဆိုးဆုံးအခြေအနေ ကို မျှော်မှန်းပြီးတော့ အကောင်းဆုံးဖြစ် အောင်လုပ်မယ်ဆိုတဲ့ စိတ်ပါပဲ။ ဒီလိုရှိပါတယ်။

ဦးတေဇာဘုန်းမြင့် - ကျွန်တော် Messenger Media ကပါခင်ဗျာ။ ကျွန်တော် တေဇာဘုန်းမြင့်လို့ခေါ်ပါတယ်။ သတင်းထောက်ချုပ်ပါ။ ဗိုလ်ချုပ်မှူးကြီးကို မေးခွန်းလေး နှစ်ခုလောက်မေးချင်ပါတယ်။ နံပါတ်တစ်က ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ သတင်း Media တွေကို ဆက်သွယ်ပြီးတော့ Gmail ကနေတစ်ဆင့် သတင်းပေးပို့နေတာတွေ ရှိပါတယ်။ ဒါပေမဲ့ သတင်း Media ဘက်က အချို့တွေ သတင်းအချက်အလက် တွေနဲ့ပတ်သက်ပြီး အခါအားလျော်စွာ မေးမြန်းတဲ့အခါမှာ အတည်ပြုရယူတာတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရ ခက်ခဲတာတွေ၊ တာဝန်ယူဖြေကြားမှု အားနည်းတာတွေ တွေ့ရပါတယ်။ ဒီအခြေအနေတွေကို အဆင်ပြေအောင်၊ ဒါ့ထက်ပို အဆင်ပြေအောင် ဘယ်လိုလုပ်ပေးဖို့ အစီအစဉ်ရှိလဲဆိုတာ နံပါတ်တစ်မေးခွန်း ပါခင်ဗျား။ နံပါတ်နှစ်မေးခွန်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ထိပ်တန်းတာဝန်ရှိသူတွေဟာ ပြည်ပ သတင်းဌာနတွေကို အခါအားလျော်စွာ Interview တာတွေကို လက်ခံပါတယ်ခင်ဗျ။ အခု နောက်ပိုင်းမှာ ပိုပြီးခပ်စိပ်စိပ်လေးတွေ့ ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းသတင်း Media တွေကို Interview လက်ခံဖြေကြားခြင်း မျိုးမှာ သီးခြားစည်းကမ်းချက် တစ်စုံတစ်ရာ ရှိလားပေါ့နော်။ ဒီထဲမှာဖြေထားတာက နည်းနည်းလေး အားနည်းတဲ့ အခါကျတော့ အဲ့လိုမျိုးတွေရှိလား။ ဘယ်လိုပုံစံမျိုးတွေရှိလဲပေါ့။ အဲ့ဒီနှစ်ချက်လေးပဲ ကျွန်တော်သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော် အခြေအနေမပေးလို့ မတွေ့နိုင်တာလည်း ပါပါတယ်။ ကျွန်တော်စာနယ်ဇင်း ကောင်စီကိုပဲ အဓိကထားပြီးတွေ့ပါတယ်။ စာနယ်ဇင်းကောင်စီ ကတစ်ဆင့်ပဲ ကျွန်တော်ပြောပေးပါ။ ဒီလိုပဲ ကျွန်တော်ပြောပါတယ်။ နောက်သတင်းဌာန တော်တော်လေးများပါတယ်။ အခုပုံမှန်ထုတ်နေတဲ့ သတင်းစာ တွေ၊ သတင်းထောက်တွေနဲ့ ကျွန်တော်စပြီးတွေ့တာပေါ့။ ဒါတောင်မှ အချိန်တော်တော်လေး ပေးရပါတယ်။ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားတို့ဆီမှာလည်း မေးခွန်းတွေ အများကြီးရှိမှာပါ။ အကြောင်းအမျိုးမျိုးကို ငဲ့ကွက်ပြီး မမေးနိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။ ဒီအတွက်လည်း အားနည်းချက်ဖြစ်တာပါပဲ။ ကျွန်တော့်အနေနဲ့ တွေ့ချင်တဲ့ဆန္ဒရှိတယ်။ 

