Wednesday, April 30, 2014

၁၉၈၂ နိုင်ငံသားဥပဒေ အကြောင်း ရခိုင်တိုင်းရင်းသားညီလာခံက ဆွေးနွေး


ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့မှာ ​ကျင်းပနေတဲ့ ​ရခိုင်အမျိုးသားညီလာခံ ​တတိယနေ့မှာ ​၁၉၈၂ ​နိုင်ငံသား ဥပဒေအကြောင်း၊ ​လွှတ်တော်နိုင်ငံရေးနဲ့တရားမ၀င်နိုင်ငံခြားသားတွေကိုင်ဆောင်ထားတဲ့ ​white ​card ​ကိစ္စတွေနဲ့ ​သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
ကျောက်ဖြူမြို့ညီလာခံမှာ ​ရခိုင်အမျိုးသားလွတ်တော်​အမတ် ​ဒေါက်တာ ​အေးမောင် ​ရဲ့ဆွေး​နွေးချက်ကို ​အစည်းအဝေးတက်ရောက်တဲ့ ​ကိုရဲမင်းဦးက ​အခုလိုပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ ​အမျိုးသားလွတ်တော်နိုင်ငံရေးနဲ့ ​ကဏ္ဍနဲ့ ​ပတ်သက်လို့ ​ဒေါက်တာ ​အေး​မောင် က ​ဟော​ပြော​ဆွေး​နွေးမှုတွေ ​လုပ်ပါတယ်၊ ​အဓိက ​ပထမ​ဦးဆုံး ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ​သွားလို့ရမယ့် ​နည်းလမ်းတွေကို ​ရွေးချယ်​ပြီးတဲ့အခါ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​ကပေးထားတဲ့ ​အခင်း ​အကျင်းနဲ့ ​ရခိုင်ပြည်နယ် ​နိုင်ငံရေးအခင်း​အကျင်းနဲ့ ​ဟန်ချက်ညီညီ ​ဘယ်ပုံဘယ်နည်းနဲ့ ​သွားရမလဲ ​ဆိုတာနဲ့ ​ပတ်သက်ပြီးတော့ ​ဟောပြော ​ဆွေးနွေးမှုတွေ ​လုပ်ပါတယ်။” 

ဒါ့အပြင် ​အစည်းအဝေး ​တက်ရောက်လာတဲ့ ​မြို့နယ်ကိုယ်စားလှယ်တွေ ​အတော်များများက ​ရခိုင်ပြည် နယ် ​တည်ငြိမ်အေးချမ်းရေးနဲ့ ​ပတ်သက်ပြီးတော့ ​ဘူးသီးတောင် ​မောင်တော ​ဒေသမှာရှိတဲ့ ​နယ်မြေ ​မလုံခြုံမှုတွေအကြောင်း ကိုလည်း ​ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ ​ပြည်ထောင်စုအရေးဖြစ်တဲ့အကြောင်း၊ ​နယ်မြေ မလုံခြုံမှုဟာ ​ပြည်ထောင်စု အစိုးရမှာ ​အဓိကတာဝန်ရှိတဲ့အကြောင်းကိုလည်း ​မီးမောင်းထိုးပြတဲ့ ​ဆွေးနွေးမှုမျိုးတွေ ​ပြုလုပ်ခဲ့တယ်လို့ ​ကိုရဲမင်းဦးက ​ဆက်လက်ပြောပြပါတယ်။

လူထောင်ချီတက်ရောက်နေတဲ့ ​ရခိုင်အမျိုးသားညီလာခံကို ​မေလ ​၁ရက်နေ့ထိ ​ကျင်းပသွားမှာဖြစ်ပြီး ​အစည်းအဝေးတောင်းဆိုချက်တွေနဲ့ ​ဆုံးဖြတ်ချက်တွေကိုတော့ ​ဆွေးနွေးပွဲနောက်ဆုံးရက်မှာ ​အတည်ပြု ထုတ်ပြန်သွားမှာဖြစ်တဲ့ အကြောင်း သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List