Monday, September 21, 2015

မုန်းချောင်းနှင့်ကြီးအုံကြီးဝရေလှောင်တမံတွင်ရေမြင့်တက်နေသော်လည်း စိုးရိမ်စရာမရှိဟု ဆည်မြောင်းတာဝန်ရှိသူပြော


မကွေးတိုင်းရှိ မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံတို့တွင် ရေများဆက်လက်မြင့် တက်နေသော်လည်း စိုးရိမ်ရန်မလိုသေးကြောင်း မကွေးတိုင်း ဆည်မြောင်းဦးစီးဌာနမှ သတင်းရရှိသည်။ မုန်းတမံတွင်ရေပိုလွှဲထက် ရေ အမြင့် ၆ ပေကျော်နေပြီး ကြီးအုံကြီးဝတမံ တွင် ရေပိုလွှဲထက်  ၈ ပေစီ အသီးသီးကျော်လွန်နေကြောင်း  မကွေးတိုင်း ဆည်မြောင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းလွင်က စက်တင်ဘာ ၂၀ ရက်မွန်းလွဲက ပြောကြားသည်။

‘‘မုန်းတမံက ၆ ဒသမ ၇ ပေ ကျော်နေပြီး ကြီးအုံကြီးဝမှာက ၇ ဒသမ ၃ ပေကျော်နေပါတယ်။ ပုံမှန် လောက်ပဲကျော်နေတာပါ။ ရေအဝင်ကလည်း ဖြည်းဖြည်း ချင်းပဲတိုးနေတာပါ။ ပေနှစ်ဆယ် လောက်ကျော် ရင်တော့ သတိ ထားရတော့မှာပေါ့။ အခုထိတော့ စိတ်ပူစရာမရှိပါဘူး။ ဧရာဝတီ မြစ်ရေ ကတော့ တက်နေ တာရှိ တာပေါ့’’ဟု ဦးစီးအရာရှိ ဦးစိုး မင်းလွင်ကပြော သည်။

မုန်းချောင်းတမံနှင့် ကြီးအုံ ကြီးဝတမံတို့သည် သြဂုတ် အတွင်း မိုးရေများပြီး ဧရာဝတီ ရေမြင့်တက်ချိန်က ရေပိုလွှဲထက် ၃၅ ပေကျော်လွန်ရောက်ရှိခဲ့ သော ဆည်များဖြစ်ကြောင်း ဦးစိုးမင်းလွင်က ဆက်လက်ပြော သည်။

‘‘ပေ၂၀ ကျော်အထိ စိတ်ပူ စရာမရှိပါဘူး။ ပေ ၂၀ ကျော်ရင် တော့ စသတိထားရမှာပါ။ အခုလို ရေတိုးပုံမျိုး လောက်နဲ့တော့ ရုတ် တရက်ရေမကြီးနိုင် ပါဘူး။ ချင်း ပြည်နယ်မှာလည်း မိုးက ပုံမှန် လောက်ပဲရွာတယ်လို့ သိထားပါတယ်။ မြစ်ရေထောက်၊ မထောက်ပေါ်လည်း အများကြီးမူတည်ပါ တယ်’’ဟု ဦးစိုးမင်းလွင်ကပြော သည်။

မုန်းချောင်းရေလှောင်တမံ သည် သြဂုတ်အတွင်းက ရေဘေးဆိုးရွားစွာဖြစ်ခဲ့ သော မကွေးတိုင်း စေတုတ္တရာမြို့အနီး တည်ရှိပြီး ကြီးအုံကြီးဝ ရေလှောင် တမံ သည် ပွင့်ဖြူမြို့အနီးတွင် တည်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List