Saturday, May 03, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ ကျင်းပရန်ပြင်ဆင်နေကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား


မေလ(၂)ရက်နေ့နံက်ပိုင်း ရေဒီယိုကနေတဆင့် ပြောကြားသော နိုင်ငံတော်သမ္မတ မိန့်ခွန်းတွင် လက်နက် ကိုင်အဖွဲ့တွေနဲ့နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ ကျင်းပရန်အစိုးရက ပြင်ဆင်နေကြောင်း၊ မကြာခင်မှာ တစ်နိုင် ငံလုံး အတိုင်းအတာနဲ့အပစ် အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် ကပြောသည်။
တစ်နိုင်ငံလုံးအပဏ်အခတ်ရပ်စဲရေးနှင့် ပတ်သတ်ပြီး ဗိုလ်မှူးရှိရှိ(ပြန်ကြားရေးအရာရှိ KNU)က “တစ်ဖက်နဲ့ တစ်ဖက် ပဠိပက္ခဖြစ်တာတွေရှိနေတာညှိနှိုင်းလို့ရပါတယ် မတိုင်ပင်မပြောမဆို လုပ်နေရင်အဆင်ပြေမှာ မဟုတ်ပါဘူး ဒီကိစ္စဖြေရျင်းတာက ရိုးရိုးလေးပါ။အပြန်အလှန် အရိုအသေပေး စေတနာထား လေးစားမှု ရှိရမှာပေါ့။ဘာပဲလုပ်လုပ်ပြည်သူတွေမျက်နှာကြည့်ရပါမယ်။

ငါတို့လက်နက်ကိုင်ထားတယ်ဆိုပြီးငါတို့လုပ်ချင်တိုင်းလုပ်မယ်လို့တော့ မဖြစ်ပါဘူး။သူ့အား ငါ့အား မကြည့်ပဲ ကိုယ့်ပြည်သူတွေအတွက်ထည့်စဉ်းစားရပါမယ် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲနိုင်ရင်တော့ အရမ်းကောင်းပါတယ်။ တိုင်းပြည်အေးချမ်းသာယာတာပေါ့ တိုင်းပြည်တိုးတက်ဖို့လည်းအမျာကြီးဆောင် ရွက်နိုင်မှာပါ ”ဟု ပြောသည်။

တိုင်းရင်းသားများကို ကတိပြုထားတဲ့အတိုင်း လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်း နဲ့ ဆွေးနွေးအဖြေရှာနိုင်တော့မှာ ဖြစ်ပြီးနိုင်ငံရေးဆွေးနွေးပွဲများကျင်းပ ပြုလုပ်နိုင်ဖို့လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။

ဗိုလ်မှူးကြီးစောစန်းအောင် (DKBA ကလိုထူးဖော)ကလည်း “ဖြစ်သလိုချုပ်မယ် တစ်ဖက်သတ်ချုပ်မယ် ဆိုရင် ချုပ်နိုင်မှာပါ။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပုံစံနှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ဆိုရင် ဖြစ်နိုင်တဲ့လက္ခဏာ မရှိပါဘူး။ဘာလို့လဲဆိုတော့ အစိုးရတပ်တွေအနေနဲ့ အခုအချိန်အထိ ရှေ့တန်းထွက်တဲ့ပုံစံတပ်တွေ အပြောင်းအလဲလုပ် စစ်ဆင်ရေးတွေလုပ် ဒါတွေဟာ ယုံကြည်မှုလျော့ကြစေပါတယ် “ ဟု သုံးသပ်ပြော ကြားသည်။

၂၀၁၄ ဧပြီ(၅)ရက်မှ (၈)ရက်နေ့အထိပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားပြုအဖွဲ့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းတစ်ခု ရရှိအောင် ဆွေးနွေးနိုင် ခဲ့ကြောင်းသမ္မတ ဦးသိန်းစိန်က မိန့်ခွန်းထဲတွင်ပြောကြားခဲ့သည်။

ချမ်းမင်းဟန်
The myanmar Age

No comments:

Post a Comment

My Blog List