Friday, May 02, 2014

ရခိုင် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြော ကြားခဲ့ ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ရခိုင်အမျိုးသား ညီလာခံ နောက်ဆုံးနေ့မှာ နာယက သူရဦးရွှေမန်းက အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့နိုင်ငံမှာလည်း ဖယ်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးပြီးတော့ ကိုယ့်နိုင်ငံကို ဖွဲ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ရမယ် ဆိုတဲ့ သုံးသပ်ချက်အရ အဲ့လိုသုံးသပ်ချက်ရတဲ့ထဲမှာ ကျနော်တို့နိုင်ငံ ၊ကျနော် တို့အခြေအနေ ကျနော်တို့သမိုင်းကြောင်း၊ကျနော်တို့ ပထဝီအနေအထားအရ ကျနော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေရှိသော ဖယ်ဒရယ်ဒီမိုကရေစီ ကျင့်သုံးရမယ်၊အဲ့ဒီအတွက် ဒီနေ့ ရခိုင်အမျိုးသားညီလာခံ က ပေါ်ထွက်လာ တဲ့ ဆွေးနွေးချက်တွေ၊ဖော်ထုထ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ဟာ ပြည်ရခိုင် ပြည်နယ် အတွက် ဒီဟာဟာတော်တော်လေး ပြည့်ပြည့် စုံစုံရှိပါတယ်၊ တစ်ချို့ပြည်နယ်တွေလည်း သူတို့ရဲ့ ထူးခြား ချက်ပေါ် မူတည်င်္ပြီးတော့ ဒီလိုဖော်ထုတ်သုံးသပ်ပါတယ်၊ ဒီလိုအားလုံး ထွက်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ကျနော်တို့နိုင်ငံ၊ကျနော်တို့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်သော ကိစ္စများဆက် လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်"

ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးဖို့ လိုအပ်သလို ရခိုင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း က တိုက်တွန်းပြော ကြားခဲ့ပါတယ်။

ဒီကနေ့ ရခိုင်အမျိုးသားညီလာခံနောက်ဆုံးနေ့မှာ တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့ စတဲ့ အချက်တွေအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးအတွက် မူဝါဒ အချက်ပေါင်း ၉၀ ကျော်ကို မူကြမ်းအနေနဲ့ရေးဆွဲနိုင်ခဲ့ပါတယ်။ 
 
အဲ့ဒီမူကြမ်းကို မနက်ဖြန်မှာ အတည်ပြုထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

RFA

No comments:

Post a Comment

My Blog List