ကျွန်တော်သတင်းဌာနတွေ အကုန်လုံးတွေ့ပါမယ်။ ကန့်သတ်ချက် ဘာမှမရှိပါဘူး။ Media နဲ့တွေ့ဖို့ကိစ္စကလည်း ဒီဘက်ခေတ်ကျမှ ဖြစ်လာတဲ့ကိစ္စပါ။ ဒါ ကျွန်တော် နဲ့ Counter Part တွေရှိပါတယ်။ နိုင်ငံခြားက ပြည်ပဦးစီးချုပ်တွေက ကျွန်တော့်ကို အကြံပြုကြတယ်။ Media နဲ့တွေ့တာကနေ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်ပြောချင်တဲ့ Message ကိုပေးလို့ရတယ်။ သူတို့ သိချင်တဲ့မေးခွန်း သူတို့အထင်အမြင် လွဲနေတဲ့မေးခွန်းမျိုး ဖြေပေးလို့ရတယ်။ ဒီအခွင့်အရေးရတယ်။ မကြောက်ပါနဲ့လို့ သူတို့ကပြောတယ်။ ပထမဆုံးတွေ့တဲ့ Interview တစ်ခုပဲ ကျွန်တော်နည်းနည်းလေးမှားမှာ ကြောက်တာပေါ့။ နောက်ပိုင်းတော့ ကျွန်တော် မစိုး ရိမ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့် စိတ်ထဲမှာရှိတာ ကိုယ်ပြောတာ။ ကိုယ့် စိတ်ထဲမှာ မရိုးသားဘူးဆိုရင်တော့ ကြောက်မှာပေါ့။ ကိုယ့်စိတ်ထဲမှာ ရိုးသားရင် ကျွန်တော်ဘာမှ မကြောက်ပါဘူး။ ဘာမှစိုးရိမ်စိတ်လည်းမရှိပါဘူး။ သို့သော် ကျွန်တော်တို့ ပြင်ဆင်ချိန်တစ်ခုတော့ လိုပါတယ်။ တချို့က ကျွန်တော်တို့က ပြောလိုက်ပြီဆိုတာနဲ့ ဒါတွေက ပြန့်သွားတဲ့ကိစ္စ၊ မှားလို့ မရပါဘူး။ ဒါ့ကြောင့် အချက်အလက် တွေမမှားအောင်၊ အကြောင်းအရာတွေမမှားအောင် ဂရုတော့စိုက်ရပါတယ်။ ဒါလေးတွေ ထိန်းသိမ်းရတဲ့ဟာက လွဲလို့ရှိရင် ကျွန်တော်ဘာတစ်ခုမှ ကန့်သတ်ချက်မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ လျှို့ဝှက်ရမယ့် ကိစ္စဆိုရင်တော့ ကျွန်တော်တို့ ပြောလို့မရဘူးပေါ့။

ဥိးသိန်းအေး - ဟုတ်ကဲ့။ ကျွန်တော် ပထမမေးမလို့မေးခွန်းကတော့ ပြင်သစ်သတင်း ဌာနက မလှလှဌေးက မေးသွားတဲ့အတွက် မေးစရာတစ်ခုတော့ လျော့သွားပါတယ်ခင်ဗျ။ အဲဒါ့ကြောင့် ကျွန်တော်အစားထိုးပြီးတော့ တစ်ခုမေးခွင့်ပြုပါလို့ ကျွန်တော်မေတ္တာ ရပ်ခံအပ်ပါတယ်။ ၀န်ထမ်းဖွဲ့စည်းပုံအရ ကျွန်တော်တို့ အရပ်ဘက် ၀န်ထမ်းတွေမှာ အင်မတန်ရာထူးတက်ဖို့ အခွင့်အရေး နည်းပါတယ်ခင်ဗျ။ အဲ့ဒါတွေကို ကြည့်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ နောင်အခါမှာ အရပ်ဘက်ဝန်ထမ်းတွေမှာ အရာရှိတွေ ပြောင်းတဲ့အခါမှာ နည်းနည်း လေး စဉ်းစားပေးဖို့ မေတ္တာရပ်ခံတာပါ။ ဒါ ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ပါခင်ဗျ။ ဒီဥစ္စာက။ နောက်တစ်ချက် ကျွန်တော်အစားထိုး မေးချင်တာလေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ အခု ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ရယ်၊ ပြည်ထောင်စုလွှတ်တော် ရောက်နေတဲ့ သူတွေပေါ့ နော်။ ပြည်သူ့လွှတ်တော်ကရယ်၊အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများ ပါလာမယ်လို့ ကျွန်တော် ယူဆပါတယ်။

