Tuesday, September 22, 2015

“ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များ၏ သဘောထား”


ယခုသီတင်းပတ်တွင် ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များ၏ သဘောထားကဏ္ဍအတွက် ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အတွင်းမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများနှင့် ယင်းမြို့နယ်မှ မဲဆန်္ဒရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများအား ပြန်လည် ဖော်ပြပါသည်။

ဦးသော်တာအောင် (စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၂)
NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)

ကျွန်တော်မြို့နယ်ကို ဘာလုပ်ပေးမလဲဆိုတာပြောရရင် ၂ ပိုင်းရှိတယ်။ နံပါတ် ၁ က ပြည်သူလိုအပ်ချက်ကို ရေတိုဖြေရှင်းပေးရမယ်။ နံပါတ် ၂ က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ရေရှည်ပေါ့။ မဲဆန်္ဒရှင်ပြည်သူက ဘာလုပ်စေ ချင်လဲဆိုတာကိုနားထောင်ပြီး ဥပဒေကြောင်းအတွင်းကနေ လုပ်ပေးသွားမှာပါ။ ပြည်သူတွေ ဆန္ဒက ဘာတွေရှိမလဲ။ ဥပဒေနဲ့ညီ/မညီပေါ့ ကြည့်ပြီးလုပ်ပေးသွားပါမယ်။ မြို့နယ်အနေနဲ့ကတော့ လော လောဆယ်လုပ်ဖို့လိုတာ စည်ပင်ကိစ္စပဲ။ စမ်းချောင်းမှာ ရေနဲ့ မိလ္လာကိစ္စတွေ ဆောင်ရွက်ရမယ်။ အဓိက,က စမ်းချောင်းမှာ အစိုးရရေမရဘူး။ အိမ်တိုင်းက စက်ရေတွင်း၊ အ၀ီစိတွင်းတွေကို အားကိုးနေရတယ်။ မြေ အောက်ရေထုတ်ယူမှု ပမာဏကအရမ်းများတော့ မြေဆီလွှာကြံ့ခိုင်မှုအားနည်းတယ်လေ။ ဒါက ပြည်သူ တွေရဲ့နေထိုင်မှုဘ၀ကို ခြိမ်းခြောက်နေတာပါ။ အထပ်မြင့်အဆောက်အ အုံတွေလည်းရှိတော့ ရေရှည်မှာ အန်္တရာယ်ဖြစ်လာနိုင်တယ်လေ။ ပြည်သူတွေရဲ့ဆန္ဒမှာ ဘယ်ဟာက အရေးတကြီးလုပ်ရမယ်၊ ဘယ်ဟာက ရေရှည်ဆောင်ရွက်သွားရမယ် ဆိုတာမျိုး ခွဲခြားပြီး တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမှာပါ။ နောက် ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လည်း ကြိုးပမ်းသွားပါမယ်။

ဦးဘိုဘိုဦး (စမ်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ NLD)

လွှတ်တော်ထဲရောက်ရင် ပထမဆုံး ဘာလုပ်ပေးမလဲဆိုတော့ လက်ရှိဖမ်းဆီးခံထားရတဲ့ ကျောင်းသူ/ သားတွေလွတ်မြောက်ဖို့အရေးကို ပြောဆိုဆောင်ရွက်သွားမှာပါ။ မြို့နယ်နဲ့ပတ်သက်လို့ပြောရရင် တစ်မြို့ နယ်တည်း ဆိုတာထက် အားလုံးချိတ်ဆက်ပြီး ကြံဆလုပ်ဆောင်ရမှာဗျ။ နိုင်ငံမှာက master plan သေချာ မလုပ်တဲ့အတွက် လေလွင့်ခဲ့ရတာတွေများတယ်။နောက်ပြီး နိုင်ငံရေးအကျဉ်းသား အချုပ်သားတွေ လွတ် မြောက်အောင်လည်း လုပ်သွားပါမယ်။

ဦးဝင်းမြင့်သန်း
(စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း USDP)

