Tuesday, April 29, 2014

ငြိမ်းချမ်းရေးကော်မတီနှင့် မေ ၁၀ ရက်နေ့ ဆွေးနွေးရန် ဆန္ဒရှိဟု ကေအိုင်အိုပြော


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လာမယ့် မေလ ၁၀ ရက်နေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့မှာ ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ဦးအောင်မင်းဆီ အကြောင်းကြားစာ ဒီနေ့ ပေးပို့ခဲ့ပါတယ်။
လာမယ့် မေလထဲမှာ တွေ့ဆုံဆွေးနွေးရေး ကျင်းပဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် မစ္စတာ ဗီဂျေနန်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မစ္စတာ ၀မ်ရင်ဖန်၊ ယူအန်အက်ဖ် စီ ခေါင်းဆောင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့တို့ကို ဖိတ်ကြားသွားမယ်လို့ စာမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတို့ကို နှစ်ဖက် တွေ့ဆုံ အမြင်သဘောထား ဖလှယ်ရေးနဲ့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းအားဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေတဲ့ Peace Process ကို ပိုမိုအဆင်ပြေစေနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ကေအိုင်အိုနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List