Tuesday, April 29, 2014

အမေရိကန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေး ဆိုင်ရာ သဘောတူညီမှုရ

အမေရိကန် သမ္မတ အိုဘားမား ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို မရောက်ခင် နာရီပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စု နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အသစ် တခု ချမှတ်နိုင်ခဲ့ပါတယ်။
အဲဒီသဘော တူညီချက်အရ အမေရိကန် တပ်တွေဟာ ဖိလစ်ပိုင်မြေပေါ်မှာ ပိုမို ၀င်ရောက် သွားလာခွင့် ရမှာ ဖြစ်သလို စစ်ရေးဆိုင်ရာ ပစ္စည်း နဲ့ အဆောက်အအုံတွေကို ပိုမို အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။

အဲဒီသဘောတူ ညီချက်ကို ကန့်ကွက်သူတွေလည်း အများအပြားရှိနေပါတယ်။

စစ်ရေးဆိုင်ရာ သဘောတူညီ ချက်အပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီး မြုပ်နှံရေးတွေ ဘက်မှာလည်း ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ဖို့ သမ္မတအိုဘားမားနဲ့ ဖိလစ်ပိုင်ထိပ်တန်း ခေါင်းဆောင်တွေ ဆွေးနွေး ခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို လည်ပတ်ပြီးရင် အမေရိကန် သမ္မတအို ဘားမားရဲ့ အာရှခရီးစဉ်ပြီးဆုံးပြီ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List