Wednesday, April 30, 2014

RSFက ထုတ်ပြန်သည့် သူရဲကောင်းသတင်းထောက် ၁၀၀စာရင်းတွင် DVB သတင်းထောက် ကိုဇော်ဖေပါဝင်


မေလ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် သူရဲကောင်း သတင်းထောက် ၁၀၀ ဦး၏ ကိုယ်ရေးအကျဉ်းကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက် များအဖွဲ့ (RSF)က ထုတ်ပြန်ရာတွင် ဒီဗွီဘီ (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းထောက် ဦးဇော်ဖေ လည်း ပါဝင်ခဲ့သည်။
ထို သူရဲကောင်းသတင်းထောက် ၁၀၀ ဦး၏ သတ္တိရှိရှိ လုပ်ဆောင်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်း၏ အပိုဒ် (၁၉) တွင် ဖော်ပြထားသော “မည်သည့်မီဒီယာကို ဖြတ်သန်းအသုံးပြု၍
 ဖြစ်စေ၊ မည်သည့်နယ်မြေတွင်ပင်ဖြစ်စေ၊ သတင်းအချက်အလက်များနှင့် စိတ်ကူးစိတ်သန်းအယူအဆ များကို ရှာဖွေနိုင်ခွင့်၊ လက်ခံရယူနိုင်ခွင့် နှင့် ဖြန့််ဖြူးပိုင်ခွင့်တို့ ရှိသည်” ဟူသော လွတ်လပ်ခွင့်ကို အထာက်
အကူပြုကြောင်း RSF ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ဒီဗွီဘီ၏ ဗွီဒီယိုသတင်းထောက် ဦးဇော်ဖေမှာ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ၂၀၁၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းတွင် ဦးဇော်ဖေသည် ပညာရေးသတင်း တစ်ပုဒ်အတွက် သတင်းရယူခဲ့ ရာတွင် အမှုပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List