Wednesday, September 23, 2015

မလေးရှားတွင် ဖမ်းဆီးမိသည့် ဘန်ကောက် ဗုံးခွဲသူ ၀န်ခံ


ဘန်ကောက်ဗုံးကွဲမှုသံသယနဲ့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူဟာ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးထားခဲ့တဲ့ အင်္ကျီအ၀ါဝတ်သူဖြစ်တယ်လို့ ၀န်ခံလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။မလေးရှားရဲတပ်ဖွဲ့ဟာ တရားခံ ပုန်းအောင်းခိုလှုံတယ်လို့ ယူဆရတဲ့  မြို့တော် ကွာလာလမ်ပူ မြို့လယ်က တိုက်ခန်းတွဲတွေ၊ အဆောင်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ၀င်ရောက်စီးနင်းရှာဖွေခဲ့ပြီး  ဧရာဝဏ်နတ်ကွန်းအနီး စီစီကင်မရာကနေ ဖမ်းယူထားတဲ့ အ၀ါရောင်အင်္ကျီဝတ်သူနဲ့ ပုံပန်းသဏ္ဍာန်တူသူကို  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ဓာတ်ပုံကို ထိုင်းရဲတပ်ဖွဲ့က ကမ္ဘောဒီးယားနယ်စပ်ကနေ ဖမ်းဆီးထားတဲ့ မိုင်လိုင်လီယူစူဖူ နဲ့  ဖူအာနန်တိုက်ခန်းက ဖမ်းထားတဲ့ အာဒဲမ်ဆိုသူ ၂ ဦးကို ပြခဲ့ရာမှာ သူတို့က မမြင်ဖူးဘူးလို့  ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် မလေးရှားရဲတပ်ဖွဲ့က ၂ ရက်တာ စစ်ကြောရေးလုပ်ပြီးတဲ့အခါ အဆိုပါဖမ်းမိထားသူက သူဟာ ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံ ဧရာဝဏ်နတ်ကွန်းအနီး ဗုံးသွားထားခဲ့တဲ့ အင်္ကျီအ၀ါရောင်ဝတ်သူဖြစ် ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က ထိုင်းနိုင်ငံ နရာသီဝပ်မြို့မှာ ဗုံးကွဲမှုနဲ့ ဆက်စပ်တယ်လို့ ယူဆရသူတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းထားပြီး အဆိုပါ အမျိုးသားက အ၀ါရောင်အင်္ကျီဝတ်သူမှာ မလေးရှားနိုင်ငံထဲကို ထွက်ပြေးသွားကြောင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒါနဲ့ဆက်စပ်ပြီး မလေးရှား ရဲတပ်ဖွဲ့က အ၀ါရောင်အင်္ကျီဝတ်သူကို ကူညီပို့ဆောင်ပေးခဲ့တဲ့ မလေးရှားနိုင်ငံသားတဦး၊ ပါကစ္စတန်နိုင်ငံသား တဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးထားကာ အာဏာပိုင်တချို့လည်း  ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆာထောင်းန်လှေဆိပ်အနီး ဗုံးခွဲခဲ့တဲ့ အင်္ကျီအပြာရောင်ဝတ် အမျိုးသားဟာလည်း မလေးရှားနိုင်ငံထဲမှာပဲ ရှိနေမယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ယုံကြည်ပြီး ကွင်းဆက်တွေ ဆက်လက် ရှာဖွေနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်းသတင်းမှာ ဖော်ပြသွားပါတယ်။


DVB

No comments:

Post a Comment

My Blog List