ကျွန်တော်တို့နိုင်ငံက စီးပွားရေးမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်နေ တယ်။ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေတာက တစ်ဦးချင်းစီ ၀င်ငွေနည်းနေတာမို့လို့ပါ။ ကမ္ဘာမှာက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ် သတ်မှတ်တာရှိတယ်။ ။ ပို့ကုန်များရင် တိုးတက်လာမှာပဲ။ ဒီလိုဖြစ်ဖို့ စက်ရုံတွေတည်ဆောက်ဖို့လိုတယ်။ ခု အဆောက်အအုံတွေ ဆောက်တယ်။ အဆောက်အအုံရာသီပြီးသွားရင် ဒီအလုပ်သမားတွေက အလုပ်မရှိတော့ဘူး။ စက်ရုံကျ တော့ အဲဒီလိုမဟုတ်ဘူး။ အနည်းဆုံးနှစ် ၃၀ လောက်မှ အရင်းကျေတာ။ ဒါကြောင့် နိုင်ငံတော်မှာ စက်ရုံ တွေလုပ်မယ်။ ဘယ်လိုစက်ရုံလဲဆိုရင် အရက် ဘီယာစက်ရုံတွေ မဟုတ်ဘူး။ ဒါတွေက ဒီမှာပဲ ပြန်ရောင်းရ တာ။ နောက်ဆုံးတော့ ဒါတွေများလေ အမူးသမားတွေများလေ ဖြစ်မှာပဲ။ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ တွေလုပ်မှာ။ ပြည်ပပို့တဲ့အခါ ဒေါ်လာလည်းရမယ်။ ကိုယ့်ဆီက သယံဇာတတွေလည်း ပါမသွားဘူး။ အကျိုး အမြတ်အဖြစ် ဦးတို့ဆီက လူတွေအလုပ်ရမယ်။ ဒီလုပ်ငန်းတွေဆိုတာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေကလုပ် တဲ့ ခြေလှမ်းကဒါပဲ။ လယ်သမားတွေက စိုက်ပျိုးရေးနဲ့မွေးမြူရေးတွေလုပ်တယ်။ ဒါပေမဲ့ ရောင်းလိုက်တဲ့အ ခါမှာတော့ လုပ်ရတဲ့ ဈေးနဲ့တောင် မကာမိဘူး။ ဒါတွေကို နိုင်ငံ တော်က ကြားထဲကဖြတ်ပြီး ၀ယ်ပေးရမယ်။ Prize equality ပေါ့။ ညီမျှတဲ့တန်ဖိုး နဲ့ဝယ်ပေးရမယ်။ စားစရိတ်၊ စိုက်စရိတ် ကျေအောင်တွက်ပြီး ၀ယ်ပေး ရမယ်။ ခု ကျောက်ပန်းတောင်းမှာ ထန်းတက်တဲ့သူတွေ မရှိတော့ဘူး။ အကုန် မလေးရှားရောက်ကုန်ပြီ။ မော်လမြိုင်မှာဆိုလည်း ရာဘာလုပ်သားတွေ ဒီမှာမရှိတော့ဘူး။ နိုင်ငံခြားမှာ သွားပြီး ရာဘာခြစ်နေတယ်။ ဘာကြောင့်လဲဆို ဟိုမှာက လုပ်အားခမြင့်လို့ ရောက်သွားကြတာလေ။ ဒါတွေကို နိုင်ငံတော် အဆင့်အနေနဲ့ ပြင်ဖို့လိုတယ်။ ပထမဆုံးမြို့နယ် လူနေမှုအဆင့်အတန်းမြင့်ရမယ်။ ရေ၊ မီး စနစ်တွေအကောင်းဆုံးဖြစ် အောင်လုပ်မယ်။ စမ်းချောင်းမြို့နယ်ကို စံပြအနေနဲ့လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

