Wednesday, April 30, 2014

ကမ္ဘာလုံးဆိုင်ရာ ညီလာခံ နဲ့ မြန်မာ့အရေး

အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း လော့စ်အိန်ဂျလိစ်မြို့ မှာ ကျင်းပနေတဲ့ Global Conference ခေါ်ကမ္ဘာလုံးဆိုင်ရာညီလာခံ မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့  မြန်မာ့အသွင် ကူးပြောင်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်ကနေ ၃ နာရီ ၄၅ မိနစ် ထိဆွေးနွေးမယ်လို့ သိရပါတယ်။
အဲဒီမှာ ပင်တိုင်ဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့ အစည်းက ကိုကိုကြီး၊ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်ရပ်စေ့ စပ်ဆွေးနွေးရေးနဲ့ အကောင်အထည်ဖေါ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူးကိုမင်းဇော်ဦး၊ ဆာ့ဂ်ျပန်းကုမ္ပဏီဥက္ကဌ မစ္စတာ ဆာ့ဂ်ျပန်း၊ မြန်မာဗဟိုဘဏ် ဒုဥက္ကဌ ဦးဝစ္စတန် ဆက်အောင်တို့ ဖြစ်ပြီးဆွေးနွေးပွဲသဘာပတိက အာဆီယံဒေသဆိုင်ရာ အမေရိကန်သံအမတ် ကြီးဟောင်း David Carden တို့ ဖြစ်ပါတယ်။

"အမေရိကန် Institute ကနေ Global Conference ကိုဖိတ်လို့ပေါ့လေ အဲ့ဒီတော့ ဖိတ်တဲ့အခါမှာလည်း ဒီနှစ်ကထူးခြားတာက မြန်မာနဲ့ပတ်သက်လို့ ခေါင်းစဉ်တစ်ခုသက်သက် သီးခြားစီစဉ်ပေးတယ် အဲ့ဒါနဲ့ ပင်တိုင်ဆွေးနွေးမဲ့သူ အဖြစ်နဲ့ပေါ့လေ ကျနော်အပါအဝင်ပေါ့ မြန်မာဘက်က လေးယောက် အခုကျနော်တို့ ဒီကိုရောက်နေတယ်။"

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့  ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေနဲ့  အနာဂတ်အလားအလာ ကို ဆွေးနွေး ကြမယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List