Tuesday, September 22, 2015

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ရာကျော်က အချက်လေးချက်ကို ချီတက်တောင်းဆို


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ချီတက်လမ်း လျှောက်လှုပ်ရှားမှုကို ငြိမ်းချမ်းရေး လှုပ်ရှားသူ ၁၀၀ ကျော်က ‘‘တစ်နိုင်ငံလုံးငြိမ်းချမ်း လွတ်လပ်’’အမည်ဖြင့် စက်တင်ဘာ ၂၁ ရက်က ရန်ကုန် မြို့ တွင် ပြုလုပ်ခဲ့ကြပြီး အချက်လေးချက်ကို ကြေညာချက်ထုတ်ပြန်၍ တောင်း ဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်သူများတောင်းဆိုသော အချက် လေးချက်မှာ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရန်၊ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွင် နိုင်ငံရေးအင်အားစုများ တိုင်းရင်းသားတော်လှန်ရေး အင်အားစု များ အားလုံးပါဝင်ရန်၊ ပုဒ်မအမျိုးမျိုး ဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ဒီမိုက ရေစီပညာရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများ၊ လူငယ်များနှင့် နိုင်ငံရေးအကျဉ်းသားများအား လုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ် ပေးရန်တို့ ဖြစ်သည်။

ထို့အပြင် ပြည်သူလူထုအ ကြား စိတ်ဝမ်းကွဲပြားမှုများဖြစ် ပေါ်စေပြီး အကြမ်းဖက်မှုများဖြစ် ပေါ်စေနိုင်သော လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများ နှင့် လှုံ့ဆော်မှုများကို အစိုးရက ထိထိရောက်ရောက်အရေးယူဆောင် ရွက်ပေး ပြီး ပြည်သူများအကြား လူမျိုးရေး၊ဘာသာရေးခွဲခြားကန့်သတ်မှုဖြစ် စေသည့် ဥပဒေများပြဋ္ဌာန်း နေမှုကို ရပ်တန့်ရန်နှင့် ပြဋ္ဌာန်းပြီး ဥပဒေများ ဖျက်သိမ်းပေးရန် စသည့် အချက်လေးချက်ကို တောင်းဆိုခဲ့ ကြခြင်း ဖြစ် သည်။

‘‘ဒီနှစ်မှာဆိုရင် အပစ်ရပ်စာချုပ်တွေလည်း ချုပ်ဆိုနေပြီပေါ့။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်လို့ ပြောထားတဲ့ အတွက် တစ်နိုင်ငံ လုံးမှာရှိတဲ့ တော်လှန် ရေးအင် အားစုတွေ ပါဝင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ကြားနေ မြင်နေရတာတော့ ဘယ်အဖွဲ့ကတော့ မပါဘူး။ ဘယ်အဖွဲ့ကတော့ပါတယ် စသဖြင့် ကန့်သတ်ထားတယ် လို့ ကြားနေရတယ်။ အဲဒီလိုမျိုးမဖြစ် စေချင်ဘူး။ ဒီနေ့၊ ဒီအချိန်အထိ စစ်ပွဲတွေဖြစ်နေသေးတယ်။ ဒါတွေ အားလုံး ရပ်တန့်ဖို့ကို လည်း တောင်းဆိုတယ်’’ဟု အ ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက်လမ်း လျှောက်လှုပ်ရှားမှု ကို ဦးဆောင်ပြုလုပ်သူ ကိုမိုးသွေးက ပြောသည်။

အင်္ကျီအပြာရောင်များဆင် တူဝတ်ဆင်ထားသော ငြိမ်းချမ်းရေးလမ်းလျှောက် သူများသည် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေး၊ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်မြောက် ရေးနှင့် ကျောင်းသား လူငယ်များ လွတ်မြောက်ရေးစသည့် ကြွေး ကြော်သံများ ကြွေးကြော်လမ်း လျှောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်ပွဲကို သက်ဆိုင်ရာအာဏာပိုင်များက ဗဟန်းဗိုလ်စိန်မှန်ကွင်းမှ လူထုဟစ် တိုင်ထိသာ ချီတက်လမ်းလျှောက်ခွင့်ပြု ထားသော်လည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူများက မြေနီကုန်း မှ အင်းလျားကန်ပေါင်ထိ လမ်းလျှောက်မှုများပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် လှိုင်မြို့နယ်ရဲတပ်ဖွဲ့တို့က  သတိပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေးလမ်းလျှောက် သူများသည် အင်းလျားကန်ပေါင်တွင် ငြိမ်းချမ်း ရေးသီချင်းများသီ ဆိုခဲ့ကြပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များဖြစ်သော ဦးမင်းကိုနိုင် နှင့် ဦးမြအေး တို့ကလည်း ငြိမ်းချမ်းရေးစကားများ ဟောပြောခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List