Wednesday, April 30, 2014

သြစီနဲ့ကမ္ဘောဒီးယား ဒုက္ခသည် အရေး သဘောတူဖို့ နီးစပ်လာ


သြစတြေးလျနိုင်ငံနဲ့ ​ကမ္ဘောဒီးယားနိုင်ငံကြားမှာ ​ဆွေးနွေးနေတဲ့ ​Nauru ​ကျွန်းကဒုက္ခသည်ခေါ်ယူမှု ​အစီအစဉ် ​ဖြစ်မြောက်ဖို့ ​အခြေအနေ ​နီးစပ်လာပြီလို့ ​သိရပါတယ်။
သြစတြေးလျနိုင်ငံပိုင် ​Nauru ​ကျွန်းမှာရှိတဲ့ ​ခိုလှုံခွင့် ​တောင်းခံသူတွေကို ​ကမ္ဘောဒီးယား ​နိုင်ငံမှာ ​ပို့ဆောင် ထားရှိဖို့အတွက် ​သြစတြေးလျအစိုးရက ​ကမ္ဘောဒီးယား ​အစိုးရနဲ့ ​ဆွေး​နွေးမှု​တွေ ​ပြုလုပ်​နေတာ ​ဖြစ် ​ပါတယ်။

ဒုက္ခသည်တွေကို ​ကမ္ဘောဒီးယားနိုင်ငံမှာ ​ပို့ဆောင်မယ့် ​အစီအစဉ်ဟာ ​လူသိရှင်ကြား ​မကြေညာရသေးပေ မယ့် ​အဆိုပါ ​ဒုက္ခသည်တွေကို ​ဒေသတွင်းက ​အဖွဲ့အစည်းတွေရဲ့ ​ကူညီထောက်ပံ့မှုတွေနဲ့ ​လူမှုအသိုင်း ​အ၀ိုင်းအတွင်းမှာပဲ ​အခြေချပေးမယ်လို့ ​အေဘီစီအနေနဲ့ ​သတင်းရရှိထားပါတယ်။

ဒုက္ခသည်တွေခေါ်ယူလက်ခံမယ့် ​အစီအစဉ်နဲ့ ​ပတ်သက်ပြီးတော့ ​ကမ္ဘောဒီးယား ​နိုင်ငံခြားရေး ​၀န်ကြီးဌာန ​အနေနဲ့ ​ကော်မတီတဖွဲ့ ​ဖွဲ့သွားမှာဖြစ်ပြီးတော့ ​မိမိသဘောဆန္ဒအရ ​လာရောက်နေထိုင်လိုတဲ့ ​ဒုက္ခသည်တွေ ကိုပဲ ​ခေါ်ယူလက်ခံသွားမှာ ​ဖြစ်တယ်လို့ ​ကမ္ဘောဒီးယား ​နိုင်ငံခြားရေး ဌာနက ​အေဘီစီကိုပြောပါတယ်။

ဒုက္ခသည်အရေး ​ဆွေးနွေးမှုတွေထဲမှာ ​သြစတြေးလျနိုင်ငံပိုင် ​Nauru ​ကျွန်းမှာရှိတဲ့ ​ဒုက္ခသည် ​တစ်ထောင်ကျော်ကို ​ကမ္ဘောဒီးယားနိုင်ငံမှာ ​ပို့ဆောင်ထားရှိဖို့ ​အစီအစဉ်ပါဝင်တယ်လို့ ​လည်းဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List