ပထမကတော့ ၃၀ ရာခိုင်နှုန်းလောက် မျှော်လင့်ထားပေမယ့် သိပ်မရှိပါဘူး။ သို့သော်လည်း အဲ့ဒီလို အမျိုးသမီးထူးချွန်တဲ့သူတွေ၊ တကယ်တော်တဲ့ သူတွေများ ကျွန်တော်တို့ သမ္မတအဖြစ် အမည်စာရင်း တင်သွင်းတဲ့အထဲမှာ အနိုင်ရပါတီထဲက တင်သွင်းတဲ့ အထဲပါခဲ့ရင် နောက်ကျွန်တော်တို့ ဖွဲ့စည်းပုံအရပေါ့နော်။ သမ္မတဖြစ်ထိုက်တဲ့ အရည်အချင်းလည်းရှိတဲ့ အမျိုးသမီး လူငယ်လေးတွေများ ပါလာခဲ့ရင် ကျွန်တော်တို့ တပ်မတော်အနေနဲ့ ကျွန်တော်တို့ ဘယ်လိုကြိုဆိုမလဲဆိုတာလေး သိပါရစေခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး - ၀န်ထမ်းပြောင်းရွှေ့ တာဝန်ထမ်းဆောင်တာနဲ့ ပတ်သက်တာ ကျွန်တော်တို့ မူဝါဒလည်း ပြောပြီးသွားပြီ။ နောက်ဆုံးကတော့ အစိုးရခွင်ြ့ပုချက်ရမှ သာသွားရတာ။ ဒီဘက်အပိုင်းမှာ တော်တော် လေးနည်းပါတယ်။ သို့သော် အသစ်ဖွဲ့တဲ့ ဌာနတွေမှာတော့ ဖြည့်ပေးတာတွေတော့ ရှိပါတယ်။ တချို့ဥပမာ အားဖြင့်ဆိုရင် လွှတ်တော်မှာ ကျွန်တော်တို့ ရာထူးတွေခန့်အပ်တဲ့အခါမှာ တော်တော်များများ လိုအပ်ချက် ရှိပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ တချို့ပေးတာတွေရှိပါတယ်။ အသစ်ဖွင့်တဲ့ ဌာနတွေပေါ့။ ၀န်ကြီးဌာနတွေက ပြောင်းတာလည်းရှိတယ်။ တပ်မတော်က သွားတာလည်းရှိတယ်။ သို့သော်လည်းပဲ ဘယ်နေရာ ပဲဖြစ်ဖြစ်ပါ အလုပ်ကြိုးစားတယ်။ သစ္စာရှိရှိလုပ်တယ် ဆိုလို့ရှိရင်တော့ ကျွန်တော်ထင်ပါတယ်၊ ဆုံးရှုံးစရာမရှိပါဘူးလို့ ကျွန်တော်ကတော့မြင်ပါတယ်။ ကန့်သတ်ချက်တစ်ခုတော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အကောင်းဘက်က မြင်ပြီးတော့ ကျွန်တော်ပြောတာပါ။ နစ်နာစေချင်တဲ့စိတ်လည်း ကျွန်တော်မရှိပါဘူး။ တချို့ကျတော့လည်း လုံခြုံရေးပေါ့၊ လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်အရ ပေးရတာတွေလည်းရှိပါတယ်။ ဒါ တချို့နေရာတွေမှာ ရှိပါတယ်။ တချို့မသိကြပါဘူး။ ဒါပေမဲ့ လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်အရ ပေးရတာတွေရှိတယ်ဆိုတာ ကျွန်တော် တစ်ချက်ဖြည့်ပြီး ပြောလိုတာပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းစွန်းစွန်းလေးက အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသားက အမျိုးသမီးထက် နည်းပါတယ်။ 

