Wednesday, September 23, 2015

သပိတ်မှောက်ကျောင်းသားများအမှုပယ်ဖျက်ပေးရန် တိုင်းတရားလွှတ်တော်သို့ ဆက်လက်တင်ပြမည်


သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများအား စွဲဆိုထားသည့် အမှုကို ပယ် ဖျက်ပေးရန် လျှောက်ထားချက်ကို ပဲခူးတိုင်းဒေသကြီးတရားလွှတ် တော်သို့ ဆက်လက်တင်ပြရန် စီ စဉ်ထားကြောင်း တရားခံရှေ့နေ များထံမှ သတင်းရရှိသည်။သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို သာယာဝတီထောင်မှ စက်တင်ဘာ ၂၂ ရက်၌ ရရှိခဲ့သောကြောင့် ၎င်း တို့အပေါ် စွဲဆိုထားသည့် အမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)အရ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက် တင်ပြရန်စီစဉ်ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

‘‘ကားအာမခံကိစ္စကို ခရိုင် တရားရုံးက ပယ်ချလိုက်တဲ့အတွက် တိုင်းတရားလွှတ်တော်ကို ဆက်တင်ထားတော့ အမှုတွဲက အောက်ရုံးမှာ မရှိလို့ အမှုမစစ်ဖြစ် ဘူး။ အမှုတွဲက အပေါ်ရောက် သွားတဲ့အတွက် သုံး၊ လေးလလောက်ကြာသွားမယ်။ အမှုတွဲက အဲဒီမှာ ရောက်နေတဲ့အတွက် အဲဒါကြောင့်အမှုကို ချေဖျက်ပေးဖို့ လျှောက်ထားချက်ကို တစ်ဆက်တည်းတင်ဖို့ စီစဉ်ထားတယ်’’ဟု ဦးလှမျိုးမြင့်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ အမှုဖွင့်ခြင်းနှင့် တရားစွဲဆိုခြင်း သည် ဥပဒေနှင့်မညီသောကြောင့် အမှုကို ပယ်ဖျက်ပေးရန် သြဂုတ်၁၈ ရက်တွင် သာယာဝတီမြို့နယ် တရားရုံး၌ လျှောက်ထားခဲ့ပြီး အ ဆိုပါ လျှောက်ထားချက်သည် သာ ယာဝတီမြို့နယ်တရားရုံးက ဆုံး ဖြတ်ပိုင်ခွင့်မရှိသောကြောင့် ပဲခူး တိုင်းဒေသကြီး တရားလွှတ်တော် သို့ ဆက်လက်တင်ပြရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ်တရားရုံး၌ စက်တင် ဘာ ၂၂ ရက်တွင် ရုံးထုတ်စစ်ဆေး ရာ သက်သေခံအဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်ကို အာမခံအဖြစ် ပြန်လည်ရယူလိုသောကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြထားသည့်အတွက် ၎င်းတို့၏ အမှုတွဲမှာ သာယာဝတီမြို့နယ်တရားရုံး၌ မရှိသောကြောင့် အမှုကိုဆက်လက်စစ်ဆေးခြင်းမရှိဘဲ စက်တင်ဘာ ၂၉ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။ ၎င်းတို့၏ အမှုတွဲမှာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိနေသောကြောင့် အချိန်ကြာမြင့်မည်ဖြစ်ရာ လာမည့်ရုံးချိန်းများတွင် တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါရုံးချိန်းဆိုရန်  သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များနှင့် သာယာဝတီခရိုင်တရားသူကြီးတို့ ဆွေးနွေးခဲ့ကြပြီး လာမည့် စက်တင်ဘာ ၂၉ ရက် ရုံးချိန်း၌ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျောင်း သားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။

‘‘ကျွန်တော်တို့ကို ခရိုင် တရားသူကြီးခေါ်ဆွေးနွေးတာက အဓိကအမှုတွဲက မရှိတော့ အမှု စစ်ဖို့မရှိဘူး။ အဲဒီတော့ နောက်ရုံး ချိန်းတွေကျရင် နှစ်ပတ်တစ်ခါရုံး ချိန်းဖြစ်လိမ့်မယ်။ အခုသာယာဝ တီခရိုင်က လယ်သမားအမှုတွေ လည်း တက်လာတယ်။ ဒီအမှုက လည်း တော်တော်လည်း ကြာနေ ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အမှုတွေမှာပါ နှောင့်နှေးသွားမှာ စိုးတဲ့အတွက် ရုံးချိန်းကို ခဏလေးနဲ့ဖြတ်ပြီး ပြန်ဖို့ဆွေးနွေးတယ်။ နောက်တစ်ချက်က အာမခံတင် ချင်တဲ့သူတွေ တင်လို့ရသေးတယ်။ ပြည့်စုံတယ်ဆိုရင် အာမခံပေး မယ်လို့ခေါ်ပြီး ဆွေးနွေးတာပါ’’ဟု ကိုမင်းသွေးသစ်က ပြောသည်။

စက်တင်ဘာ ၁ ရက်ရုံးချိန်းတွင် သာယာဝတီမြို့နယ်တရား ရုံး၌ ဖြစ်ပွားခဲ့သည့် တရားသူကြီး နှင့် တရားလွှတ်တော်ရှေ့နေ၊ သ ပိတ်မှောက်ကျောင်းသားများ အ ချေအတင်ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ တရားခံရှေ့နေ ဒေါ် ခင်ခင်ကျော်နှင့် ၀န်းရံပြည်သူ ကို သန်းထိုက်အား ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၂၂၈ (တရားစီရင်ရေး နှောင့်ယှက်မှု)ဖြင့် တရားစွဲဆိုခဲ့ပြီးစက်တင်ဘာ ၂၁ ရက်တွင် သာယာဝတီမြို့နယ် တွဲဖက်တရားရုံး၌ စစ်ဆေးခဲ့သည်။

‘‘ရုံးချိန်းသွားတော့ ရုံးတော်ကို နှောင့်ယှက်တာမျိုး တစ်ခုမှမရှိ ဘူးလို့ တင်ပြခဲ့ပါတယ်။ ကျပ် သိန်း ၂၀ တန်ကိုယ်ပိုင်ခံဝန်နဲ့ အာ မခံရတယ်။ တရားရုံးမှာ လျှောက် လဲတင်တယ်၊ ပြောတယ်ဆိုတာ တရားရုံးရဲ့ ထုံးစံပဲ။ အခုဆိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကျွန်မ ပါ တရားစွဲဆိုခံနေရတယ်။ အမှု ကို အောက်တိုဘာ ၅ ရက်မှာ ထပ်ချိန်းပြီးတော့ လျှောက်ထားချက်ကိုသာယာဝတီမြို့နယ်တရားသူကြီး ဦးချစ်မြတ်ကို ဆက်စစ်ဆေးမယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောသည်။

သာယာဝတီမြို့နယ်တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူများနှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒ စစ်အောင်တို့ကို ဥပဒေနှင့် ဆန့် ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီး နောက် ဆက်လက်ပါဝင်မှုပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် နေသော ၀န်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ ဖြင့် တရားစွဲဆိုခဲ့သည်။


7Day News Journal

No comments:

Post a Comment

My Blog List