ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပပြုလုပ်နေတဲ့ ရခိုင်အမျိုးသား ညီလာခံကနေ ရခိုင်ပြည်နယ်အတွင်း သဘာဝ သယံဇာတအရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရက်စနစ်ဆိုင်ရာ ကိစ္စရပ်တွေအပြင် ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရေးကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်အမျိုးသားညီလာခံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရခိုင်ပြည် နယ် အစိုးရအဖွဲ့ အပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ နိုင်ငံရေပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေတက် အားလုံး ၈၀၀ ကျော်နဲ့ ပြည်သူ ၁၀၀၀ ကျော် တက်ရောက်ရောက်ခဲ့ကြကြောင်း ရခိုင်အမျိုးသား ညီလာခံက ကော်မတီဝင် တစ်ဦးကပြောပါတယ်။
အခုကျင်းပနေတဲ့ ညီလာခံဟာ ရခိုင်ပြည်နယ်တစ်ခုတည်း သာမကပဲ ပြည်ထောင်စု တစ်ခုလုံးအတွက် အရေးပါကြောင်း၊ ရခိုင်မှာ အခွင့်အလမ်းတွေ ရှိလာသလို စိန်ခေါ်မှုအသစ်တွေကလည်း ရှိလာနေတဲ့အကြောင်း၊ စိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်ဖို့အတွက် ပြည်သူလူထုအပါအ၀င် အရပ်ဘက်နဲ့ အစိုးရတို့ ပူးပေါင်းပြီး ဖြေရှင်းဖို့လိုကြောင်း ညီလာခံကျင်းပရေးကော်မတီ ဥက္ကဌ ဦးကျော်ငြိမ်း ကဆိုပါတယ်။
အခုကျင်းပတဲ့ ရခိုင်အမျိုးသား ညီလာခံကို ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်တစ်ဥင်္ီးဖြစ်တဲ့ ဦးအေး သာအောင်လည်း တက်ရောက်သလို ညီလာခံ နောက်ဆုံးနေ့ ပိတ်ပွဲကျရင်လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းလည်း တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ညီလာခံဖွင့်ပွဲပထမနေ့မှာတော့ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင် အပါအဝင် ပြည်နယ် ဝန်ကြီးတွေ၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။
ABC

No comments:
Post a Comment