အမျိုးသမီးတွေရဲ့ Abilities လည်း တကယ်လည်း ရှိပါတယ်။ အများကြီးရှိတယ်။ အခုဆိုလို့ရှိရင်လည်း ပြည် ထောင်စုဝန်ကြီး အဆင့်မှာလည်း အမျိုးသမီးတွေပေးထားသလို ပညာရှင်ပိုင်းကနေပေးတဲ့ ပါမောက္ခချုပ်တို့၊ ညွှန်ကြားရေးမှူးချုပ် လိုလူလည်း ရှိပါတယ်။ နောက် တပ်မတော်ဆိုလို့ရှိရင်လည်း ကျွန်တော့်ဆီမှာ အမျိုသမီး အရာရှိကြီးတွေ တော်တော်များများရှိပါတယ်။ ကျွန်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ တပ်မှူးတာဝန်ထိ၊ Colonel တပ်မှူး အထိ ကျွန်တော်ပေးပါတယ်။ နောက် လွှတ်တော် ကိုယ်စားလှယ် ကျွန်တော်ထည့်ပေးတယ်။ သူတို့ရဲ့ Calibre တွေ တော်တော်ရှိတယ်ဆိုတာကို ကျွန်တော်တို့ တွေ့တယ်။ လုပ်နိုင်တယ်။ ကိုင်နိုင်တယ်ပေါ့။ပြီးတော့ တချို့နေရာတွေမှာ ယောက်ျားတွေ ပဲ လုပ်နိုင်တယ်ဆိုတဲ့ ဟာမျိုးတွေရှိပါတယ်။ 

အဲတော့ အဲဒီလို တချို့နေရာတွေကျ တော့လည်း သူ့အောက်မှာ Deputy ပေါ့၊ Assistant တွေပေါ့။ အမျိုးသားတွေ ထည့် ပေးထားပြီးတော့ သူတို့ကို ကူညီခိုင်းထား တာပေါ့ ။ တော်တော်လေး အောင်မြင်တာ လည်း ကျွန်တော်တွေ့ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ တာဝန်ထမ်းဆောင်နိုင်မယ့် အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်ကျွန်တော့်အနေနဲ့ ကြိုဆိုပါကြောင်း ကျွန်တော်ပြောလိုပါတယ်။ ဦးသိန်းအေးမေးတဲ့ အထဲမှာ အမျိုးသမီးသမ္မတလောင်းတို့ ဘာတို့ဆိုတာ သမ္မတနဲ့အရည်အချင်း ကိုက်ညီတဲ့သူ၊ တခြားအရည်အချင်း ကိုက်ညီတဲ့၊အခြားတာဝန်နဲ့ ကိုက်ညီတဲ့သူရှိရင်ပေါ့။ ကျွန် တော်တို့အနေနဲ့ ဘယ်သူပဲဖြစ်ဖြစ်ပါ။ အမျိုးသမီးဆိုလို့ရှိရင်လည်း ကျွန်တော် အားပေးပါတယ်။ အမျိုးသားဆိုလို့ ရှိရင်လည်းကျွန်တော်အားပေးပါတယ်။ စည်းကမ်းနဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းနဲ့အညီနေဖို့ လိုပါတယ်။ အလုပ်အောင်မြင်အောင် လုပ်နိုင်ဖို့လိုပါတယ်။ စိတ်ကောင်း စေတနာ ကောင်းထားပြီး လုပ်မယ့်သူ ဖြစ်ဖို့ လိုပါတယ်။ နောက်တစ်ခါ တိုင်းပြည်ပေါ်မှာ သစ္စာရှိတဲ့သူမျိုးဖြစ်ဖို့ လိုပါတယ်။ အလုပ်အပေါ်မှာ သစ္စာရှိတဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။

