Wednesday, April 30, 2014

မြန်မာကိုအရေးယူဖို့ ကန် အမတ်တွေတောင်းဆို

 
မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်ရေးတိုက်ဖျက်ရေး အတွက် ထိရောက်စွာဆောင်ရွက်ခြင်း မရှိတဲ့နိုင်ငံတွေ ကို အရေးယူအပြစ်ပေးဖို့ အမေရိကန်လွှတ်တော် အမတ်တွေက သမတအိုဘားမားကို မနေ့ကတောင်းဆို လိုက် ပါတယ်။
မြန်မာအစိုးရက ဖိနှိပ်ချုပ်ချယ်တဲ့အတွက် ထွက်ပြေးခဲ့ ကြတဲ့ ရိုဟင်ဂျာတွေကို ထိုင်းအရာရှိတွေကလည်း လူကုန်ကူးသူတွေလက်ထဲ တဆင့် ရောင်းချခဲ့တာတွေ ရှိတယ်လို့ ကြားသိရကြောင်း၊ မလေးရှားအစိုးရ မှာလည်း တာဝန်ရှိကြောင်း၊ ဒါကြောင့် မြန်မာ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံတွေကို အရေးယူ အပြစ်ပေးသင့်ကြောင်း အမေရိကန် အောက် လွတ်တော်အမတ် ကရစ်တိုဖာ စမစ်ကပြောပါတယ်။

မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး အဆင့် ၂ နိုင်ငံတခုအဖြစ် သတ်မှတ်စောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားတာကိုလည်း မသင့်တော်ကြောင်း အမတ် ကရစ်တိုဖာ စမစ်က ဝေဖန်ခဲ့ပါတယ်။ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနလက်အောက်ခံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ချမှတ်ထားတဲ့ စံနှုံးတွေကို အပြည့်အဝ လိုက်နာလုပ်ဆောင်ခြင်းမရှိသေးပေမယ့် လူကုန်ကူးမှု ကြိုးစားတိုက်ဖျက်နေ တဲ့ နိုင်ငံတွေကို အဆင့် ၂ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List