Tuesday, April 29, 2014

ခေါင်းမူးခြင်းအတွက် သဘာဝကုထုံး


ခေါင်းကိုက်၊ ခေါင်းမူး၊ ခေါင်းမကြည် ဖြစ်နေလျှင်

၁။ သံပရာသီးတစ်လုံးကို ဖန်ခွက်ထဲ အရည်ညစ်၍ ဆား၊ ငြုတ်ကောင်းအနည်းငယ်စီ ထည့်မွှေပြီး သောက်ပေးပါ။

၂။ လိမ္မော်သီး၊ ဘယ်ရီသီး၊ စတော်ဘယ်ရီသီး စသည့် ဗီတာမင်စီ ပြည့်ဝပြီး လတ်ဆတ်သော သစ်သီး များကို ဆား သို့မဟုတ် သကြားအနည်းငယ်တို့ဖြင့် တို့ပြီး စားလိုက်ပါ။
၃။ ဒိန်ချဉ်သောက်ပေးပါ။

၎။ ကြက်သွန်ဖြူ လေးငါးတက်ခန့် ကို အနည်းငယ်ထု၍ ပြုတ်ပြီး အနံ့ကို ရှူပါ။ အရည်ကို သောက်ပေး ပါ။ ပြန်လည်လန်းဆန်းစေပါသည်။

၅။ နွားနို့တစ်ခွက်စာထဲကို ပင်စိမ်းရွက် ၃ ရွက်ခန့်ထည့်ကျိုပြီး ညဖက် မအိပ်ခင် သောက်ပေး ပါ။ ခေါင်းမူး၊ ခေါင်းကိုက် သက်သာပျောက်ကင်းသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Natural home remedies: Headaches.

ကျန်းမာရေးသတင်းများ

No comments:

Post a Comment

My Blog List