ဒေါ်ကေသွယ်စန်း - ကျွန်မကတော့ Skynet က သတင်းထောက်ကေသွယ်စန်းပါ။ သမီး ပထမဦးမေးခွန်း အနေနဲ့ မေးချင်တာက တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ချုပ်ဆိုပြီးနောက်ပိုင်းမှာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍအတွက် ဘယ်လိုရပ်တည် ဆောင်ရွက်သွား မလဲသိချင်ပါတယ်။ ဒုတိယမေးခွန်းကတော့ တပ်မတော်အနေနဲ့ လေတပ်၊ ရေတပ်အင်အားနဲ့ စွမ်းရည်မြှင့်တင်မှုတွေ ဘယ်လို ဆောင်ရွက်နေလဲ သိချင်ပါတယ်ရှင်။
ဗိုလ်ချုပ်မှူးကြီး - NCA လက်မှတ်ထိုးပြီး တဲ့ Nationwide Ceasefire နဲ့ ပတ်သက်ပြီး ဖြစ်လာရင်တော့ ကျွန်တော်တို့က တပ်မတော်ပိုင်းနဲ့ ပတ်သက်ပြီးတော့ လုပ်ရမယ့်ဟာလေးရှိပါတယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လုံခြုံရေးအရ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းတွေ တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာဖြစ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရမယ်။ 

Political Dialogue တွေ လုပ်ရမယ်။ ဒီ Nationwide Ceasefire နဲ့ပြီးတာနဲ့ လက်နက်တွေ စွန့်ရမယ်၊ ပြုရမယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုလုံးဝ မဆိုလိုပါဘူး။ သို့သော်လည်းပဲ လက်နက်ကိုင်လမ်းစဉ်ကတော့ စွန့်ရလိမ့်မယ်။ တစ်ချိန်မှာတော့ စွန့်ရမယ်။ လက်နက်ကိုင် လမ်းစဉ်ကတော့ မစွန့်လို့မရဘူး။ ဒါကတော့သေချာတယ်။ သို့သော် သေသေချာချာကျွန်တော် တို့ ဆွေးနွေးပြီးတော့မှ တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့သွားရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ကျွန်တော်တို့နှစ်ဖက် ကနေပြီးတော့ ပေးအပ်ထားတဲ့ ကတိက၀တ် တွေတည်ကြည် အောင် ဆောင်ရွက်ဖို့လိုပါတယ်။ တပ်မတော်အနေနဲ့ကတော့ ကျွန်တော်တို့ ပြောထားတဲ့အတိုင်းပဲ ဖြစ်အောင် ကျွန်တော်တို့ လုပ်ပါ့မယ်။ 

အဓိကတော့ ကျွန်တော်တို့ သွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မာမာနဲ့ သွားနိုင်ဖို့ပိုအရေး ကြီးပါတယ်။ မှန်မှန်ကန်ကန် ဖြစ်ဖို့လိုပါတယ်။ ဒါကျွန်တော်တို့ရဲ့ဆန္ဒပဲ။ ဒီပေါ်မှာ လာပြီး ထိခိုက်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့မရနိုင်ပါဘူး။ ဒါကပြည်သူက ရွေးတဲ့လမ်းပါ။ ကျွန်တော်တို့က ပြည်သူကနေပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တယ်။ တိုင်းပြည်အတွက် တကယ်ကို အခိုင်အမာအကာအကွယ်ပေးနိုင်တဲ့ Institution ဖြစ်ပါတယ်။ ကျွန်တော်တို့ အမှားမခံပါဘူး။ မှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့သွားရမယ်။ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာနဲ့ မှန်မှန်ကန်ကန်ရှိဖို့လိုပါ တယ်လို့ ကျွန်တော်ပြောပါတယ်။ ထိခိုက်မယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ပါဘူး လို့ ကျွန်တော်ပြောလို ပါတယ်။ ဒါ့ကြောင့် ယခုဒီဟာနဲ့ပတ်သက်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုင်းရင်းသားများနဲ့ ယုံကြည်မှုတွေမှာလည်း အများကြီး တည်တယ်လို့ ကျွန်တော်ပြောချင်တာပေါ့။ ရေတပ်ဆိုလို့ရှိရင်လည်း မြန်မာ့ပင်လယ်ပြင် ကာကွယ်နိုင်ဖို့အတွက် စွမ်းပကားရှိဖို့လိုပါတယ်။ 

