Friday, May 02, 2014

လယ်တီ သိမ်တော်နဲ့ စေတီကို ဖြိုဖျက်လိုက်ပြီ


တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက်ပြီလို့  သတင်းရရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  ဒေသခံ ဆရာတော် အရှင်စန္ဒာသီရိ က မိန့်ပါတယ်။

"လုပ်ကွက်ထဲမှာပါတဲ့ ဦးဇင်းတို့လိုတစ်ယောက်ပေါ့နော် သူကနေပြီးတော့ ဘုရားပန္နတ်တွေကို မနေ့ညကပဲ ဖျက်ဆီးပလိုက်ပြီ ငုတ်တိုတွေပဲ ကျန်တော့ တယ်လို့ သတင်းလှမ်းပို့တယ်ဗျ "

အဲဒီ လယ်တီသိမ်ကိုမဖျက်ဆီးဖို့ ဒေသခံတွေ ကန့်ကွက်တောင်းဆိုခဲ့ကြသလို၊ စုံစမ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာလဲ စီမံကိန်းမလွတ်လို့ ဆိုရင် မူလပုံစံ မပျက်ရွှေ့ ပြောင်းပေးရမယ်လို့  အကြံပြုထား ပါတယ်။

ဒါပေမယ့် ဒေသခံလူထုရော၊ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုပါ လျစ်လျူရှုပြီး ဖြိုချလိုက်တာဖြစ် တယ်လို့ ဒေသခံ ဆရာတော် အရှင်စန္ဒာသီရိ ကမိန့်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List