Wednesday, April 30, 2014

အီရတ် ရွေးကောက်ပွဲ – အမေရိကန်တို့ ဆုတ်ခွာသွားပြီးနောက်ပိုင်းတွင် ပထမဆုံး မဲပေးမှု


လွန်ခဲ့သော ၃ နှစ်ခန့်က အမေရိကန် တပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက်ပိုင်းတွင် အီရတ်နိုင်ငံသား များသည် နိုင်ငံ၏ ပထမဆုံးပါလီမန် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးလျက် ရှိကြသည်။မဲဆန္ဒပေးခြင်း ကို ဒေသ စံတော်ချိန် ၇ နာရီတွင် စတင်ပြီး ၁၉ နာရီတွင် ပိတ်သိမ်းမည် ဖြစ်သည်။
ဝန်ကြီးချုပ် နိုရီအယ်လ်မာလီကီသည် နိုင်ငံ၏ အနောက်ပိုင်းတွင် သောင်းကျန်းမှုများ ဖြစ်ပွားနေသော် လည်း တတိယအကြိမ်သက်တမ်း ဆက်လက် ရွေးချယ်ခံနိုင်ရန် မျှော်လင့်လျက် ရှိသည်။

အီရတ် နိုင်ငံသည် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် မတည်ငြိမ်မှု အဆိုးဝါးဆုံး အခြေအနေများကို ရင်ဆိုင်နေရပြီး ပြီးခဲ့သောသီတင်းပတ် တစ်ခုတည်းတွင်ပင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ကြသည်။

အီရတ်နိုင်ငံသား သန်း ၂၀ ကျော်မှာ နိုင်ငံတစ်ဝှမ်းရှိ မဲရုံပေါင်း ၅၀၀၀ ကျော်တွင် မဲပေးရန် အခွင့်အရေး ရှိကြသည်။

မြို့တော်အတွင်းတွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး စစ်တပ်မှရဟတ်ယာဉ်များလည်း ပျံသန်းစောင့်ကြည့် မှုများ ပြုလုပ်လျက်ရှိသည်။

မဲပေးရာတွင် လုံခြုံစေရန် ကြိုးစားအားထုတ်မှုအနေဖြင့် အစိုးရမှ လေဆိပ်အား ခေတ္တခဏ ပိတ်ထားခဲ့ပြီး မြို့တော်၏ အဝင်အထွက်လမ်းမများကိုလည်း ပိတ်ဆို့ထားခဲ့သည်။

မဲဆွယ်ပွဲများတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တနင်္လာနေ့က စစ်သားများ၊ ရဲတပ်ဖွဲ့နှင့် ပင်လယ် ရပ်ခြား နိုင်ငံသားများမှ မဲပေးနေကြရာတွင် ဗုံးခွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ ကျော် သေဆုံး ခဲ့ကြသည်။

သောကြာနေ့တွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုများတွင်လည်း အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ကြသည်။ အယ်လ်ကေဒါအဖွဲ့ဟောင်းအရှေ့ပိုင်း အစ္စလာမ်မစ် အီရတ်အဖွဲ့ (ISIL) မှ ၎င်းတိုက်ခိုက်မှုများကို ပြုလုပ်
ခဲ့ကြောင်း ကြေငြာခဲ့သည်။

ပါလီမန်အမတ်နေရာ ၃၂၈ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၉၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည်။ လုံခြုံရေးတပ်ဖွဲ့များမှ အစ္စလာမ်မစ် အစွန်းရောက်များနှင့် လူမျိုးစုငယ် စစ်သွေးကြွများကို ခရိုင်မြို့တော် ရမ်မဒီနှင့် ဖာလူဂျာ မြို့များကိုထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေရသည့် ဆွန်နီများ ကြီးစိုးသည့် အန်ဘာခရိုင်တွင် မဲပေးမှုများ မရှိသေးပေ။

Ref: BBC
The Myanmar Age

No comments:

Post a Comment

My Blog List