Tuesday, September 22, 2015

အီတလီ အစိုးရက မြန်မာကျေးလက်ဒေသ ဖွံဖြိုးရေးအတွက် ဒေါ်လာ ၂၂.၅ သန်း ချေးယူခွင့်ပြု


မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အီတလီအစိုးရက ချေးငွေ အမေရိကန်ဒေါ်လာ 22.5 သန်း ခွင့်ပြုခဲ့သည်ဟု အစိုးရမီဒီယာ များကို ကိုးကား၍ စင်ဟွာသတင်းဌာနက ဖော်ပြသည်။ ထို ချေးငွေမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာ ၂၁၅ ရွာတွင် လျှပ်စစ်မီးရရှိရေး ၊ ရေရရှိရေး ၊ ကျန်းမာရေး ၀န်ဆောင်မှုနှင့် သန့်ရှင်းရေးစနစ်များ ရရှိရန် အသုံးပြုမည်ဟု ဆိုသည်။

ချေးငွေပေးအပ်ရန် သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး ပီယာဂျော်ဂျီယိုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့ နေပြည်တော်၌ သောကြာနေ့ တွင် လက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံတစ်ဝန်းလုံးရှိ ကျေးလက်ဒေသများနှင့် ၀င်ငွေတိုးမြင့်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ဆောင် ရွက်နေသည့် Emerald Green စီမံကိန်းအပါ အ၀င် မြန်မာအစိုးရက ဆောင်ရွက်နေသည့် ကျေးလက်ဖွံ့ ဖြိုးရေးစီမံကိန်း များတွင် အီတလီအစိုးရ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများလည်း ပါဝင်သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List