တစ်အချက်ကတော့ ရေတပ် သင်္ဘောတွေလည်းလိုပါတယ်။ သင်္ဘောတွေ နဲ့ပတ်သက်လို့ ၀ယ်တာတွေရှိသလို ကျွန်တော်တို့ ကိုယ့်ဟာကိုယ် တည်ဆောက်တာရှိပါတယ်။ ၀ယ်တာအရမ်းဈေးကြီးပါတယ်။ ကိုယ့်ဟာကိုယ်ဆောက်မယ် ဆိုလို့ရှိရင် သုံးပုံတစ်ပုံလောက်ပဲ ကုန်ကျစရိတ်ရှိပါတယ်။ ဖြစ်နိုင်လို့ရှိရင်လည်း ကိုယ့်ပြည်တွင်းမှာပဲ ကိုယ်ဆောက်တာက အကုန်အကျ အသက်သာဆုံးနဲ့ အထိရောက်ဆုံးလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါလည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေပေါ်လည်း အများကြီး မူတည်ပါတယ်။ နံပါတ်တစ်အချက်ကတော့ ရှိတဲ့စစ်ရေယာဉ်တွေ သတ်မှတ်တဲ့ စွမ်းအားမြှင့်သုံးနိုင်ဖို့အတွက် စွမ်းအားအပြည့် သုံးနိုင်ဖို့အတွက် ပြောလိုပါတယ်။ 

သင်္ဘော တွေက မှန်မှန်ကန်ကန် လွန်းတင်တယ်။ မှန်မှန်ကန်ကန် Training လုပ်ပေးထားတယ်။ Human Resource နဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် လေ့ကျင့်ပေးထားတယ်။ နောက်သွားရမယ့်နေရာတွေ ရောက်အောင် သွားရမယ့် အတွက်ကြောင့် ဘာပြောပြော ရေတပ်ရဲ့ကာကွယ်နိုင်မှု အခြေအနေက အရင်ကထက် အများကြီး တိုးတက်တယ်လို့ ကျွန်တော်ထင်ပါတယ်လို့ပြောလိုတယ်။ ဒါဟာလည်း လေတပ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ လေယာဉ်ပျံတွေ ၀ယ်ယူတပ်ဆင်တာနဲ့ ပတ်သက်လို့ တိုင်းပြည်ရဲ့လေကြောင်းစွမ်းပကား အပြည့်အစုံ မဟုတ်ပါဘူး။ ပြည်ပအိမ်နီးနားချင်း နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒေသတွင်းနိုင်ငံ အနေနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ တချို့ဟာတွေမှာ အမီလိုက်နိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါပေမဲ့ လေယာဉ်ပျံတစ်စီးဆို တာဟာလည်း မလွယ်ပါဘူးဗျာ။ ဈေးတော်တော်ကြီးပါတယ်။ 

