ဆူးလေလမ်းမကြီးပေါ်ရှိ ကုန်သည်ကြီးများဟိုတယ်၊ ရန်ကုန်အား ဆူးလေရှန်ဂရီလာ၊ ရန်ကုန်အဖြစ် ယနေ့ တွင် စတင်ပြောင်းလဲလိုက်ကြောင်းသိရသည်။
“ဒီဟိုတယ်ကြီးကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီး ဆူးလေရှန်ဂရီလာအဖြစ် မိတ်ဆက်ပေးရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါ။ ရောက်လာကြတဲ့ဧည့်သည်တွေအတွက် ထူးခြားတဲ့ ဝန်ဆောင်မှုအသစ်တွေ၊ အတွေ့အကြုံသစ်တွေနဲ့ ကြိုဆိုရင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေနဲ့ ထိုးဖောက် မိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ဆူးလေရှန်ဂရီလာ၏ Area Manager ဖြစ်သူ Mr. Phillip Couvaras က ပြောသည်။
အခန်းပေါင်း (၄၈၄) ခန်းပါရှိသော ယင်းဟိုတယ်ကြီးအား အကြီးစားပြင်ဆင်မှုများ (၂) နှစ်ကြာပြင်ဆင်ခဲ့ပြီး အသစ်ပြန်လည်ပြုပြင်ရာတွင် Cafe’ Sule ဟုအမည်ပေးထားသော နိုင်ငံတကာ အရသာများဖြင့် ထိတွေ့ စားသုံးနိုင်သည့် စားသောက်ဆိုင်၊ လွတ်လပ်ပေါ့ပါးစွာ အနားယူစကားပြောဆိုနိုင်မည့် Peacock Lounge ၊ အသေးစား စားစရာများ ဖျော်ရည်များ၊ လတ်ဆတ်စွာစားသုံးနိုင်မည့် Gourmet Shop တို့ကိုပါထပ်မံ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ဓါတ်ပုံ – သီဟသစ်
The Myanmar Age

No comments:
Post a Comment