ဦးဌေးအောင် (စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း USDP)
ကျွန်တော်ကတော့ တိုတိုပဲပြောပါမယ်။ ပြည်သူ့လိုအပ်ချက်တွေကိုလုပ်မယ်။ ပြည်သူတွေက လုပ်ချင်တာ ထက် ပြည်သု့အတွက်လုပ်သင့်တာတွေကို ကြိုးစားပြီးလုပ်မယ်။ နောက်တိုင်းဒေသကြီးလွှတ်တော် ပွင့်လင်း မြင်သာမှု ပိုရှိလာအောင်ဆက်လက် ကြိုးစားသွားမယ်။

ဦးမောင်မောင်သိန်း (မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်မှ မဲဆန္ဒရှင်)
ကျွန်တော်ကတော့ ပြည်ခိုင်ဖြိုးပါတီကိုပဲ မဲပေးရွေးချယ်မှာပါ။ ဘာကြောင့်လဲဆိုရင်တော့ ယုံကြည်မှုပေါ့။ လက်ရှိရွေးချယ်ခံမယ့် ပုဂ်္ဂိုလ်တွေကို ယုံကြည်တယ်။ ပြည်သူ့အကျိုးဆောင်ရွက်နိုင်မယ်လို့ ယုံတယ်။ လူပုဂ်္ဂိုလ်ကို ယုံလို့ မဲပေးရွေးချယ်မှာပါ။

ဒေါ်အေးအေးမွန် (လင်းလွန်းမြောက်ရပ်ကွက်မှ မဲဆန္ဒရှင်)
NLD ကိုပဲ မဲပေးမှာပါ။ ဘာမှမပြောင်းလဲရင်တောင် လူပြောင်းမယ် ဆိုတာထက် ပြောင်းလဲပေးနိုင်မယ်ဆို တာ ယုံကြည်လို့ပါ။ ပြည်သူ့အကျိုးကို ကြည့်တဲ့သူတွေ ဦးဆောင်တဲ့ပါတီက ပြည်သူကို စိတ်ချမ်းသာ အောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကိုမြတ်မင်း (မုန့်လုပ်ဆောင်းကုန်းမြောက်ရပ်ကွက်မှ မဲဆန္ဒရှင်)
ကျွန်တော်ကတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြံ့ခိုင်ရေးပါတီဝင်ထားပါ တယ်။ ကိုယ့်ပါတီပဲ ကိုယ်မဲပေးမှာပါ။

ဦးတင်ရွှေအောင် (ရှမ်းလမ်းမှတ်တိုင်အနီးနေထိုင်သူ မဲဆန္ဒရှင်)
ဘာပြောစရာလိုလဲဗျာ။ NLD ပဲပေးမှာပေါ့။ ၉၀ တုန်းကလည်း ဒေါ်စုပဲ မဲပေးခဲ့တာ။ ခုလည်းမပြောင်းလဲ ဘူး။ ဒါပေမဲ့ နိုင်သွားတဲ့အခါမှ ၉၀ တုန်းကလိုတော့ ညစ်တာတွေထပ်မဖြစ်စေချင်ဘူး။ နိုင်ငံကို ဆင်းရဲတွင်း ထဲက ကယ်တင်နိုင်မယ်ထင်လို့ မဲပေးမှာလေ။

ဦးချစ်ကိုကိုအေး (ဟုန်းလမ်းရပ်ကွက်)

ကျွန်တော်ကတော့ NLD က ကိုယ့်ပါတီပဲလေ။ NLD ပဲမဲပေးမှာပါ။ကျွန်တော် က စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အတွင်းရေးမှူး တာဝန် ယူထားတာပါ။

ဦးမြင့်အောင် (ညောင်တုန်းလမ်း)

ကျွန်တော်ကတော့ ကိုယ်နဲ့သိတဲ့ လူအကြောင်းသိတွေကိုပဲ မဲပေးမယ်။ ဒါမှလည်း သူတို့လုပ်နိုင် တာမလုပ် နိုင်တာ ကိုယ်သိမယ်။ ကျွန်တော် တစည ပါတီက လူကို သဘောကျတယ်။

သူကရှေ့မီနောက်မီအမြော်အမြင်လည်းရှိတယ်။

မင်းဝဿ န်
The Ladies News Journal

No comments:

Post a Comment

My Blog List