Friday, May 02, 2014

နိုင်ငံတကာအဆင့်မီ ကင်းထောက်များဖြစ်အောင် လေ့ကျင့်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကင်းထောက်မောင်မယ်စခန်းသို့ သွားရောက်၍ ကင်းထောက်မောင်မယ် များအား တွေ့ဆုံ အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားသဘာဝဥယျာဉ်တွင် ဖွင့်လှစ် ထားသည့် ကင်းထောက်မောင်မယ်စခန်းသို့ရောက်ရှိရာ ကင်းထောက်လူငယ်မောင်မယ်များက ကြိုဆို ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ကင်းထောက်ကြီးများ ဖြစ်ကြသည့် ဦးတင်ညို၊ ဦးသာစိန်၊ ဦးအောင်ကြည်နှင့် ကင်းထောက်အလံကိုင်အဖွဲ့ခေါင်းဆောင် ဦးအေးကြိုင်တို့ ရှေ့မှောက်၌ ကင်းထောက်အလံကိုကိုင်ပြီး ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆိုကတိပြုကာ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့၏ ကင်းထောက်ချုပ်အဖြစ်ခံယူသည်။

ယင်းနောက် မြန်မာနိုင်ငံကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ် နိုင်ငံတော်သမ္မတကြီးအား ကင်းထောက် မောင်မယ်များက ကင်းထောက်အလေးပြုနည်းဖြင့် အလေး ပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကင်းထောက် မောင်မယ်များ၏ ကင်းစိတ်အလိုက်စခန်းချစွမ်းဆောင်မှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ကင်းထောက် မောင်မယ်များအား အမှာစကားပြောကြားရာတွင် ကင်းထောက်မောင်မယ်များ ကျန်းမာပျော်ရွှင်စေရန် ဆုမွန် ကောင်းတောင်းပါကြောင်း၊ ယခုကဲ့သို့ လာရောက်တွေ့ဆုံ ခြင်းသည် နိုင်ငံတော်သမ္မတအနေဖြင့်သာမက လုပ်ဖော် ကိုင်ဖက်ကင်းထောက် နာယကအနေဖြင့်ပါ လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် အနာဂတ် ၏ ခေါင်းဆောင်များ၊ ပညာရှင်များ၊ ဝန်ကြီးများ၊ နိုင်ငံ အကြီးအကဲများအဖြစ် တာဝန်ယူ ကြမည့် မျိုးဆက် သစ်များဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း ၊ နေပြည် တော် တွင် မောင်တို့မယ်တို့အပါအဝင် စွမ်းဆောင်ရှင်များ၊ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီမောင်မယ် များကို နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း။

ပြင်ဦးလွင်စခန်းသိမ်းပြီးသည် နှင့် နေပြည်တော်သို့ သွားရောက် ကြမည်ဖြစ်သည့်အတွက် နာယက ကိုယ်တိုင် မောင်တို့မယ်တို့ကို လာရောက်ကြိုဆိုခေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်၏အနာဂတ် သည် မောင်တို့မယ်တို့လက်တွင် ရှိပါကြောင်း၊ အနာဂတ်ကောင်းရန် အတွက် မောင်တို့မယ်တို့ ဗလငါးတန် နှင့် ပြည့်စုံရန်လိုပါကြောင်း၊ ထို့ ကြောင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် အတွက် ပြုစု ပျိုးထောင်နေခြင်းဖြစ်ပါကြောင်း။ကင်းထောက် လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေးမစွက်ဖက်သော မွန်မြတ် သည့် လူမှုရေးလုပ်ငန်း သက်သက် ဖြစ်ပါကြောင်း၊ ကင်းထောက်လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်သည် တာဝန်သိသော နိုင်ငံသားတစ်ယောက်ဖြစ်အောင် လေ့ကျင့်တည်ဆောက်ပေးခြင်းပင် ဖြစ်ပါကြောင်း။

မောင်တို့မယ်တို့ကို ကိုယ်ကျင့် တရား ကောင်းအောင်၊ မိမိကိုယ် မိမိအားကိုးအောင်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ အမိန့်နှင့် သွန်သင်မှုများကို နာခံ တတ်အောင်၊ နိုင်ငံတော်ကို ချစ်မြတ် နိုးပြီး သစ္စာစောင့်သိတတ်အောင်၊ လူမှုရေးကိစ္စများတွင် ကျွမ်းကျင် အောင်၊ အခြားသူများအတွက်ပါ အသုံးဝင်သည့် နိုင်ငံသားတစ်ဦးဖြစ် အောင် လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ကင်းထောက်များသည် သဘာဝနှင့် ပတ်ဝန်းကျင်ကိုလေ့လာရန်၊ ကြင်နာ စိတ်မွေး ရန်၊ တွေ့သမျှလူကို မိတ်ဆွေ အဖြစ် သဘောထားနိုင်ရန်လိုပါ ကြောင်း၊ ယူနီဖောင်းဝတ်ထားသော်လည်း လူမှုရေးလုပ်ငန်းဆောင်ရွက်သူသာဖြစ်ပါကြောင်း၊ ကင်းထောက် တို့၏ ဆောင်ပုဒ်ဟာ 'အစဉ်အသင့်' (Be Prepared) ဖြစ်ပါကြောင်း။ကင်းထောက်သမိုင်းကို ပြန်ကြည့်လျှင် ကင်းထောက်အဖွဲ့ကို ဗြိတိန် နိုင်ငံသား ဗိုလ်မှူးကြီးရောဘတ်ဗေ ဒန်ပိုဝဲလ်က ၁၉ဝ၇ ခုနှစ်တွင် လူ ၂ဝ နှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ၎င်းကိုယ်တိုင် မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ဖူးပါကြောင်း၊ မြန်မာ နိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်တွင် ကင်းထောက်အဖွဲ့ကိုစတင်ဖွဲ့စည်း ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မိမိတို့နိုင်ငံတွင် ကင်းထောက်လုပ်ငန်း များ ဖွံ့ဖြိုးခဲ့ပါကြောင်း၊ နိုင်ငံ၏ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက် သည် ကင်းထောက်အသင်း၏ နာယကဖြစ်သကဲ့သို့ သမ္မတကြီး ဒေါက်တာဘဦး၊ မန်းဝင်းမောင်နှင့် ဝန်ကြီးချုပ် ဦးနုတို့သည်လည်း ကင်းထောက်အသင်း၏ နာယကကြီး များဖြစ်ပါကြောင်း။