ဥပမာအားဖြင့် သာမန် ပို့ဆောင်ရေး လေယာဉ်တစ်စီးဝယ်မယ် ဆိုရင် စစ်ဘက်သုံးမဟုတ်ပါဗျာ။ အရပ်ဘက်သုံးလေယာဉ် ၀ယ်မယ် ဆိုရင် ဒေါ်လာသန်းနှစ်ဆယ်ဆိုရင် ATR တစ်စီး ကောင်းကောင်းဝယ်လို့ရတယ်။ သို့သော် ကျွန်တော်တို့ ဒေါ်လာသန်းနှစ်ဆယ်နဲ့ စစ်ဘက်သုံး လေယာဉ်တစ်စီးဆိုတာ တော်တော်ခက်ပါတယ်။ ၀ယ်ရတာ တိုက်လေယာဉ်ပျံဆို ပိုပြီးတော့ဆိုးပါတယ်။ လေယာဉ်ပျံဝယ်လိုက်ပြီဆိုတာနဲ့ သူက Training နဲ့ပတ်သက်တာ တွေပါတယ်။ Ground Facility တွေပါတယ်။ နောက် Maintenance တွေလုပ်ရတာတွေပါတယ်။ အရမ်း ကုန်ကျစရိတ်တွေ များပါတယ်။ ဥပမာအားဖြင့် ဗဟုသုတပြောရလို့ရှိရင် ဥပမာ ကျွန်တော်တို့ MIG-29 လေယာဉ်ပျံတစ်စီး ၀ယ်လိုက်ပြီဆိုတာနဲ့ သူ့မှာလိုအပ်တဲ့ Ground Facility က တခြားလေယာဉ်ပျံသုံးတဲ့ Ground Facility နဲ့သွားသုံးလို့မရဘူး။ သူ့အုပ်စုနဲ့သူသုံးရတာဖြစ်ပါတယ်။ ဒီလိုပဲ လူနဲ့ပတ်သက်ပြီး ဆိုလို့ရှိရင်လည်း MIG-29 ကိုင်တဲ့ အင်ဂျင်နီယာကတော့ တခြားလေယာဉ်ပျံ နှင့် ပတ်သက်ပြီး သွားလုပ်လို့မရဘူး။ွှမငေညငညါ လုပ်ရတာ အဲ့ဒီလောက်ထိ ခက်ခဲပါတယ်။ လေယာဉ်ပျံကွင်းတစ်ကွင်းမှာ ဒီပစ္စည်းလိုအပ်ချက်ရှိရင် နောက်တစ်ကွင်း မှာလည်း အဲ့ဒီလေယာဉ်ပျံဆင်းမယ်ဆိုရင်လည်း အဲ့ဒီပစ္စည်းမရှိရင်မရဘူး။ အဲ့ဒီတော့ လေတပ်တစ်ခုလုပ်ပြီဆိုတာနဲ့တပ်မတော်လေယာဉ်ကွင်းတိုင်း ကွင်းတိုင်း မှာ လိုအပ်တဲ့ င်္ခေငူငအပ အကုန်ထည့်ရတာ ဖြစ်ပါတယ်။ တစ်နှစ်လောက်ဆို အခြားလေယာဉ်ပျံအသစ်တွေ မြင်ရကောင်းမြင်ရ နိုင်ပါတယ်လို့ ကျွန်တော်ပြောပါတယ်။လွှတ်တော်က အချိန်မီပေးနိုင်ပြုနိုင်မည် ဆိုရင်တော့ ကျွန်တော်တို့ ၀ယ်နိုင်မှာပေါ့။ နောက်ဆုံးတော့ပြည်သူကပဲ ဒီဟာတွေကိုဝန်ထုပ်ဝန်ပိုးဖြစ်လာမယ့် အနေအထားရှိ ပါတယ်။ 

ဒါ့ကြောင့် ဒါတွေလည်း ချိန်ဆပြီးလုပ်နေတယ်ဆိုတာလေးပဲ ကျွန်တော်ဖြေလို ပါတယ်။သို့သော်လည်းပဲ လက်ရှိလေတပ်နဲ့ ပတ်သက်ရင် လေတပ်မှာရှိတဲ့ လေယာဉ်ပျံတွေ တော်တော်များများကို စွမ်းအားပြည့် ထွက်နိုင်အောင် ကျွန်တော်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အရင်က၀ယ်ခဲ့ပြုခဲ့တာ တွေက အခုစစ်ဆင်ရေးတွေ တော်တော်များများ အသုံးတည့်ခဲ့တာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဟာတွေမှာဆိုရင် လေတပ်တွေကယ်လို့ အကျအဆုံးနည်းခဲ့တာတွေရှိတယ်ဆိုတာ ကျွန်တော်ရိုးရိုးသားသား ပြောချင်ပါတယ်။

မြ၀တီ

No comments:

Post a Comment

My Blog List