ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ၊ လယ်သမားတွေ လွတ်မြောက်ဖို့ နဲ့ တရားမဝင် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ကို ရုတ်သိမ်းပေး ဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက် ပိုင်းက မကွေးကျောင်းတိုက်မှာ လယ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က ကိုသက်နိုင်က အခုလိုပြောပါတယ်။
"စတုတ္ထမဏ္ဍ္လိုင်လို့ နိုင်ငံတော်သမ္မတကြီးကပြောထားတဲ့ ကဏ္ဍမှာ မီဒီယာတွေကို နှိပ်ကွပ်ပြီးဖမ်းနေတာဟာ ဒါမျိုးတွေကန့်ကွက်ပြီးရှုတ်ချရ မယ် နောက်ပြီးတော့ တောင်သူလယ်သမားတွေ သိမ်းဆည်းခံထားရတဲ့ လယ်တွေကိုပြန်ပြီးတော့တောင်းတယ်၊ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ခံထားရတယ်၊ဒါတွေက မမျှတ ဘူးဖြစ်တယ် စစ်အစိုးရခေတ်ကလုပ်သွားတဲ့ အပြုအမူကိုလုံးဝမပြောင်းလဲဘူးဆိုတာပေါ်လွင်တယ်၊ပုဒ်မ ၁၈ နဲ့ ဖမ်း ထား တဲ့ကိစ္စတွေ၊ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေရတဲ့လူတွေ မီဒီယာတွေ ပြန်လွှတ်ပေးဖို့ မတရားဥပဒေတွေ ပြန်ရုတ်သိမ်းပေးဖို့ ကျနော်တို့ ကြေငြာချက်တွေ ထုတ်ပြီးတော့ တောင်းဆိုတယ် "
ဒီနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၊ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ပြည်သူ့အ ကျိုးဆောင်ကွန်ရက်၊ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ နတ္တလင်း ပြည် သူ့အကျိုး ဆောင်ကွန်ရက်နဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့က လယ်သ မားတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကြေညာချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေ ရှင်းပေးတာ မရှိခဲ့ရင် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌတို့ဆီကို တင်ပြတောင်းဆို သွားကြမယ်လို့ သိရပါတယ်။
RFA Burmese

No comments:
Post a Comment