Thursday, September 24, 2015

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မြို့နယ်နှစ်ခုသာ ရွေးကောက်ပွဲ ကျင်းပသွားမည်


'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများမှ ခွင့်မပြု၍ မဲစာရင်း မကောက်ယူနိုင်သည့်အတွက် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့ နယ်ခြောက်ခုတွင် မြို့နယ်နှစ်ခုသာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ယင်းဒေသရွေးကောက်ပွဲအရာရှိ ဦး မျိုးမင်းထိုက်ကပြောသည်။
''အဓိက ကတော့ မဲစာရင်းကောက် လို့မရလို့ပေါ့။ သူတို့က ကျန်းမာရေး ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းပဲဝင်ခွင့် ပေးတယ်။ ကျန်တဲ့ဌာနဆိုင်ရာ ဝန် ထမ်းတွေပေးမဝင်ဘူး။ အဲ့ဒါကြောင့်''ဟု ဦးမျိုးမင်းထိုက်ကပြောသည်။


'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူး ဒေသ(၁)တွင် ပါဝင်သည့် ဟိုပန်နှင့် မက်မန်းမြို့နယ်များကို သာ 'ဝ'ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ တာဝန်ရှိသူ များမှ သွားရောက်ခွင့်ပြု၍ မဲစာရင်း ကောက်ယူရရှိသဖြင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းဖြစ်သည်။


အထူးဒေသ(၂)၌ ပါဝင်သည့် မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နား ဖန်းမြို့နယ်နှင့် ပန်ဆန်းမြို့နယ်များ သို့ သွားရောက်ခွင့်မပြု၍ မဲစာရင်း ကောက်ယူ မရရှိသဖြင့် ရွေးကောက် ပွဲမပြုနိုင်ခြင်းဖြစ်ကြောင်း ¤င်းက ဆက်ပြောသည်။


''အကိုတို့ သွားညှိသေးတယ်။ မရဘူး။ မီဒီယာတွေရော စောင့်ကြည့် သူတွေရော ဘယ်သူမှဝင်ခွင့် မပေး တာ''ဟု ဦးမျိုးမင်းထိုက်ကဆိုသည်။


'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အား ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းမြို့နယ် ခြောက် ခုကို ခရိုင်နှစ်ခုဖြင့် ဖွဲ့စည်းထားသည်။


မဲဆန္ဒနယ်အဖြစ် ထည့်သွင်းသတ် မှတ်ထားသော်လည်း မဲဆန္ဒရှင်စာ ရင်းမပြုစုနိုင်ပါက မဲဆန္ဒနယ်အဖြစ် မှပယ်ဖျက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြဋ္ဌာန်းထား သည်


၂ဝ၁၅ ရွေးကောက်ပွဲတွင် ဟို ပန်မြို့နယ်၌ မဲရုံပေါင်း(၄၃)ရုံ ထားရှိ ပြီး။ အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် တိုင်းရင်းသားနေရာကိုယ်စားလှယ် လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။


အဆိုပါ မဲဆန္ဒနယ်တွင် အမျိုး သားလွှတ်တော်မဲဆန္ဒနယ် (၁၂) အ တွက် 'ဝ' ဒီမိုကရက်တစ်ပါတီ၊ 'ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။


ဟိုပန်မြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတို့ ကျင်းပခဲ့သည်။

YangonMediaGroup

No comments:

Post a Comment

My Blog List