Tuesday, April 29, 2014

အင်ဒိုနီးရှား အိမ်အကူကို ညှဉ်းပန်းမှုဖြင့် ဟောင်ကောင် အမျိုးသမီး တဦးကို ရုံးထုတ်

ဟောင်ကောင်တွင် အင်ဒိုနီးရှား အိမ်အကူလုပ်သား အတော်များများကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အလှဖန်တီး ရှင်ဟောင်း လော်ဝမ်တန်ကို ဒီနေ့ တရားရုံးထုတ်လာပါတယ်။ဒါဟာ ဟောင်ကောင်မြို့ အတွင်း နိုင်ငံခြား သား အိမ်အကူလုပ်သား ၃ သိန်းလောက် အတွက် အားကိုးရာ ဖြစ်လာပါတယ်။
အလှဖန်တီးရှင်ဟောင်း လော်ဝမ်တန်ဟာ အိမ်အကူ အတော်များများကို ဒဏ်ရာရစေမှု၊ စော်ကားမှုနဲ့ ရာဇ၀တ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေအပါအ၀င် စွဲချက် ၇ ချက်ကို ရင်ဆိုင်နေရပါတယ်။

သူမရဲ့ အိမ်အကူတွေထဲက အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာရဲ့ အမှုကတော့ ဒီနှစ် အစောပိုင်းမှာ လူသိရှင်ကြား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဇန်န၀ါရီလက သူ့ကို ဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် မေ ၂၀ ရက်နေ့မတိုင်မီအထိ အမှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။

တရားရုံးအပြင်မှာတော့ ဆန္ဒပြသူ အယောက် ၂၀ လောက်က “အလုပ်သမားတွေ ဖြစ်တယ်၊ ကျွန်တွေ မဟုတ်ဘူး” လို့ ကြွေးကြော်နေ ကြပါတယ်။

ဒီအမှုဟာ ဟောင်ကောင်လို တရားဥပဒေစိုးမိုး လိုက်နာတဲ့နေရာမှာ ဖြစ်ခဲ့တာ အံ့သြစရာပဲလို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (amnesty international)ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ရောဘတ်ဂေါ့ဒန်က ပြောပါတယ်။

တိုင်းမ်မဂ္ဂဇင်းကတော့ အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာကို ကမ္ဘာ့သြဇာအရှိဆုံး လူ အယောက် ၁၀၀ စာရင်းမှာထည့်သွင်းခဲ့ပြီး အခွင့်အရေးအတွက် ပြန်တိုက်တဲ့ ရွှေ့ပြောင်း လုပ်သားအဖြစ် ဖော်ပြခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List