အမျိုးသမီးကင်းထောက်အသင်း ကိုမူ ၁၉၁၆ ခုနှစ်တွင့်ျွှဃဗ ခရစ်ယာန် အမျိုးသမီးအသင်းက အမျိုးသမီး ၃ဝ နှင့် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက် တိုင်းပြည်မတည်ငြိမ်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရာမှ ၁၉၅ဝ ခုနှစ် တွင် ဝန်ကြီးချုပ် ဦးနု၏ဇနီး ဒေါ်မြရီ က ဥက္ကဋ္ဌ တာဝန်ယူပြီး ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် သည်လည်း ကင်းထောက်ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါကြောင်း၊ စာရေး ဆရာမကြီးဒေါ်မြလေး(ဒေါ်သိန်းဆိုင်)၊ ဒေါ်စောမုံညင်း (ဒေါ်ရင်ရင်)၊ စစ်ကိုင်းမြို့သူ ဒေါ်ကြည်ကြည်တို့ သည်လည်း ထင်ရှားသော ကင်းထောက်အဖွဲ့အကြီးအကဲ များ ဖြစ်ခဲ့ပါကြောင်း။

၁၉၆၂ ခုနှစ်တွင် ကင်းထောက် အဖွဲ့လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး နောက် နှစ်ငါးဆယ်ကျော် မိမိတို့ အစိုးရလက်ထက်တွင် အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ သင်တန်းသား ၉၈ ဦးကို ရန်ကုန်တွင် အခြေခံသင်တန်း များ ပေးခဲ့ပါ ကြောင်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၁၈ မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၈ဝဝ ဖြင့် စတင်ဖွဲ့စည်းခဲ့ ပါကြောင်း၊ ယခု အင်အား နှစ်ထောင်ရှိပြီဖြစ်ပါ ကြောင်း။၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွင် မြန်မာနိုင်ငံ ကင်းထောက်ကြီး များ တွေ့ဆုံပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကင်းထောက်လူငယ် တွေ့ဆုံပွဲ(ဲောဘသမနန)ကို နေပြည် တော်တွင် ၂ဝ၁၃ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့ရာ ကင်းထောက်လူငယ် ၄၈ဝ တက်ရောက်ခဲ့ပါကြောင်း၊ ဧပြီ ၈ ရက်တွင် ဘက်စုံထူးချွန်မောင်မယ် များ၊ ကြက်ခြေနီလူငယ်များနှင့် ကင်းထောက်လူငယ်များကို နိုင်ငံတော် သမ္မတက ဂုဏ်ပြုအမှာစကားပြော ကြားခဲ့ပါကြောင်း၊ ယခုလည်း မေ ၃ ရက်တွင် နေပြည်တော်သမ္မတ အိမ်တော်၌ တွေ့ဆုံရန် စီစဉ် ထားပြီး ဖြစ်ပါကြောင်း။

မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ တကာအဆင့်အတန်းမီ ကင်းထောက် များဖြစ်အောင် လေ့ကျင့်ကြ ရန်၊ နိုင်ငံ တော်အတွက် ဒုတိယမျိုးဆက်သစ် အဖြစ် ဗလငါးတန်နှင့် ပြည့်စုံသော ကင်းထောက်မောင် မယ်များဖြစ် အောင် ကြိုးစားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။ထို့နောက် နိုင်ငံတော် သမ္မတအား ကင်းထောက်လူငယ် မောင်မယ်များ က အမှတ်တရလက်ဆောင်ကို ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ကင်းထောက်မောင်မယ်စခန်း ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ကင်းထောက် ကြီးများ၊ ကင်းထောက်မောင်မယ်များ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

အဆိုပါ ကင်းထောက်မောင်မယ် စခန်းတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများမှ အမျိုးသား အမျိုးသမီး ကင်းထောက်မောင်မယ် စုစုပေါင်း ၄၉ဝ နှင့် ကြီးကြပ်ဆရာ ဆရာမ ၈ဝ စုစုပေါင်း ၅၇ဝ တို့က ဧပြီ ၂၉ ရက်မှစတင်၍ စခန်းချ လျက်ရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ကင်းထောက် လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်း နှင့် ကင်းထောက်ကင်းစိတ်များ အလိုက် စွမ်းရည်များပြသခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

Myanmaalinn

No comments:

Post a Comment

My Blog List